ရန်ကုန် - ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာသူများကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ခြင်း (Quaratine) ထားရှိရေး ဧရာဝတီဘဏ်သင်တန်းကျောင်းနှင့် ရန်ကုန်ဘောလုံးအကယ်ဒမီတို့၌ ထားရှိရန်ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြင်ဆင်ထားသည်။

တာမွေမြို့နယ်ရှိ ဧရာဝတီဘဏ်သင်တန်းကျောင်းတွင် အခန်း ၈၅ ခန်း နှင့် သုဝဏ္ဏရှိ ရန်ကုန် ဘောလုံးအကယ်ဒမီကျောင်းတွင် အခန်း ၃၀ ကျော် စုစုပေါင်း အခန်း ၁၀၀ ကျော်၌ လူဦးရေ ၁၅၀ ထားရှိနိုင်မည် ဖြစ်သည်။


လက်ရှိတွင် ယင်းနေရာ နှစ်ခုကို ဦးဇော်ဇော်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတာဝန်ရှိ သူများ သွားရောက်ကြည့်ရှုကာ အခန်းပြင်ဆင်နေကြောင်း ဧရာဝတီဘဏ် ပူးပေါင်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်မျိုးစောက ပြောသည်။

" ဧရာဘဏ်သင်တန်းကျောင်းနဲ့ ဘောလုံးအကယ်ဒမီမှာ ပြည်ပက မြန်မာကို ပြန်လာသူတွေကို ၁၄ ရက်ကြာ ထားရှိနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ လူဦးရေ ၁၅၀ ထားနိုင်ဖို့ မှန်းထားတယ်။ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း လာစစ်သွားတယ်။ အခန်းအားလုံးလည်း ကျန်းမာ သန့်ရှင်းစေဖု့ိ သေချာပြင်ဆင်ထားပါတယ် " ဟု ဦးအောင်မျိုးစောက ပြောသည်။


ထို့အပြင် ထပ်မံလိုအပ်ပါက သုဝဏ္ဏဘောလုံးကွင်းအနီးရှိ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ ထားရှိရာ အဆောင်များကိုလည်း ထပ်မံပြင်ဆင်မည် ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောသည်။

COVID-19 ဖြစ်ပွားနေသည့် နိုင်ငံများမှ ဝင်ရောက်လာသူအားလုံးကို ၁၄ ရက်ကြာ သီးခြားထားရှိမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Ayeyarwady Foundation/7day

Zawgyi

ရန္ကုန္ - ျပည္ပႏိုင္ငံမ်ားမွ ျမန္မာႏိုင္ငံသို႔ ျပန္လာသူမ်ားကို ၁၄ ရက္ၾကာ အသြားအလာကန႔္သတ္ျခင္း (Quaratine) ထားရွိေရး ဧရာဝတီဘဏ္သင္တန္းေက်ာင္းႏွင့္ ရန္ကုန္ေဘာလုံးအကယ္ဒမီတို႔၌ ထားရွိရန္ဧရာဝတီေဖာင္ေဒးရွင္း ဥကၠ႒ ဦးေဇာ္ေဇာ္က ျပင္ဆင္ထားသည္။

တာေမြၿမိဳ႕နယ္ရွိ ဧရာဝတီဘဏ္သင္တန္းေက်ာင္းတြင္ အခန္း ၈၅ ခန္း ႏွင့္ သုဝဏၰရွိ ရန္ကုန္ ေဘာလုံးအကယ္ဒမီေက်ာင္းတြင္ အခန္း ၃၀ ေက်ာ္ စုစုေပါင္း အခန္း ၁၀၀ ေက်ာ္၌ လူဦးေရ ၁၅၀ ထားရွိႏိုင္မည္ ျဖစ္သည္။

လက္ရွိတြင္ ယင္းေနရာ ႏွစ္ခုကို ဦးေဇာ္ေဇာ္ႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတာဝန္ရွိ သူမ်ား သြားေရာက္ၾကည့္ရႈကာ အခန္းျပင္ဆင္ေနေၾကာင္း ဧရာဝတီဘဏ္ ပူးေပါင္းေဆာင္႐ြက္ေရး ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးေစာက ေျပာသည္။

" ဧရာဘဏ္သင္တန္းေက်ာင္းနဲ႔ ေဘာလုံးအကယ္ဒမီမွာ ျပည္ပက ျမန္မာကို ျပန္လာသူေတြကို ၁၄ ရက္ၾကာ ထားရွိႏိုင္ဖို႔ ျပင္ဆင္ထားပါတယ္။ လူဦးေရ ၁၅၀ ထားႏိုင္ဖို႔ မွန္းထားတယ္။ က်န္းမာေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြလည္း လာစစ္သြားတယ္။ အခန္းအားလုံးလည္း က်န္းမာ သန႔္ရွင္းေစဖု႔ိ ေသခ်ာျပင္ဆင္ထားပါတယ္ " ဟု ဦးေအာင္မ်ိဳးေစာက ေျပာသည္။

ထို႔အျပင္ ထပ္မံလိုအပ္ပါက သုဝဏၰေဘာလုံးကြင္းအနီးရွိ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းမ်ား ထားရွိရာ အေဆာင္မ်ားကိုလည္း ထပ္မံျပင္ဆင္မည္ ျဖစ္ေၾကာင္း ေဘာလုံးအဖြဲ႕ခ်ဳပ္ မီဒီယာ ဒါ႐ိုက္တာ ဦးေဇာ္မင္းထိုက္က ေျပာသည္။

COVID-19 ျဖစ္ပြားေနသည့္ ႏိုင္ငံမ်ားမွ ဝင္ေရာက္လာသူအားလုံးကို ၁၄ ရက္ၾကာ သီးျခားထားရွိမည္ ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၁၆ ရက္တြင္ ထုတ္ျပန္ထားသည္။

ဓာတ္ပုံ - Ayeyarwady Foundation/7day

Post a Comment

Previous Post Next Post