Unicode

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

ဧပြီလကုန်အထိကာလအတွင်း COVID-19 ရောဂါမြန်မာပြည်မှာမပြန့်ပွားအောင် တင်းတင်းကျပ်ကျပ်သေသေချာချာစိစစ်လုပ်ဆောင်ဖို့၊ သင်္ကြန်မဏ္ဍပ်ကြီးများနဲ့ ရုပ်ရှင်ရုံအပါအဝင် လူစုလူဝေးတွေကို April လကုန်အထိ မကျင်းပကြပဲ ကူးစက်မှုကိုရှောင်ရှားကြဖို့၊ လူထုကို ကျန်းမာရေးအသိပညာတတ်အားသ၍ ပေးနိုင်ဖို့နဲ့ COVID-19 ကပ်က ရိုက်ခတ်လာမယ့် လူမှုရေးစီးပွားရေး အကျိုးဆက်တွေ ကို ကိုင်တွယ်ဖြေရှင်းရန်ကြိုတင်ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ ပါတယ်။

ဆက်လက်ပြီးနိုင်ငံတကာသတင်းများကို တင်ပြပါမယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ချောင်းဆိုးနှာစေးထားတဲ့လေအမှုန်ထဲမှာ ၃ နာရီအထိ၊ ကြေးသတ္တုအပေါ်မှာ ၄ နာရီအထိ၊ စက္ကူပုံးအပေါ်မှာ ၂၄ နာရီအထိ၊ ပလတ်စတစ်နဲ့ စတီးမျက်နှာပြင်တွေအပေါ်မှာ ၂ ရက်ကနေ ၃ ရက်အထိနေနိုင်တယ်လို့ Princeton တက္ကသိုလ်က လေ့လာမှုတစ်ခုမှာ တွေ့ရပါတယ်။

ကမ္ဘာ့နိုင်ငံများမှာ COVID-19 Test Kit ရောဂါစမ်းသပ်စက် မလုံလောက်မှုတွေ ဖြစ်ပွားနေပါတယ်။

ဆွီဒင်မှာ COVID-19 Test စစ်တာရပ်လိုက်ပါတယ်။ ကိုရိုနာ လက္ခဏာတွေ့ရင်တောင်မှ ဆေးရုံတက်ရတဲ့ လူနာမဟုတ်ရင်၊ အရမ်းကြီးမဆိုးရင် စစ်မပေးပါဘူးတဲ့။ test kit ချွေတာရပုံ ပေါ်ပါတယ်။

အမေရိကန်မှာ Test Kit စုစုပေါင်း ၁၆၀၃၀ ပဲရှိသေးပြီး အခုရေ ၁ သန်းအမြန်ဆုံးလိုအပ်နေပါတယ်။ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၇၁၆ ယောက်, သေသူ ၄၁ ယောက်နှင့် အသစ်တွေ့ရှိသူ ၄၁၅ ယောက်ရှိပါတယ်။

တောင်ကိုရီးယားဟာ Test Kit ပေါင်း ၂ သိန်းကျော် ထုတ်လုပ်ပြီး ရောဂါကူးစက်မှုကို အမြန်ဖော်ထုတ်ကာ စစ်ကြေငြာပြီး ထိန်းချုပ်ခဲ့တာပါ။ Test kit အရေအတွက်ဟာ ရောဂါထိန်းချုပ်ရေးမှာ အလွန်အရေးပါပါတယ်။

နိုင်ငံအတော်များများမှာ အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေက ကြိုတင်ကာကွယ်မှု အနေနဲ့ နိုင်ငံအဝင်ကို ကန့်သတ်ပိတ်ပင်ခြင်းတွေ လုပ်လာကြပါတယ်။ ရောဂါဖြစ်ပွားရာနိုင်ငံကနေ ပြည်တွင်းကို ကူးစက်မှုက နိုင်ငံတိုင်းလိုလိုမှာ ဖြစ်နေတာ ပါ။

အမေရိကန်က ဥရောပက အဝင်ကို မတ်လ ၁၃ ရက်မှစပြီး ယာယီပိတ်လိုက်ပါတယ်။ အင်္ဂလန်နဲ့ အိုင်ယာလန်မပါပါ။ ပြည်တော်ပြန် အမေရိကန်နိုင်ငံသားတွေကို သတ်မှတ် လေဆိပ် ၁၃ ခုကနေဝင်ဖို့နဲ့ ပြန်ရောက်ရင် ကျန်းမာရေးစစ်ဆေးပါမယ်။ ၁၄ ရက်အိမ်ခြေချုပ်နေဖို့ ညွှန်ကြား ပါ တ ယ်။

အိန္ဒိယက မြန်မာနယ်စပ်တွေပိတ်ချကာ ဗီဇာကိုပယ်ဖျက်လိုက်ပါတယ်။ ဗုဒ္ဓဂါယာ ဘုရားဖူးတွေအတွက်အခက်အခဲတွေ ဖြစ်ပါမယ်။ နိုင်ငံတော်တော်များများမှာ ကျောင်းတွေ၊ တက္ကသိုလ်တွေ စပိတ်နေကြပါပြီ။ အီတလီကတော့ ရှိရှိသမျှ အလုပ်ရုံးတွေ ပိတ်ချထား တာပါ။

ယနေ့အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံ မှာ COVID-19 ရောဂါပိုးတွေ့သူ စုစုပေါင်း တစ်သိန်းသုံးသောင်းငါးေ ထာင် နီးနီးရှိပါပြီ။

ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ ၁၃၄၆၇၀ ယောက်၊ သေသူ ၄၉၇၃ ယောက်။ ပြန်ကောင်းသူ ၆၉၁၄၂ ယောက်ရှိပါပြီ။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် ၁၀% က အသည်းအသန်ဖြစ်ပါတယ်။ ၁၆% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ Case ၇၄၁၁၅ ခု မှာ ၆၉၁၄၂ ပြန်ကောင်းပြီး ၄၉၇၃ ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက ၇% ကို တက်လာပါတယ်။

တရုတ်နိုင်ငံမှာ တွေ့သူ ၈၀၇၉၇, သေသူ ၃၁၇၀ ယောက်၊ တရုတ်တပြည်လုံးမှ အသစ်တွေ့တာ အလွန်နည်းလာပါ တယ်။

တရုတ်ပြည်ပြင်က အဖြစ်အမာျးဆုံး နိုင်ငံ (၄)ခုကေ တာ့…

အီတလီ တွေ့သူ ၁၅၁၁၃, သေသူ ၁၀၁၆, မနေ့က ၂၆၅၁ အသစ်တွေ့ပါတယ်။ အီရန် တွေ့သူ ၁၀၀၇၅, သေသူ ၄၂၉, ၁၀၀၀ ကျော် ထပ်တွေ့ပါတယ်။ တာင်ကိုရီးယား တွေ့သူ ၇၉၇၉, သေသူ ၆၇, ၂၂၄ အသစ်တွေ့ပါတယ်။ စပိန် တွေ့သူ ၃၁၄၆, သေသူ ၈၆, ၈၆၉ အသစ်တွေ့ပါတယ်။

Richard Myo Thant

Zawgyi

Post a Comment

Previous Post Next Post