တစ်ဦးတစ်ယောက်ရဲ့ပေါ့ဆမှုနောက်မှာ စတေးရမယ့်ဘဝတွေအများကြီးရှိတယ်”””

ဒီအချိန်မှာစိတ်အပူဆုံးလို့ပြောရရင် ကျန်းမာရေးက ဆရာဝန် သူနာပြု ဆေးလောကသားတွေပဲ,,,
ဒီလောက်တောင် ပိုးရှိနေရက်အသိခေါင်းပါးနေကြသူတွေတွေ့ရတာလည်း စိတ်မသက်သာစရာ,,
ပညာတွေတတ် အတွေ့အကြုံတွေသတင်းတွေသိနေပါလျက် quarantineကို မလိုက်နာကြတဲ့သူတွေတွေ့ရတာလည်း စိတ်မသက်သာဘူး…
ရှေ့တန်းက ဘာကိုမှစိတ်မပူနိုင်ပဲ အကာကွယ်ပစ္စည်းမလုံမလောက် (လှူလို့ဖြည့်လို့မနိုင်) ကြပဲ ဖြစ်သလို တိုက်ပွဲဝင်နေကြရတာမှအားမနာ,,,
🙏အိမ်မှာနေလို့ရသူ အိမ်မှာနေပါ,,,
🙏မဖြစ်မနေထွက်ရမယ့်သူ physical distancing, hand washing, အိမ်ပြန်လာရင်လိုက်နာရမှာတွေအလေးထား လုပ်ပေးကြပါ,,,


🙏တခြားနိုင်ငံကပြန်လာရင် လူကောင်းပုံဘယ်လိုပေါက်ပေါက် သယ်ဆောင်လာသူဖြစ်နိုင်ပါလားဆိုတဲ့အသိနဲ့quarantineမှာပူးပေါင်းပေးပါ (၁၄ရက်လေဟယ်)(နိုင်ငံရပ်ခြားမှာနေဖို့တောင် တစ်လကိုးတစ်တင်းကြိုးစားစောင့်ဆိုင်းကြရတာမဟုတ်လား,,တကယ်ဖြစ်ရင် ကိုယ်ရော ချစ်တဲ့မိသားစုပတ်ဝန်းကျင်ပါ ခံရမှာ မမေ့ပါနဲ့),,,
ပြောနေလည်း မလုပ်တဲ့သူက မလုပ်,,,
ကုပေးနေကြတဲ့ သူတွေပါ ကူးစက်လို့ ဆရာဝန်သူနာပြုတွေပါ ကူးစက်ခံရလို့ ရှေ့တန်းပါကျရင်တော့,,,🤭😥😱😱😱
ဒီကာလကိုတောင့်မခံနိုင်မယ့် တစ်နေ့လုပ်တစ်နေ့စားမိသားစုတွေ,,,
ဂေဟာအသီသီးက အလှူရှင်မျော်ရတဲ့ ကလေးငယ်တွေ , မသန်စွမ်းတွေ ,ဘိုးဘွားတွေ,,
ခွေးကြောင်ဂေဟာက ခွေးကလေးကြောင်ကလေးတွေ,,
🙏🙏🙏တွေးကြပါကွယ်,,,
ပြည်တော်ပြန်တွေမှာလည်းမိသားစုတွေရှိတယ်ဆရာဝန် သူနာပြုတွေမှာလည်းမိသားစုတွေရှိတယ်
တစ်နေ့လုပ်တစ်နေ့စား မိသားစုတွေမှာလည်းဘဝတွေရှိတယ်,,,,
ဒါကြောင့် မိမိတစ်ကိုယ်စာ ဆောင်သင့် ရှောင်သင့်တာတွေလိုက်နာရမှာဖြစ်သလို,, နိုင်ငံအပြင်ကလာသူတွေ နိုင်ငံတွင်းဝင်ရင် quarantineကြပ်ကြပ်မတ်မတ်လိုက်နာလုပ်ဆောင်ပေးပါ,, (လိုက်နာကြတဲ့သူတွေကိုလည်းတကယ်ကိုလေးစားရပါတယ်🙏)
နိုင်ငံတော်အဆင့်planတွေလည်းစီစဥ်ညွှန်ကြားစရာတင်းကြပ်စရာတွေကို လုပ်ဆောင်ရတော့မှာပါ,,
“တစ်ဦးတစ်ယောက်ရဲ့ပေါ့ဆမှူနောက်မှာ စတေးရမယ့်ဘဝတွေ အများကြီးပါနော်,,,,”

P.s ဒီကြားထဲ ရာသီတုပ်ကွေးလာချိန်ကိုရင်လေးတယ် COVIDရယ် ရာသီတုပ်ကွေးရယ် overlapဖြစ်ချိန်ကတော့ မရှုမလှပဲဟေ့😱😱😱😱😱

Credit Chit Thu Wai

Post a Comment

Previous Post Next Post