Unicode

ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး နာမည်ကြီး ကစားသမား စီရော်နယ်လ်ဒိုဟာ ပေါ်တူဂီမှ သူပိုင်သည့်ဟော်တည်များကို ကိုရိုနာဗိုင်းရပ်စ် ဆေးရုံများအဖြစ် မကြာခင်အချိန်အတွင်းပြောင်းလဲပေးပြီး အခမဲဆေးကုသမှုပါ ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဆေးရုံမှာ လာရောက် ကုသပေးတဲ့ ဆရာဝန်များ၊ သူနာပြုများနှင့် ဆေးရုံလုပ်သားများအားလုံး၏ လစာများကိုပါ ရော်နယ်လ်ဒိုမှ ပေးသွားမည်ဖြစ်ကြောင်း မာကာသတင်းစာက ဖော်ပြထားပါတယ်။
ပေါ်တူဂီနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၂ ဦးအထိရှိနေပြီး နောက်ထပ် ပြန့်ပွားမှုမရှိစေရေးအတွက် အစိုးရမှ အစွမ်းကုန်ကြိုးပမ်းအားထုတ်နေပါတယ်။ ပေါ်တူဂီနှင့် နယ်ချင်းစပ် စပိန်နိုင်ငံမှာတော့ လူအယောက် ၆၀၄၆ဦး အထိ ကူးစက်ပျံ့ပွားလျက်ရှိပြီး သေဆုံးသူဦးရေမှာ ၁၉၁ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ ဥရောပတိုက်မှာ အချိန်နှင့်အမျှမြှင့်တက်လျက်ရှိပြီး အလွန်စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေတစ်ခုကို ဆိုက်ရောက်နေပါတယ်။ ရော်နယ်လ်ဒို၏ အသင်းဖော် ရူဂါနီဟာ လွန်ခဲ့သည့်တပတ်က ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်ခံလိုက်ရသည့်အတွက် ရော်နယ်လ်ဒိုအပါအဝင် ဂျူဗင်တပ်စ်အသင်းသားများအားလုံးဟာ ဆေးစစ်ခဲ့ရပါတယ်။
ဒါပေမယ့် ကံကောင်းသည်က ရော်နယ်လ်ဒိုဟာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိဘူးလို့ အဖြေထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှ ဘီလျံနာသူဌေးအများစုဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့သလို၊ ရော်နယ်လ်ဒိုဟာလည်း သူ၏ ဟော်တည်များကို ဆေးရုံအဖြစ် ပြောင်းလဲပြီး ကူးစက်ခံ လူနာများကို အခမဲ့ဆေးကုသမှု ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ လာမည့်တပတ်အတွင်း စီရော်နယ်လ်ဒိုရဲ့ PestanaCR7 ဆိုသည့် ဟော်တည်ကို အရင်ဆုံး ဆေးရုံအဖြစ်ပြောင်းလဲပေးပြီး ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံလုပ်သားများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသပေးသွားမှာဖြစ်တယ်လို့ သူ့ရဲ့ တွစ်တာမှ တဆင့်ကြေငြာသွားခဲ့ပါတယ်။


Zawgyi

ေလးစားအတုယူဖြယ္ေကာင္းတဲ့ လုပ္ရပ္တစ္ခုကုိ ေဆာင္ရြက္ေတာ့မည့္ စီေရာ္နယ္လ္ဒို

ေဘာလံုးေလာကရဲ႕ အေအာင္ျမင္ဆံုး နာမည္ၾကီး ကစားသမား စီေရာ္နယ္လ္ဒိုဟာ ေပၚတူဂီမွ သူပုိင္သည့္ေဟာ္တည္မ်ားကုိ ကုိရုိနာဗုိင္းရပ္စ္ ေဆးရုံမ်ားအျဖစ္ မၾကာခင္အခ်ိန္အတြင္းေျပာင္းလဲေပးျပီး အခမဲေဆးကုသမႈပါ ေဆာင္ရြက္ေပးသြားမယ္လုိ႔သိရပါတယ္။ ဒါ့အျပင္ အဆုိပါ ေဆးရုံမွာ လာေရာက္ ကုသေပးတဲ့ ဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္ ေဆးရုံလုပ္သားမ်ားအားလံုး၏ လစာမ်ားကုိပါ ေရာ္နယ္လ္ဒိုမွ ေပးသြားမည္ျဖစ္ေၾကာင္း မာကာသတင္းစာက ေဖာ္ျပထားပါတယ္။

ေပၚတူဂီႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁၁၂ ဦးအထိရွိေနျပီး ေနာက္ထပ္ ျပန္႔ပြားမႈမရွိေစေရးအတြက္ အစိုးရမွ အစြမ္းကုန္ၾကိဳးပမ္းအားထုတ္ေနပါတယ္။ ေပၚတူဂီႏွင့္ နယ္ခ်င္းစပ္ စပိန္နုိင္ငံမွာေတာ့ လူအေယာက္ ၆၀၄၆ဦး အထိ ကူးစက္ပ်ံ႕ပြားလ်က္ရွိျပီး ေသဆံုးသူဦးေရမွာ ၁၉၁ ဦးအထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူဦးေရဟာ ဥေရာပတုိက္မွာ အခ်ိန္ႏွင့္အမွ်ျမွင့္တက္လ်က္ရွိျပီး အလြန္စိုးရိမ္ဖြယ္ေကာင္းသည့္ အေျခအေနတစ္ခုကုိ ဆုိက္ေရာက္ေနပါတယ္။ ေရာ္နယ္လ္ဒုိ၏ အသင္းေဖာ္ ရူဂါနီဟာ လြန္ခဲ့သည့္တပတ္က ကုိရုိနာဗုိင္းရပ္စ္ကုိ ကူးစက္ခံလုိက္ရသည့္အတြက္ ေရာ္နယ္လ္ဒိုအပါအဝင္ ဂ်ဴဗင္တပ္စ္အသင္းသားမ်ားအားလံုးဟာ ေဆးစစ္ခဲ့ရပါတယ္။

ဒါေပမယ့္ ကံေကာင္းသည္က ေရာ္နယ္လ္ဒိုဟာ ဗုိင္းရပ္စ္ကူးစက္ခံရျခင္းမရွိဘူးလုိ႔ အေျဖထြက္ေပၚလာခဲ့ပါတယ္။ ကမာၻတစ္ဝွမ္းမွ ဘီလ်ံနာသူေဌးအမ်ားစုဟာ ကုိရိုနာဗုိင္းရပ္စ္ကုိ တုိက္ဖ်က္ဖုိ႔အတြက္ ေဒၚလာသန္းေပါင္းမ်ားစြာ လွဴဒါန္းခဲ့သလုိ၊ ေရာ္နယ္လ္ဒုိဟာလည္း သူ၏ ေဟာ္တည္မ်ားကုိ ေဆးရုံအျဖစ္ ေျပာင္းလဲျပီး ကူးစက္ခံ လူနာမ်ားကုိ အခမဲ့ေဆးကုသမႈ ျပဳလုပ္ေပးသြားမွာျဖစ္ပါတယ္။ လာမည့္တပတ္အတြင္း စီေရာ္နယ္လ္ဒိုရဲ႕ PestanaCR7 ဆုိသည့္ ေဟာ္တည္ကုိ အရင္ဆံုး ေဆးရုံအျဖစ္ေျပာင္းလဲေပးျပီး ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ ေဆးရုံလုပ္သားမ်ားႏွင့္အတူ ကုိရိုနာဗုိင္းရပ္စ္ လူနာမ်ားကုိ ကုသေပးသြားမွာျဖစ္တယ္လုိ႔ သူ႔ရဲ႕ တြစ္တာမွ တဆင့္ေၾကျငာသြားခဲ့ပါတယ္။

Credit – Sports Village

Post a Comment

Previous Post Next Post