Unicode

စစ် ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ သောက်ကံကျေးရွာနေ အလယ်တန်းပြကျောင်းဆရာမတစ်ဦး မတ်(၁၁)ရက်နေ့ ညနေ ၃ နာရီခန့်က ၆၇/ယ-၆၂၃၀ HONDA 100 အမျိုးအစား အစိမ်းရောင်ဆိုင်ကယ်ဖြင့် ခင်ဦး-အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲစောင့်ပြီးအပြန် အလယ်သျှို၊အိုင်ပေါက်ကြီးနှင့်သောက်ကံလမ်းသုံးခွဆုံ၌ ဆိုင်ကယ်တစ်စီးနှင့် နှာခေါင်းစီးတပ်ထားသော အမည်မသိလူငယ် ၃ဦးက လူကိုရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားကြောင်း သတင်းရရှိသည်။

အဆိုပါ အရိုက်ခံရသော အလယ်တန်းပြကျောင်းဆရာမဒေါ်ယဉ်ယဉ်အေး သည် ဒဏ်ရာများပြင်ထန်စွာရရှိထားသဖြင့် ရွှေဘိုပြည်သူ့ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့အတွင်းလူနာအဖြင့်လွဲပြောင်းကုသလျက်ရှိကြောင်း သိရှိရပြီး၊ ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့နှင့်ရွှေဘိုခရိုင်ရဲတပ်ဖွဲ့တို့ချိတ်ဆက်၍ ၎င်းရိုက်နှက်ဆိုင်လုယူသွားသော တရားခံ(၃)ဦးအား အမြန်ဖမ်းဆီးရမိရေးအတွက် အပူတပြင်းဆောက်ရွက်နေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ သောက်ကံကျေးရွာနေ အလယ်တန်းပြကျောင်းဆရာမတစ်ဦး မတ်(၁၁)ရက်နေ့ ညနေ ၃ နာရီခန့်က ၆၇/ယ-၆၂၃၀ HONDA 100 အမျိုးအစား အစိမ်းရောင်ဆိုင်ကယ်ဖြင့် ခင်ဦး-အခြေခံပညာအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲစောင့်ပြီးအပြန် အလယ်သျှို၊အိုင်ပေါက်ကြီးနှင့်သောက်ကံလမ်းသုံးခွဆုံ၌ ဆိုင်ကယ်တစ်စီးနှင့် နှာခေါင်းစီးတပ်ထားသော အမည်မသိလူငယ် ၃ဦးက လူကိုရိုက်နှက်ပြီး ဆိုင်ကယ်လုယူသွားကြောင်း သတင်းရရှိသည်။

အဆိုပါ အရိုက်ခံရသော အလယ်တန်းပြကျောင်းဆရာမဒေါ်ယဉ်ယဉ်အေး သည် ဒဏ်ရာများပြင်ထန်စွာရရှိထားသဖြင့် ရွှေဘိုပြည်သူ့ဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့အတွင်းလူနာအဖြင့်လွဲပြောင်းကုသလျက်ရှိကြောင်း သိရှိရပြီး၊ ကန့်ဘလူခရိုင်ရဲတပ်ဖွဲ့နှင့်ရွှေဘိုခရိုင်ရဲတပ်ဖွဲ့တို့ချိတ်ဆက်၍ ၎င်းရိုက်နှက်ဆိုင်လုယူသွားသော တရားခံ(၃)ဦးအား အမြန်ဖမ်းဆီးရမိရေးအတွက် အပူတပြင်းဆောက်ရွက်နေကြောင်း သိရသည်။
လေးစားစွာဖြင့် ခရစ်ဒက် ……ချစ်စံ(ခင်ဦး)

Zawgyi





Post a Comment

Previous Post Next Post