လတ်တလောကမ္ဘာအနှံ့အပြားမှာ ခြိမ်းခြောက်မှုအားကောင်းနေစဲဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဒီနေ့မနက် (၇.၃၀)အချိန်ထိ စစ်တမ်းများအရ နိုင်ငံပေါင်း(၂၀၂) နိုင်ငံမှာ သေဆုံးသူ(၃၃၉၅၆) ယောက်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း တစ်ပတ်အတွင်း ကူးစက်ခံရသူ (၁၀) ယောက်အထိရှိလာခဲ့ပါပြီ။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာတောင် မထိန်းချုပ်နိုင်သေးတဲ့အပြင် ကုသပျောက်ကင်းမယ့်ဆေးလည်း ရေရေရာရာမထွက်ပေါ်လာသေးတာမို့ လူမှုကွန်ရက်မှာတော့ ဆေးမြီးတိုနည်းလမ်းတွေအပြင် ဗေဒင်နက္ခတ်ပညာရှင်တွေရဲ့ဟောစတမ်းတွေကို ယုံကြည်စွာ မျှဝေကြရင်း ကိုယ်ယုံကြည်ရာနဲ့ ကာကွယ်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။



လတ်တလောမှာတော့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး နက္ခတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ အသက်(၁၄) နှစ်အရွယ်အာနန်းရဲ့ ဟောကြားချက်ပျံ့နှံ့လို့နေပါတယ်။ သူကတော့ အိန္ဒိယနိုင်ငံရုပ်သံလိုင်းတွေမှာပါ ပါဝင်တဲ့အထိ နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး ရွှေဈေး၊ငွေဈေးနဲ့ အခြားသောခန့်မှန်းချက်တွေမှာ မယုံနိုင်လောက်အောင် အမြဲမှန်ကန်စွာ ခန့်မှန်းနိုင်သူလည်းဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း လွန်ခဲ့တဲ့ရှစ်လ (သြဂုတ်လ ၂၂ရက်) နေ့ကတည်းက ကြိုတင်ခန့်မှန်းချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ သူပြောထားတာကတော့ နိုဝင်ဘာ ၂၀၁၉ မှ ဧပြီ ၂၀၂၀ အထိ ကမ္ဘာကြီးဟာ အင်မတန်ခက်ခဲတဲ့အခြေအနေတစ်ရပ်ကို ရောက်ရှိမှာဖြစ်ပြီး ကမ္ဘာစစ် ဒါမှမဟုတ် ကမ္ဘာကပ်ဘေးအန္တရာယ်တစ်ခုနဲ့ တစ်ကမ္ဘာလုံးအင်မတန်စိတ်ညစ်ရလိမ့်မယ်လို့ ဟောကြားထားပါတယ်။ ဒါပေမယ့် မေလ ၂၉ ရက်နေ့ကစပြီး ကမ္ဘာကြီးဟာခက်ခဲမှုလမ်းကြောင်း ကနေ အဝေးကိုလှည့်ပတ်သွားမှာဖြစ်ပြီး ဒီကပ်ရောဂါရဲ့ အရှိန်ကျဆင်းသွားပြီး ထိန်းသိမ်းသွားနိုင်မယ်လို့ ဟောကြားထားခဲ့ပါတယ်။

ဒါ့အပြင် ဒါဟာကပ်ရောဂါနဲ့ လူသားမျိုးနွယ်ရဲ့ ထိပ်တိုက်စစ်ပွဲတစ်ခုလို့လည်း ဆိုပါတယ်။ ဂြိုလ်ပတ်လမ်းကြောင်းတွေရဲ့ အနေအထားအရ ဒီဗိုင်းရပ်စ်ပိုးကတော့ မနက်ဖြန်မတ်လ(၃၁)ရက်နေ့မှာ အားကောင်းလာမှာပါ။ မတ်လ(၃၁)နဲ့ ဧပြီ(၁)ရက်နေ့တွေမှာ နှာချေ၊ချောင်းဆိုးခြင်းတွေ အများဆုံးဖြစ်လာနိုင်ပြီး ရောဂါကူးစက်မှုနှုန်းများစေမယ်လို့ ဟောကြားခဲ့ပါတယ်။


ဒါကြောင့်မို့ မနက်ဖြန်နဲ့သန်ဘက်ခါကိုတော့ လုံးဝတစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်မနေတာ အကောင်းဆုံးလို့ ဆိုရမှာပါ ပရိသတ်ကြီးရေ… ဒီရောဂါလေးနဲ့ ဆက်စပ်ပြီး ကျသွားတဲ့စီးပွားရေးတွေကတော့ နိုဝင်ဘာ ၂၀၂၁ မှပြန်လည်ဦးမော့လာပါလိမ့်မယ်လို့လည်း ဟော ကြားခဲ့ပါသေးတယ်။ ဒီလိုအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်နီးနီးကပ်ကပ်မနေခြင်းက အရေးကြီးပေမယ့်လည်း မလိုက်နာသူတွေလည်း ရှိသေးတာကြောင့် မတ်(၃၁)နဲ့ ဧပြီ(၁)ရက်နေ့ကိုတော့ သတိကြီးကြီးထားနိုင်ဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Post a Comment

Previous Post Next Post