ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန်များ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် WeLoveYangon မှ ရောင်းချမည်

Covid-19 ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကူးစက်မှုသည် မြန်မာနိုင်ငံအတွင်းသို့လည်း ရောက်ရှိလာပြီဖြစ်သည်ကို အားလုံး အသိပင် ဖြစ်ပါသည်။

We Love Yangon COVID 19 စားနပ်ရိက္ခာ ပို့ဆောင်ကူညီရေး အဖွဲ့မှ ရန်ကုန်မြို့နေ ပြည်သူများ ရောဂါကူးစက်မှု နည်းနိုင်သမျှ နည်းစေရန် ရည်ရွယ်၍ ဆန်၊ ဆီ အစရှိသော အခြေခံ စားသောက်ကုန်များကို အသင့်ထုပ်ပိုးပြီး မူရင်းဈေးအတိုင်း အိမ်တိုင်ရာရောက် ရောင်းချပေးသွားမည် ဖြစ်ပါသည်။



ရန်ကုန်မြို့နေပြည်သူများ မိမိတို့ အိမ်အပြင်သို့ မထွက်ပဲ စိတ်အေးချမ်းသာစွာဖြင့် ကပ်ရောဂါဘေးကို ဖြတ်ကျော်နိုင်ရေးအတွက် ရည်ရွယ်၍ ရောင်းချပေးမည် ဖြစ်ပါသည်။

ပြင်ပပေါက်ဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးသွားပါမည်။


အိမ်ထောင်စု တစ်စုလျှင်
၁။ ဆန် ၆ ပြည် (ဧည့်မထ အသွယ်)
၂။ ဆီ ၅၀ သား တစ်ဘူး
၃။ ငါးသေတ္တာ ၅ ဘူး တစ်တွဲ
၄။ ကော်ဖီမစ် ၁၀ ထုပ် တစ်တွဲ
၅။ ကွေကာအုပ် ၅ ထုပ် တစ်တွဲ
၆။ ကြက်ဥ ၁၀ လုံး တစ်ကဒ်
၇။ အသင့်စား ခေါက်ဆွဲထုပ် ၅ ထုပ် တို့ ပါဝင်ပါမည်။

စုစုပေါင်း ၁၅၀၀၀ သာ ကျသင့်မည် ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ မိမိတို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ဦးဆောင်ဦးရွက်မှုဖြင့် သော်လည်းကောင်း မှာကြားဝယ်ယူနိုင်မည် ဖြစ်ပါသည်။

သက်ဆိုင်ရာ မြို့နယ်များ၏ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များမှလည်း အကူအညီပေးနိုင်ရန်အတွက် We ❤️ Yangon အဖွဲ့သို့ ဆက်သွယ်ပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။

စားသောက်ကုန်များ ဖြန့်ဖြူးပေးရန်အတွက် ပူးပေါင်းကူညီလိုသော လုပ်ငန်းရှင်များအားလည်း ဖိတ်ခေါ်အပ်ပါသည်။

We ❤️ Yangon Hot Line
ကိုကျော်ကျော်သန့် – 09426004442
ကိုဇော်ဝင်းခိုင် – 09798888386

Credit – Blacker

Post a Comment

Previous Post Next Post