အလွန်စိတ်ဝင်စားစရာ ကောင်းလှတဲ့ မြန်မာပြည်မှာ ဘာ့ကြောင့် ရောဂါပိုး မတွေ့သေးတာလဲ…
unicode
မိစ္ဆာ နဲ့ ဝိဇ္ဇာ လွန်ဆွဲပွဲ
မြန်မာပြည်မှာ ဘာ့ကြောင့် ရောဂါပိုး မတွေ့သေးတာလဲ….
ဒီကိစ္စက အလွန်စိတ်ဝင်စားစရာ ကောင်းလှတယ်…
လောက လူသားတွေဟာ အကြောင်းအကျိုး ဖြစ်စဉ်ကို လက်ခံနိုင်ကြမယ်ဆိုရင်တော့ အဖြေပေါ်မှာပါ…..
ဖန်ဆင်းရှင် နဲ့ကယ်တင်ရှင် ကိုးကွယ်ယုံကြည်သူများနေတဲ့အတွက် အဖြေရှိပေမဲ့ လက်မခံန်ုင်ဖြစ်နေကြတယ်….
လူသားတွေရဲ့ လောဘ ဒေါသ မောဟ ကြောင့် လောကကြီး ချမ်းသာဆင်းရဲဖြစ်နေကြတယ် ကိုယ်ချင်းစားတရားတွေ ခေါင်းပါးလာကြတယ် …..
သတ္တဝါတွေကို ညှင်းပမ်းနှိပ်စက်မူ့တွေ ပိုများလာကြတယ် ….ဒါ့ကြောင့် သဘာဝတရားကြီးက ကပ်သုံးပါး အဖြစ် ပြောင်းလဲပေးပြီး လူသားတွေ လုပ်ချင်တာ မလုပ်ရအောင် ရပ်တန့်ပေးတယ်….
အကြောင်းတရားကင်းတဲ့ အကျိုးတရား မရှိပါဘူး ….ဒါပေမဲ့ အဲဒီအကြောင်းအကျိုးဝါဒကို လက်ခံနိုင်စွမ်းမရှိလို့သာ လောကကြီး ပျက်စီးနေတာပါ….
မြန်မာပြည်ဟာ ဗုဒ္ဓဘာသာဝင်နိုင်ငံဖြစ်တယ် ….ကိုယ်ချင်းစားစိတ်တွေ ရှိကြတယ် …ဗုဒ္ဓဘာသာတွေရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗါန်အတွက် ဒါန သီလ သမထ တရားတွေ ကျင့်ကြတယ် ….
ဘေးအမျိုး ရောဂါအမျိုးမျိုးကို ကာကွယ်နိုင်စွမ်းရှိတဲ့ ပရိတ် ပဌာန်းတွေ ရွတ်ဖတ်ကြတယ် ….သူတော်ကောင်းကြီးတွေရဲ့ မေတ္တာဓါတ်တွေ ရရှိကြတယ် ….
ကပ်ဆိုက်တယ်တိုတာ ဘီလူး မြေဘုတ် ပြိတ္တာတွေက သူတို့စားဖို့သောက်ဖို့အတွက် ဖန်တီးကြတယ် ….သီလသမာဓိပညာ မရှိတဲ့သူတွေကိုဝင်ရောက်နှောင့်ယှက်ကြတယ် ….
မြန်မာပြည်က သူတော်ကောင်းကြီးတွေ သီလသမာဓိ ပညာ ပြည့်ဝသူတွေရှိတဲ့အတွက် နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တာခံရလို့ နှောင့်ယှက်ခွင့်မရဘူး ..အဖြေက ဒါပါပဲ….
လယ်တီဆရာတော်ကြီးက ကပ်ဆိုက်တဲ့ အချိန်မှာဆယ်ရောက်မြွေကိုက်ခံရရင် ကိုးရောက်ကအပမီပြီးသေကြတာလို့ အမိန့်ရှိခဲ့ဘူးတယ်….
ဟိုယခင်ကတည်းက ကျွန်တော်ခဏခဏရေးခဲ့ဘူးတယ် ကပ်ဆိုက်မယ်….လူတွေ အများကြီးသေကြမယ် ….တကမ္ဘာလုံး ဘေးဒုက္ခတွေ့ကြပြီး အားကိုးရာ ဘာသာကို ရှာကြလိမ့်မယ် ….
အင်တာနက်ခေတ်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာကိုအလွယ်တကူ လေ့လာလို့ရကြမယ်…. ပြီးတော့ ပြောင်းလဲပြီး ကိုးကွယ်ကြလိမ့်မယ် …..နောက်ဆုံးကျရင် ဗုဒ္ဓဘာသာကို ပြောင်းလဲ လာကြပြီး ကမ္ဘာကြီးပြန်ငြိမ်းချမ်းလာလိမ့်မယ် …
အဲဒီလိုခဏခဏရေးခဲ့ဘူးပါတယ် ….အခုလည်း အဲဒီအတိုင်းပဲဖြစ်နေတာပါ…..အိုင်းစတိုင်းတို့ ကိုင်ရို တို့ကလည်း တနေ့ကျရင် ဗုဒ္ဓဘာသာတခုပဲ ကျန်လိမ့်မယ်လို့ကြိုတင်နိမိတ်ဖတ်ခဲ့ကြပါတယ်….
လယ်တီ ဝေဘူ စွန်းလွန်း သဲအင်းဂူ ဆရာတော်ဘုရားကြီးများကလည်း နောင်တချိန်မှာ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားလာပြီး ဗုဒ္ဓဘာသာဟာ နေလို လလို ပြန်လည်ထင်ရှားလာလိမ့်မယ်လို့ အနာဂါတ်အတွက်ကြိုတင် မိန့်ကြားခဲ့ကြပါတယ် …..
အရိယာတွေ တွေဟာ မသိတာကိုပြောရိုးထိုးစံမရှိပါဘူး …..ဒါ့ကြောင့် သူတို့တွေပြောခဲ့တာ မလွဲနိုင်ပါဘူး….ဒီကနေ့ဖြစ်နေကြတာဟာ ကပ်သုံးပါးထဲက ရောဂန္တရကပ် သတ္တန္တရကပ် ဒုဗ္ဗိဂန္တရကပ် ဆိုတဲ့ ကပ်သုံးပါးပါပဲ….
ရောဂါပိုးမွှားဘေး လက်နက်ဘေး အစာရေစာ ရှားပါးတဲ့ ဘေး ဒီသုံးခုပါပဲ….သူကတခုလာရင် နောက်နှစ်ခုပါ အဖေါ်ပါလာတာပါပဲ….
မြန်မာပြည်မှာ ဝူဟန်မဖြစ်ခြင်းအကြောင်းတရားတခုက ဗုဒ္ဓဘာသာရဲ့သီလ သမာဓိ ပညာ ကျင့်စဉ် စွမ်းပကားကြောင့်ပါ….
ဒီရောဂါ မဖြစ်ခြင်းအကြောင်းတရားတခုကနေ တကမ္ဘာလုံး စိတ်ဝင်စားလာကြပြီး ပြောင်းလဲ ကိုးကွယ်လာကြဖို့ အကျိုးတရား တခုရ ရှိလာပါလိမ့်မယ်…
တကယ်တော့….ကပ်ဘေးဆိုတာ လူတွေရဲ့ သီလသမာဓိပညာ နည်းပါးမူ့ကြောင့် ဖြစ်ပေါ်လာမဲ့ ဘေးဒုက္ခတွေအတွက် နတ် တွေ ဝိဇ္ဇာတွေ နဲ့ မြေဘုတ် ပြိတ္တာ ဘီလူးတွေရဲ့ လွန်ဆွဲပွဲပါ….
မိစ္ဆာ နတ် တွေနဲ့သမ္မာ နတ် တွေရဲ့ တိုက်ပွဲပါ….ဝိဇ္ဇာတွေ ခဏခဏ သတိပေးသံ ကြားရဘူးတဲ့ မကြောက်ပါနဲ့တဲ့ အဘတို့ ရှိပါသေးတယ်တဲ့…..
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေ အကြီးမားဆုံး အကုသိုလ် ဖြစ်တဲ့ ရတနာသုံးပါးကိုစော်ကားမူ့တွေ မလုပ်ကြဖို့ကိုယ်ချင်းစာစိတ်တွေ ထားကြဖို့နဲ့ရဟန်းသံဃာတော်တွေရော ပြည်သူတွေပါ ပရိတ် ပဌာန်းတွေ ရွတ်ဖတ်ကြဖို့ ဝေဟင်ကနေ မြန်မာနိုင်ငံနယ်နိမိတ်ကို လေယဉ်နဲ့ ရွတ်ဖတ်သရစ္ဇျယ် ကြဖို့ အချိန်ရောက်ပြီ….
ကပ်ဘေးဆိုတာ လူမိုက်တွေနဲ့အတူ သူတော်ကောင်းတွေပါ ရောပါတတ်လို့ အစစအရာရာ သတိထာူကြဖို့တော့ အထူးတိုက်တွန်းပါရစေ….။
ဖန်ဆင်းရှင် ကယ်တင်ရှင်နဲ့ အကြောင်းအကျိုးဝါဒလွန်စွဲပွဲမှာ ကြားမညှပ်ပါကြပါစေနဲ့လို့ ဆုတောင်းပြီး နတ်တွေ ဝိဇ္ဇာတွေ ဘက်က ကူညီပြီး ရပ်တည်ပေးဖို့ ကိုယ်ကျင့်တရားတွေ ကောင်းကြပါလို့ တိုက်တွန်း နိုးဆော်ပေးလိုက်ရပါတယ်…
မြန်မာပြည်နဲ့ ဗုဒ္ဓဘာသာ ကမ္ဘာတည်သ၍ တည့်တံ့ပါစေ….။ Share ပေးကြပါရန် ဦးမြင့်ခိုင်

Post a Comment

Previous Post Next Post