Unicode
လတ်တလော ပရိသတ်တွေကြားမှာ ပျံ့နှံ့နေတဲ့ ကောလဟာလသတင်းတွေကတော့ ကျောင်း ၊ ရုပ်ရှင်ရုံများ အားလုံး (၆)ပတ်တိတိပိတ်ရန်နဲ့ တစ်နိုင်ငံလုံး သင်္ကြန်ပွဲများမကျင်းပရန် လွှတ်တော်က ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ် ။ ဒီသတင်းကြောင့် ကျောင်းသား ကျောင်းသူ တွေကြားမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြပြီး စာမေးပွဲရှိနေတဲ့ ကျောင်းသား တွေကလည်း ကျောင်းတကယ်ပိတ်မပိတ် သိချင်နေကြတာပဲဖြစ်ပါတယ် ။


ဒီသတင်းနဲ့ပတ်သတ်ပြီး နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းကလည်း ကျောင်းတွေ ပိတ်မယ်ဆိုလည်း ပိတ်လိုက်ပါတော့.. မပိတ်ဘူးဆိုလည်း ပိတ်လိုက်ပါတော့ ဆိုတဲ့စာသားလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့ပါတယ် ။ ပရိသတ်တွေကလည်း သူမဘက်က ထောက်ခံနေကြပြီး ယွန်းယွန်းရေးသမျှ ပို့စ်တွေထဲမှာ ဒီပို့စ်ကို အကြိုက်ဆုံးပဲလို့ စနောက်ပြီးမှတ်ချက်တွေ ပေးခဲ့ကြပါတယ် ။ ယွန်းယွန်းကတော့ ကြောက်လို့ပိတ်ခိုင်းတာပါလို့ ပြန်လည်မှတ်ချက်ရေးသားထားပြီး ယွန်းယွန်းနဲ့ပရိသတ်တစ်ဖွဲ့ကတော့ Comment တွေမှာ ပွဲကျနေကြပါတယ် ပရိသတ်ကြီးရေ ..။

 တချို့ကျောင်းသား ကျောင်းသူတွေကလည်း စာမေးပွဲနီးပြီဆိုတော့ ကျောင်းအမှန်တကယ်ပိတ်ဖို့ မျှော်လင့်နေကြပြီး ယွန်းယွန်းရဲ့စကားကိုထောက်ခံနေကြတာပါ ။ ပရိသတ်ကြီးထဲမှာရော ယွန်းယွန်းလို ကျောင်းတကယ် ပိတ်ချင်နေကြတဲ့ ပရိသတ်တွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Zawgyi
လတ္တေလာ ပရိသတ္ေတြၾကားမွာ ပ်ံ႕ႏွံ႔ေနတဲ့ ေကာလဟာလသတင္းေတြကေတာ့ ေက်ာင္း ၊ ႐ုပ္ရွင္႐ုံမ်ား အားလုံး (၆)ပတ္တိတိပိတ္ရန္နဲ႔ တစ္ႏိုင္ငံလုံး သၾကၤန္ပြဲမ်ားမက်င္းပရန္ လႊတ္ေတာ္က ဆုံးျဖတ္လိုက္တယ္ဆိုတဲ့ သတင္းပဲျဖစ္ပါတယ္ ။ ဒီသတင္းေၾကာင့္ ေက်ာင္းသား ေက်ာင္းသူ ေတြၾကားမွာ ႐ုတ္႐ုတ္သဲသဲျဖစ္ခဲ့ၾကၿပီး စာေမးပြဲရွိေနတဲ့ ေက်ာင္းသား ေတြကလည္း ေက်ာင္းတကယ္ပိတ္မပိတ္ သိခ်င္ေနၾကတာပဲျဖစ္ပါတယ္ ။


ဒီသတင္းနဲ႔ပတ္သတ္ၿပီး ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ယြန္းယြန္းကလည္း ေက်ာင္းေတြ ပိတ္မယ္ဆိုလည္း ပိတ္လိုက္ပါေတာ့.. မပိတ္ဘူးဆိုလည္း ပိတ္လိုက္ပါေတာ့ ဆိုတဲ့စာသားေလးကို သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေရးသားခဲ့ပါတယ္ ။ ပရိသတ္ေတြကလည္း သူမဘက္က ေထာက္ခံေနၾကၿပီး ယြန္းယြန္းေရးသမွ် ပို႔စ္ေတြထဲမွာ ဒီပို႔စ္ကို အႀကိဳက္ဆုံးပဲလို႔ စေနာက္ၿပီးမွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္ ။ ယြန္းယြန္းကေတာ့ ေၾကာက္လို႔ပိတ္ခိုင္းတာပါလို႔ ျပန္လည္မွတ္ခ်က္ေရးသားထားၿပီး ယြန္းယြန္းနဲ႔ပရိသတ္တစ္ဖြဲ႕ကေတာ့ Comment ေတြမွာ ပြဲက်ေနၾကပါတယ္ ပရိသတ္ႀကီးေရ ..။

တခ်ိဳ႕ေက်ာင္းသား ေက်ာင္းသူေတြကလည္း စာေမးပြဲနီးၿပီဆိုေတာ့ ေက်ာင္းအမွန္တကယ္ပိတ္ဖို႔ ေမွ်ာ္လင့္ေနၾကၿပီး ယြန္းယြန္းရဲ႕စကားကိုေထာက္ခံေနၾကတာပါ ။ ပရိသတ္ႀကီးထဲမွာေရာ ယြန္းယြန္းလို ေက်ာင္းတကယ္ ပိတ္ခ်င္ေနၾကတဲ့ ပရိသတ္ေတြရွိလား မွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။

Post a Comment

Previous Post Next Post