






Credit Connections)

Unicode

Myanmar Idol Season(1)ရဲ့ Winner ဆုရှင် စောလားထောဝါးကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ စောလားထောဝါးကတော့ ရရှိသမျှအနုပညာကြေးငွေတွေကို နေမကောင်းဖြစ်နေတဲ့ ညီမဖြစ်သူရဲ့ ဆေးးဖိုးအနေနဲ့ သုံးစွဲကာ ညီမဖြစ်သူ အမြန်ဆုံးပြန်လည်နေကောင်းဖို့အတွက် အလုပ်တွေကို ကြိုးစားနေခဲ့တာပါ..။မတ်လ (၁၆)ရက်နေ့မှာတော့ ညီမဖြစ်သူ နော်မယ်ရီဖောလေးဟာ ခရစ်တော်မှာ အိပ်ပျော်ကာ အစ်ကိုဖြစ်သူနဲ့ မိသားစုတို့ကို စွန့်ခွာကွယ်လွန်သွားခဲ့တာပါ..။

ကြိုးစားပြီး အလုပ်လုပ်ကာ ဆေးကုသပေးခဲ့တဲ့ ညီမဖြစ်သူလေးရဲ့ ကွယ်လွန်ဆုံးပါးသွားခြင်းအပေါ်မှာ ဖြေမဆည်နိုင်အောင် ခံစားနေရတဲ့ ခံစားချက်လေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်ကာ တင်လာခဲ့ပါတယ်..။ မတ်လ (၂၃)ရက်နေ့မှာတော့ ဆုံးပါးသွားတဲ့ ညီမဖြစ်သူရဲ့ အုတ်ဂူလေးမှာ သီချင်းသီဆိုကာ ဖြေသိမ့်နေတဲ့ ဗီဒီယိုဖိုင်လေးကို “ယေရှု၏ရင်ခွင်တော်မြတ်၌နေရလိမ့်မည် ပျော်ရွှင်လိမ့်မည်။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မတ်လ (၁၆)ရက်နေ့မှာတော့ နေမကောင်းဖြစ်နေတဲ့ ညီမဖြစ်သူ နော်မယ်ရီဖောလေးရဲ့ ချောင်းသာသွားပြီးအကင်စားချင်တဲ့ ဆန္ဒလေးကို ဖြည့်မဆည်းနိုင်ခဲ့လို့လည်း ဝမ်းနည်းမှုတွေနဲ့ ရင်ဖွင့်တင်လာခဲ့ပြီး ဖြေမဆည်နိုင်တဲ့ သူ့ရဲ့ ခံစားချက်လေးတွေကို ရေးတင်ခဲ့ပါသေးတယ်..။ ပရိသတ်ကြီးလည်း ညီမဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်း ခံစားနေရတဲ့ စောလားထောဝါးအတွက် အားပေးစကားလေး ပြောပေးခဲ့ကြပါဦးနော်..။

Credit Connections)

Post a Comment

Previous Post Next Post