“ပြည်တော်ပြန် မိတ်‌ဆွေများရှင်….” ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် သီးသန့် ၁၄ ရက်နေပေးခြင်းဖြင့် ကူညီပါ 🙏🙏🙏
ညနေဆေးရုံပြန်ခါနီး လက်ဖက်ထမင်း တပည့်တွေနဲ့စားခဲ့လို့ ဗိုက်မဆာပေမယ့် အိမ်စောပြန်ရောက်တဲ့‌ နေ့အတူရှိချိန်မှာ မိဘနဲ့အတူထမင်းစားရတာမို့ အတူတူစတိစားရင်း အသက်(၇၂) နှစ်အရွယ် ကျွန်မ အမေက ဒီရောဂါကို ငါတ‌ဖြေးဖြေး ကြောက်လာပြီတဲ့။

တော်တော်လေး စိတ်ထဲမကောင်းဖြစ်သွားတယ်။ ကိုယ်က အိပ်ချိန်မှအပ ဆေးရုံအတွက်အချိန်အားလုံးပေးထားလုပ်ပေးနေပေမယ့် အမေ့အတွက် နှစ်သိမ့်စရာစကားမရှိခဲ့ဘူး။

Covid-19 Pandemic လို့ WHO ကစကြေငြာတာနဲ့ အိမ်ကအမေ၊အဖေနဲ့ အမျိုးသားကိုမှာ ထားတယ်။ ဆေးရုံမှာ Positive လူနာတွေ့တာနဲ့ အိမ်မပြန်လာဘူး။ အမေနဲ့အဖေကို အကိုစောင့်ရှောက်ပါလို့။ မဟုတ်ရင် ကိုယ့်မိသားစု ကိုယ့်အိမ်ပတ်ဝန်းကျင်ကို
ကိုယ်ကရောဂါဖြန့်သလို ဖြစ်မှာမို့ ဒီအတွေးလေးတွေ Risk ရှိတဲ့လူတိုင်းသိသင့်တယ် လိုက်နာသင့်ပါတယ်။

ပြည်တော်ပြန်မြန်မာမိတ်ဆွေ‌တို့ရေ သင်တို့အိမ်အပြန်ကို ကျွန်မတို့ကြိုဆိုပါတယ်။ ကျွန်မတို့အတွက် ၁၄ ရက် သီးသန့်နေပေးခြင်းဖြင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို စောင့်ရှောက်ပေးပါ🙏🙏🙏

Credit : Dr. Win Thandar Phyu

Post a Comment

Previous Post Next Post