ဒီလိုအချိန်မှာ ဇာတ်လမ်းတွဲရိုက်ကူးနေတာကြောင့် စိတ်ပူနေတဲ့ ပရိတ်သတ်ကြီးကို စကားလက်ဆောင်ပါးလိုက်တဲ့ စိုးပြည့်သဇင်
ပရိသတ်ကြီးရေ ဒိတ်ဒိတ်ကြဲ မင်းသမီးကြီးတွေ ဖြစ်တဲ့ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊ စန္ဒီမြင့်လွင် တို့ရဲ့ ခြေရာကိုနင်းပြီး အောင်မြင်နေတဲ့ အနုပညာရှင် မင်းသမီးချောလေးကတော့ စိုးပြည့်သဇင်ပါ ။

သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားသလို လက်ရှိမှာ လည်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတယ်လို့သိရပါတယ် ။

လတ်တလောမှာတော့ နှလုံးသားဒိုင်ယာရီဆိုတဲ့ ဇာတ်လမ်းတွဲလေးကို မင်းသား ဟိန်းဝေယံနဲ့အတူတူ ရိုက်ကူးနေခဲ့တာဖြစ်ပါတယ် ။ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြသလို ပရိသတ်တွေရဲ့သဘောတူမှုကို ရရှိထားတဲ့ စိုးပြည့်သဇင်နဲ့ ဟိန်းဝေယံတို့ဟာ အချိန်တော်တော်ကြာမှသာ ဒီဇာတ်လမ်းတွဲမှာ ပြန်လည်တွေ့ဆုံရတာဖြစ်ပြီး ပရိသတ်တွေကလည်း ဒီဇာတ်လမ်းတွဲလေးကို အရမ်းကိုစိတ်ဝင်စားနေခဲ့ကြတာပါ ။

ဒီနေ့မှာတော့ စိုးပြည့်တစ်ယောက် နှလုံးသားဒိုင်ယာရီ..ဇာတ်လမ်းတွဲ စိတ်မပူကြပါနဲ့နော်…အလုပ်တွေပြီးပါပြီ.. ပြန်ကြပါပြီ…အနားယူပါပြီရှင်…ဆိုတဲ့စာသားလေးနဲ့အတူ ရန်ကုန်ပြန်လာလို့မရမှာစိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးပါးခဲ့ပါတယ် ။

ပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲလေးမှာ ဟိန်းဝေယံနဲ့ စိုးပြည့်တို့ဘယ်လို အတွဲညီညီသရုပ်ဆောင်မလဲ ဆိုတာကို အရမ်းကို ကြည့်ချင်နေကြပြီထင်ပါတယ် ။ စိုးပြည့် နဲ့ဟိန်းဝေယံကိုချစ်ကြတဲ့ ချစ်ပရိသတ်ကြီးအတွက် ရိုက်ကွင်းပုံရိပ်အချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Yinkhatpan

Post a Comment

Previous Post Next Post