ထိုင်း – မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ် ကော့ချန်းကျေးရွာအုပ်စု ၊ ရပ်ကွက် ၁၁ နယ်မြေအတွင်း ၊ ပါဒဲန်းလွမ် Golden House Project အနီး နယ်စပ်ရေချောင်းနှင့် ၁ ကီလိုမီတာ အကွာရှိ ရေလှောင်ကန်ထဲတွင် အမျိုးသားရုပ်အလောင်း (၇)လောင်းမှာ ပုတ်ပွပြီး ရေပေါ်သို့ပေါ်လာကြောင်း ရွာသားများမှသတင်းပေးပို့ လာသဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မနက် (၁၀:၀၀)နာရီချိန် ခန့်တွင် အမှတ်(၂) ဖာမိန်းတပ်ရင်းမှ တပ်ခွဲ(၃) မှတပ်ဖွဲ့ဝင်များ ၊ မယ်ဆိုင်မြို့တော်ဝန် မစ္စတာစုမ်းချိုင်း ခနာခမ်း၊ ကော့ချန်းနယ် မြေခံ ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ပဝင်း ထောင်းစုမ်းဘွန်းတို့နှင့်အတူ ကျမ္မာရေးဝန်ထမ်းများပါ သွားရောက်စစ်ဆေးခဲ့ကြသည်။

ရုပ်အလောင်းများမှာ ပြန့်ကျဲလျှက်တစ်နေရာစီ မျှောပါသောင်တင် နေသဖြင့် တာဝန်ရှိတပ်ဖွဲ့ဝင်များ၏ သုံးသပ်ချက်အရ ပြီးခဲ့တဲ့ ဖေဖဝါရီလ ၂၄ ရက်နေ့က မူးယစ်ဆေးဝါးသယ်ဆောင်လာသော အဖွဲ့နှင့်ထိတွေ့ပစ်ခတ်မှုများဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၂,၀၀၀,၀၀၀ ပြားနှင့် အိုက်စ်(၁၄)ကီလိုတို့သိမ်းဆည်းရမိခဲ့ပေမယ့် အရှင်ဖမ်းဆီး မရမိခဲ့သည့်အတွက် တစ်ဖွဲ့တည်းဖြစ်နိုင်သလို အချင်းချင်းနှုတ်ပိတ် သတ်ဖြတ်ခြင်းလည်းဖြစ်နိုင်သည် ဟုသုံးသပ်ထားကြောင်းသိရသည်။


အဆိုပါရုပ်အလောင်း ၇ လောင်းမှာ လွန်ခဲ့သည့် (၃)ရက်ခန့် ကသေဆုံးထားကြောင်းနှင့် ခန္ဓာကိုယ်မှ ဒဏ်ရာ ဒဏ်ချက်များ ကိုတော့ အသေးစိတ်ဖော်ပြ ရေးသားထားခြင်းကို မတွေ့ရှိရဘဲ ချင်းရိုင်းပြည်နယ် ” ပရာချာနုခေါ့ ပြည်သူ့ဆေးရုံသို့(၁၂:၀၀)နာရီ ချိန်တွင် သယ်ဆောင်သွားပြီး ရဲမှုခင်းဆရာဝန်မှ ခွဲစိတ်စစ်ဆေး သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။



ရှု့ထောင့်မှုခင်းသတင်းဂျာနယ်

Unicode









Post a Comment

Previous Post Next Post