ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် ရဲ့

မှတ်မှတ်ရရ ၂၃ရက်နေ့ Case-9
=====================

အဲ့နေ့က ကျနော် BCFဇုန်ထဲကို မနက် ၇နာရီ ၁၉မိနစ်မှာ ရောက်ပါတယ်။ အိမ်ပြန်ချိန်ကတော့ ည၁၁နာရီနီးပါးလောက်မှ အိမ်ကို ပြန်ရောက်ပါတယ်။ (ဓာတ်ပုံတိုင်းတွင် အချိန်နဲ့ နေ့ရက်ပါပါတယ်)

ခု မြဝတီကတဆင့် ပြန်တွင်းပြန်ဝင်သွားသူထဲမှ ကူးစက်ခံရသူ လူနာတစ်ယောက် Case-9က Positive အဖြေပေါ်လာပြီ။ ကျနော်စိတ်ပူမိတာ အဲ့နေ့က ခရီးသည်တွေကို ထိုင်းဘက်ခြမ်းကတဆင့် တံတားပေါ်ကို ဖြတ်၍ မြဝတီBCFဇုန်ထဲအရောက် (အခမဲ့) ပို့ဆောင်ပေးကြတဲ့ ကားဆရာများနဲ့ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ကျနော် အရမ်းစိတ်ပူမိပါတယ်။


အဲ့ဒီနေ့က သူ့ကားနဲ့ (အခမဲ့) ကြိုပေးမယ်၊ ငါ့ကားနဲ့ (အခမဲ့)ကြိုပေးမယ်နဲ့ ဖြစ်လို့ ကျနော်လက်မှတ်နဲ့ အခမဲ့ကား(၃၀)စီး စီစဥ်ပေးလိုက်ရတယ်။ သူတို့တွေထဲက တစ်စီးစီးတွင် ကူးစက်ခံရသူလူနာ ပါမှာသေချာပါတယ်။
အဲ့ဒီနေ့က ကား အခမဲ့ စီစဥ်ပေးလို့ အားလုံးနီးပါးဟာ ခြေလျင်ထက် အခမဲ့ ကားနဲ့ လိုက်ကြတဲ့သူ ပိုများပါတယ်။ သူတို့အတွက် ကျနော် စိတ်ပူနေမိပြီ….

၂၃ရက်နေ့က ထိုင်းကပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၃၅၇)ဦး ဝင်ရောက်ပါတယ်။

လူအုပ်ကြီးဖြစ်တဲ့နေ့က ၂၄ရက်နေ့ပါခင်ဗျာ..
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ/ချမ်းသာကြပါစေ၊ ကပ်ဆိုးဘေးမှ အမြန်ဆုံး ကင်းဝေးလွတ်နိုင်ကြပါစေလို့ ဆုတောင်းပေးအပ်ပါတယ်ခင်ဗျာ….
Credit
သန့်ဇင်အောင် (၃၀/ ၃/ ၂၀၂၀)

Post a Comment

Previous Post Next Post