Unicode

လူတချို့က ဘုရားရှိခိုးတာ၊ တရားထိုင် တာတွေဟာ ဆုတောင်းချင်လို့၊ ကိုယ်လိုချင်တာတစ်ခုခုအတွက် ဘုရားကိုအသုံးချဖို့ ကြိုးစားနေတာ မျိုးလို့ ထင်နေတတ် ကြပါ တယ်။ တကယ်တော့ ဘုရားရှိခိုးတာ၊ တရားထိုင်တာဟာ လောကုတ္တရာ အကျိုးတင်မကဘဲ လောကီဆိုင်ရာ အကျိုးတွေလည်း ရစေတဲ့ ကောင်းမွန်တဲ့ အမူအကျင့် တစ်ခုဖြစ် ပါတယ်။ နေ့စဉ်ဘုရားရှိခိုးခြင်းက ဒီလိုအကျိုးကျေးဇူးတွေကို ရစေပါတယ်။

စိတ်ကြည်လင်စေတယ်

နေ့တိုင်းဘုရားရှိခိုး၊ မိနစ်အနည်းငယ်လောက် တရားထိုင်တာကို ပုံမှန်လေး လုပ်ပေးနိုင်ရင် နေ့စဉ်စိတ်ကြည်လင်မှုကိုဖြစ်စေပြီး ရက်တွေကြာလာတဲ့ အခါမှာလည်း စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အပိုင်းမှာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာတာ ကိုတွေ့ရ ပါလိမ့်မယ်။

ကောင်းတဲ့စိတ်ကိုဖြစ်စေတယ်

ပတ်ဝန်းကျင်နဲ့ လူတွေအပေါ် အဆိုးမြင်စိတ်ကို လျော့နည်းစေတယ်။ ကောင်းမွန်တဲ့ စိတ်ကိုဖြစ်ပေါ်စေပြီး မျက်နှာကြည်လင် စေတယ်။ စိတ်ပျံ့လွင့်မှုတွေ နည်းလာအောင် ကိုယ့်ကိုယ်ကို ထိန်းချုပ် လာနိုင်ပြီး ကောင်းမွန်တဲ့ အတွေးတွေ ပေါက်ဖွားလာစေ ပါလိမ့် မယ်။

အာရုံစူးစိုက်မှု ပိုကောင်းစေတယ်

စိတ်ငြိမ်းချမ်းမှုကိုဖြစ်ပေါ်စေတာကြောင့် ကိုယ့်ရဲ့အတွေးတွေကိုထိန်းချုပ်လာနိုင်ပြီး အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာစေတယ်။ အဲ့ဒါက ပညာရပ်တွေ ‌လေ့လာသင်ယူတဲ့အခါမှာ၊ လုပ်ငန်းခွင်မှာ ပိုအဆင်ပြေလာစေပြီး မိသားစုအတွင်း ဆက်ဆံရေး ပိုမိုပြေလည်လာစေခြင်း၊ ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာခြင်း စတဲ့အကျိုးဆက်တွေကို ရရှိစေပါတယ်။

ဘဝမှာ ‌နေပျော်လာစေတယ်

ဘုရားပုံမှန်ရှိခိုးခြင်း၊ တရားထိုင်ခြင်းကြောင့် စိတ်ကြည်လင် ငြိမ်းချမ်းခြင်းအပြင် ဘဝမှာလည်း အရင်ကထက် ပိုပြီးနေပျော်လာစေ ပါတယ်။ အဆင်မပြေမှုတွေ၊ အရှုံးတွေကြုံ လာရင်လည်း စိတ်ကိုထားတတ်လာမယ်၊ ရောင့်ရဲတတ်လာမယ်၊ ကိုယ်ချင်းစာနာစိတ် ပိုတိုးလာ ပါမယ်၊ ဒါကြောင့် ဘဝမှာ ပိုပြီးနေပျော်လာပါလိမ့်မယ်။

ကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်

ဘုရားရှိခိုး၊ တရားထိုင်ခြင်းက စိတ်ပိုင်းဆိုင်ရာကို ကောင်းကျိုးဖြစ်စေရုံမက ခန္ဓာကိုယ်အတွက်လည်း ကောင်းကျိုးဖြစ်စေ ပါတယ်။ သွေးတိုးကျစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးခြင်း၊ ဦးနှောက်ကျန်းမာရေး ပိုမိုကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေ ပါတယ်။

#Bahuthutagabar

Zawgyi

Post a Comment

Previous Post Next Post