ညို့အားပြင်းတဲ့မျက်လုံးတွေကိုပိုင်ဆိုင်ထားသူမင်းသားချော ဒေါင်းကတော့ ပျိုမေလေးတွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားသူပါ။ ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးပီပြင်အောင်ကြိုးစားသရုပ်ဆောင်ရင်း အောင်မြင်မှုရရှိလာတဲ့ဒေါင်းကတော့ အခုဆိုရင်အနုပညာအလုပ်တွေခပ်စိပ်စိပ်နဲ့ ပရိသတ်ရှေ့ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ အချစ်ဖြင့်လွမ်းစေ ဇာတ်ကားကြီးမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပြီး (၂၀၁၉)ခုနှစ်အတွက်အကယ်ဒမီဆန်ခါတင်ဇာတ်ကားစာရင်းမှာလည်း ပါဝင်ထားသူတစ်ယောက်ပါ။


သူကတော့ ပရိသတ်တွေကိုလည်း အလေးအနက်ထားလေ့ရှိသူဖြစ်ပြီး မကြာခဏဆိုသလိုလည်း အလှူအတန်းတွေလုပ်လေ့ရှိသူပါ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး ကာကွယ်ရေးလုပ်ငန်းစဉ်တွေစတင်ကတည်းက ရန်ကုန်ဟယ်လ်ပင်ကလေးဆေးရုံကြီးအတွက် အသက်ရှုစက်တစ်လုံးအပြင် PPE ကာကွယ်ရေးဝတ်စုံတွေပါ (၁၆၅)သိန်းဖိုး လှူဒါန်းပေးခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း သူ့ရဲ့မွေးနေ့အလှူအဖြစ် Covid-19 ကာလမှာ သွားရေးလာရေးခက်ခဲမယ့် မန္တလေးမြို့က စာပေပညာရှင်တွေထဲကမှ (၈)ဦးကို စုစုပေါင်းရှစ်သိန်းဖိုးလှူဒါန်းပေးခဲ့ပါတယ်။ ဆရာပိုင်စိုးဝေ၊ဆရာသိုက်ထွန်းသက်၊ ဆရာဆူးငှက်၊ ဆရာသင့်နော်၊ ဆရာမောင်သာပို၊ ဆရာနေမျိုး၊ ဆရာမနှင်းဆီအောင်၊ ဆရာမမဝင့်( မြစ်ငယ်) တို့ကို ဆန်တစ်တင်းခွဲအိတ်တစ်အိတ်၊ဆီသုံးပိဿာပုံးတစ်ပုံး၊ ဆားတစ်ပိဿာ၊ ဇီးတော်ဖီနဲ့ ငွေသားနှစ်သောင်းကျပ်စီ ဂါဝရပြုလှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…



မြန်မာစာပေပညာရှင်တွေကို တန်ဖိုးထားလေးစားတဲ့ဒေါင်းကတော့ ဒီလိုအခြေအနေမျိုးမှာ သူတို့တွေလည်း လိုအပ်နေမှာကိုတွေးမိပြီး ဂါဝရပြုလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေအားစိုက်လုပ်ရင်း ချစ်ရတဲ့ပရိသတ်တွေနဲ့ပဲ အချိန်ကုန်နေလေ့ရှိတဲ့ဒေါင်းတစ်ယောက် ဒီထက်မကအနုပညာအလုပ်တွေပိုမိုလုပ်ကိုင်နိုင်ပြီး ဆထက်တပိုးလှူဒါန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Credit : Celegabar

Post a Comment

Previous Post Next Post