MRTV-4 ဇာတ်လမ်းတွဲများမှာ သရုပ်ဆောင်ပီပြင်လွန်းလို့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို ရရှိပိုင်ဆိုင်နေတဲ့ မင်းသမီးချောလေး ဝင်ယမုံနိုင်ဆိုတာနဲ့ “စံမြန်း” လေးကို သွားမြင်မယ် ထင်ပါတယ်နော်..။ ဝင့်ယမုံနိုင်လေးကိုတော့ မဟာဆန်လွန်းတဲ့ အလှတွေနဲ့ သရုပ်ဆောင်ပီပြင်မှုတွေ ကြောင့် ပရိသတ်တွေရဲ့ အချစ်နဲ့အားပေးမှုတွေကို ရရှိနေတယ်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ ဝင့်ယမုံနိုင်က ကာရိုက်တာတစ်ခုစီတိုင်းမှာ မတူတဲ့ သရုပ်ဆောင်ပုံတွေနဲ့အတူ ကာရိုက်တာအပေါ် စိတ်နှစ်ထားကာ သရုပ်ဆောင်တတ်တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်နော်..။

ဝင့်ယမုံလေးက ဇာတ်လမ်းတွေကိုလည်း ရိုက်ကာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေသလို သူမရဲ့ အနုပညာလှုပ်ရှားပုံရိပ်လေးတွေနဲ့ အကြောင်းအရာလေးတွေကို ပရိသတ်တွေဆီ အမြဲမျှဝေတင်ပေးလေ့ရှိသူပါ..။ မတ်လ (၁၅)ရက်နေ့မှာတော့ ကားရိုက်နားတုန်းလေး ပုဂံမှာ ဘုရားဖူးထွက်ရင်း ကလေးပရိသတ်တွေရဲ့ အားပေးကြမ်းမှုတွေကို “ပုဂံမှာဘုရားဖူးရင်း အနမ်းတွေခံရသေးတာ .. ချစ်ဖို့ကောင်းတဲ့ ကလေးတွေ”ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ကလေးပရိသတ်တွေရဲ့ အားပေးကြမ်းမှုတွေကတော့ ဝိုင်းပြီး ဖက်နမ်းကြတာ ဝင့်ယမုံလေးတစ်ယောက်တော့ ပျော်ရွှင်မှုနဲ့ အတူ အားပေးကြမ်းတဲ့ ကလေးလေးတွေကို အသည်းတွေ ယားနေမယ်ဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီး..။ ပရိသတ်ကြီးအတွက်လည်း ပုဂံဘုရားဖူးထွက်ရင်း တွေ့ခဲ့ရတဲ့ကလေးပရိသတ်တွေရဲ့ ဝင့်ယမုံနိုင်အပေါ် အားပေးကြမ်းခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။


Post a Comment

Previous Post Next Post