ထိုင်းနိုင်ငံမှပြန်လာသော အမျိုးသမီးတစ်ဦး ကျိုက်ထုံဆေးရုံတွင် ဖျားနာပြီး သေဆုံးသွားသဖြင့် အလောင်းကို သဂြိုလ်ခွင့်မပေးဘဲ သေဆုံးသွားသော အမျိုးသမီး၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်း NHL သို့ ပေးပို့ စစ်ဆေးထားကြောင်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။





မတ်လ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လာခဲ့သော အမျိုးသမီးသည် ၎င်း၏ နေရပ်ဖြစ်သော ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာသို့ ပြန်သွားခဲ့ကြောင်း၊ မတ်လ ၂၈ ရက်နေ့တွင်ဖျားနာပြီး ညပိုင်းတွင် ကျိုက်ထိုဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း၊ မတ်လ ၂၉ ရက်နေ့ နံနက် ၄ နာရီတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေါက်တာခင်ဆောင် ” တောင်ကလေးလူနာပါ။ ယိုးဒယားက မတ်လ ၁၉ ရက်နေ့က ပြန်လာတာ။ အမျိုးသမီး။ ကိုယ်ဝန်လည်းရှိတယ်။ ဆေးရုံကို မနေ့ညက ရောက်တယ်။ ဒီနေ့ မန့က် ၄ နာရီမှာ ဆုံးတယ်။ ဘာနဲ့ ဆုံးလဲဆိုတာ Nasal Swab တွေ ဘာတွေ ယူပြီးတော့ NHL အမျိုးသားဓာတ်ခွဲခန်းကို ပို့ထားတယ်။ စစ်ဆေးဖို့ပါ။ ဘာကြောင့်ဆုံးတယ်ဆိုတာ ပြောလို့မရသေးဘူး။ သူက ပြန်လာတာက  မတ်လ ၁၉ ရက်နေ့က ။ ၂၅ ရက်နေ့မှာ အလှူလုပ်လိုက်သေးတယ်။ ၂၈ ရက်နေ့မှာ ဖျားတယ်။ ဖျားပြီးတော့ ဆေးခန်းသွားပြတယ်။ ဆေးခန်းက ဆေးပေးလိုက်တော့ သက်သွားတယ်။ သက်သာသွားတော့ အဲဒီနေ့ပဲ ခေါင်းလျှော်ပြီး ရေချိုးတယ်။ ရေချိုးပြီးတော့ သတိလစ်သွားပြီးတော့ ဆေးရုံရောက်သွားပြီးတော့ မနက် ၄ နာရီမှာ ဆုံးသွားတယ်။ အဲဒီလောက်ပဲ သိတယ်။ ကျနော်တို့ကတော့ Report လုပ်လိုက်ပြီ ကျန်းမာရေးဘက်ကို ။အခုထက်ထိ ဓာတ်ခွဲစစ်ဆေးဖို့ Sample တွေ ပို့လိုက်ပြီ။ Dead Body ကို သေသေချာချာ ထုတ်ပြီးတော့ ဘာမှ  သဂြိုလ်ခွင့်မပေးသေးဘူး။ ဆေးတွေနဲ့ ဘာတွေနဲ့ ေ သချာလုပ်ပြီးတော့ Dead Body ကို ဒီအတိုင်းပဲ ထားထားသေးတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


လတ်တလော ကျိုက်ထိုဆေးရုံက ကွယ်လွန်ခဲ့သော အမျိုးသမီးကို ကိုဗစ်သံသယလူနာအဖြစ် သတ်မှတ်လိုက်ပြီး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ခေတ်သစ်

Post a Comment

Previous Post Next Post