အားလုံးပဲ မင်္ဂလာပါ…

ကျွန်တော်က တရုတ်ပြည်နိင်ငံခြားဘာသာ တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့မြန်မာကျောင်းသားတစ်ယောက်ပါ။ တရုတ်ပြည်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားကူးစက်နေချိန် မြန်မာပြည်မပြန်လာတဲ့ ကျောင်းသားတစ်ယောက်ပါ။

ကျွန်တော်အခု ဝူဟန်ကိုရိုနာဗိုင်းရပ်စ် အဆုတ်‌ရောင်ရောဂါနဲ့ ပတ်သက်ပြီးဆွေးနွေးပြောပြချင်ပါတယ်။

ဒီ ရောဂါဟာ တရုတ်ပြည်ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တယ်ဆိုတာ အားလုံးသိရှိကြပြီးသားဖြစ်မှာပါ။ရောဂါ ဘာကြောင့် ဒီလောက်ထိရောဂါကူးစက်မှု မြန်ရသလဲဆိုတာကို ကျွန်တော်အနေနဲ့ပြောပြရမယ်ဆိုရင်

နံပါတ်တစ် – သတင်းထိန်ချန်ထားမှု။

ဒီ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါဆန်းကို ၂၀၁၉ ဒီဇင်ဘာလောက်ကတည်းက တရုတ်ပြည် ဝူဟန်မြို့ကဆရာဝန်တစ်ယောက်က လူနာတွေကိုကုသပေးရင်း စတင်စမ်းသပ်တွေ့ရှိခဲ့တာပါ။ သူတွေ့ရှိခဲ့တဲ့ရောဂါဆန်းကိုသူ့သူငယ်ချင်းဆရာဝန်တွေကိုပြောပြရာမှတစ်ဆင့် တစ်ဖြည်းဖြည်းလူသိများလာတယ် ရောဂါကူးစက်ပြန့်ပွားမှုတွေများလာပြီး အသေအပျောက်တွေရှိလာတော့ လူတွေကကြောက်ရွံ့လာကြတော့တယ်။ အဲ့ဒါကို တရုတ်အစိုးရက သတင်းအမှန်ကိုထုတ်ပြန်ရမဲ့အစားရောဂါတွေ့ရှိခဲ့တဲ့ဆရာဝန်ကိုကောလဟာလ သတင်းလွင့်တယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းပြီး ခံဝန်ချက်တောင်ထိုးခိုင်းခဲ့တယ် ပြီးတော့အစိုးရက ဒါဟာကောလဟာလပါ မစိုးရိမ်ကြဖို့ဆိုပြီး ဒီး ပိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီးအလေးမထားပဲ သတင်းကိုထိန်ချန်ထားခဲ့တယ်နောက်တော့တစ်ဖြေးဖြေးနဲ့ ဒီရောဂါက ကူးစက်မှုတွေမြင့်လာပြီး ဆိုးသထက်ဆိုးလာခဲ့တယ် လူတွေလည်းထူးထူးဆန်းဆန်းနဲ့ ဘာရောဂါမှန်းမသိပဲသေခဲ့ကြရတယ်။

အဲ့ဒီချိန်တော့မှ ၂၃-၁-၂၀၂၀ ရက်နေ့ကြမှ အစိုးရက ဒီရောဂါဟာ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ကြောင်း ကူးစက်မြန်တဲ့ရောဂါတစ်မျိုးဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာ ရတော့တယ်။ အဲ့ဒီချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ရောဂါဆန်းကို စတင်တွေ့ရှိခဲ့တဲ့ဆရာဝန်ကလည်း ဒီပိုင်းရပ်စ်ရောဂါနဲ့ပဲသေဆုံးခဲ့ရတယ်။ ဒါဟာ သတင်းမှန်ကိုထိန်ချန်ထားမှုကြောင့်ရောဂါပြန်နှံ့မှုပိုမြန်ခဲ့ရတာပါ။ ဒါကတော့ တရုတ်ပြည်မှာ စတင်ရောဂါပြန့်နှံ့မှုအကြောင်းပါ။

နောက် ဒုတိယတစ်ချက်က လက်ဆေးနည်းမမှန်လို့ပါ။

ကျွန်တော်ဘာကြောင့် လက်ဆေးနည်းမမှန်လို့ရောဂါကူးစက်မြန်ရသလဲဆိုတာရှင်းပြပါမယ်။

ဒီပိုင်းရပ်စ်ရောဂါဟာ သာမှန်ခန္ဓာကိုယ်ကို တွယ်ကပ်နေရုံနဲ့ရောဂါမဖြစ်ပွားနိင်ပါဘူးရောဂါဖြစ်ပွားဖို့ဆိုရင် အနည်းဆုံး ပါးစပ်ထဲရောဂါပိုးဝင်မှဖြစ်တာပါ ။ လူတွေဟာ သာမှန်အားဖြင့် လက်ဆေးရင်း ပလုတ်ကျင်းတဲ့အကျင့်ရှိတတ်ကြတယ်။ လက်ကိုဆပ်ပြာနဲ့သေချာ မဆေးပဲ ပလုတ်ကျင်းလိုက်ပြီဆိုရင် လက်ကနေတစ်ဆင့် ပါးစပ်ထဲရောဂါပိုးက အလိုလိုရောက်သွားခဲ့ပြီ ပါးစပ်ကနေတစ်ဆင့် အဆုတ်ထဲရောက်သွားပြီဆိုရင် တစ်ပတ်အတွင်း စစ်မှန်တဲ့နည်းလမ်းနဲ့ရောဂါမကုဘူးဆိုရင် အသက်ဆုံးရှုံးမှုဖြစ်စေနိင်ပါတယ်။

နောက်တတိယ အချက်အနေနဲ့ တစ်ကမ္ဘာလုံးဆီ ကူးစက်ပြန့်နှံ့သွားတဲ့အကြောင်းရင်း။

ဒါကတော့ရှင်းပါတယ် တရုတ်ပြည်မှာနေထိုင်တဲ့ရောဂါကူးစက်ခံရသူတစ်ဦးတစ်ယောက်က ကိုယ့်နိင်ငံကိုရောဂါသယ်သွားလို့ပါပဲ။ တရုတ်အစိုးရက တစ်ခြားမြို့နဲ့ တစ်ခြားနိင်ငံကို ကူးစက်ပြန့်ပွားမှာဆိုးလို့ ပိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာနေရာ ဝူဟန်မြို့ကို အမှောင်ချလိုက်တယ် ဝူဟန်မြို့ကို တံခါးပိတ်ဝါဒကျင့်သုံးလိုက်တယ်။ ဒါကြောင့် ဝူဟန်မြို့အပြင် တစ်ခြားမြို့ ပြည်နယ်တွေကိုရောဂါကူးစက်ပြန့်ပွားမှု အတော်လေးနည်းပါးခဲ့တယ်။ နိင်ငံအတွင်းက နိုင်ငံခြားသားတွေကိုလည်း နိုင်ငံကနေ ထွက်ခွါမှုကို အစိုးရကတားမြစ်ခဲ့တယ်။ ဒါပေမဲ့ရောဂါကူးစက်ခံရမှာကိုကြောက်ရွံ့တဲ့ နိုင်ငံတကာက ကိုယ့်နိင်ငံအသီးသီး ကကျောင်းသားတွေကိုလေယာဉ်နဲ့လာခေါ်သွားကြတယ်။ အဲ့ဒီကနေပဲရောဂါကူးစက်ခံရသူ တစ်ဦးတစ်ယောက်ပါသွားရင်းရောဂါစတင်ကူးစက်ပြန့်ပွါးတော့တာပါပဲ။ ကျွန်တော်အရင်က သတိပေးဖူးပါတယ် ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုတ်ဆိုတဲ့ စကားပုံအတိုင်းရောဂါပိုးရှိသူတစ်ဦးတစ်ယောက်ကြောင့် တစ်နိင်ငံလုံး ဒုက္ခရောက်သွားနိုင်တယ်ဆိုတာ။

ပြောစရာတစ်ခုတော့ရှိတယ်။ အဲ့ဒါက ပြန်ခေါ်တဲ့အချိန်တုန်းကရောဂါကူးစက်ခံရမှုရှိမရှိ စစ်ဆေးပြီးမှ ပြန်ခေါ်တယ်ဆိုတာ။ အမှန်ကအဲ့ဒါကလုံခြုံစိတ်ချမှုမရှိပါဘူး။ ဘာဖြစ်လို့ ကျွန်တော်အဲ့လိုပြောရသလဲဆိုရင် ခုချိန်ထိရောဂါကူးစက်မှုရှိမရှိ စစ်ဆေးတဲ့ကိရိယာက အပူချိန်တိုင်းတဲ့ thermometer စက်ကလေးပါ။ အဲ့ဒီ တာမိုမီတာ အပူချိန်တိုင်းစက်ဖြင့် လူတွေရဲ့ နှာဖူးသော်လည်းကောင်း လက်ကောက်ဝတ်မှာသော်လည်းကောင်း တိုင်းကြတယ်။ ပုံမှန်ကိုယ်အပူချိန် ၃၃ဒီဂရီ ကနေ ၃၇ဒီဂရီဆိုရင်ရောဂါကူးစက်မှု မရှိနေကောင်းကျန်းမာသူလို့သတ်မှတ်တယ်။ ကိုယ်အပူချိန် ၃၇ ဒီဂရီထက် ကျော်သွားပြီဆိုရင်တော့ စိုးရိမ်ရတဲ့အတိုင်းအတာပေါ့ ၃၉ ဒီဂရီ ကျော်ရောက်သွားပြီဆိုရင် ရောဂါပိုးကူးစက်ခံရသူလို့ သတ်မှတ်ပြီးဆေးစစ်ဆေးမှု့ခံယူရတယ်။

ဒါကြောင့်ပုံမှန် ကိုယ်အပူချိန် ၃၃ ဒီဂရီကနေ ၃၇ ဒီဂရီအထိ ရှိသူကိုရောဂါမကူးစက်ခံရသူသတ်မှတ်ပေမဲ့ ဒီပိုင်းရပ်စ်ပိုးကမမြင်တွေ့နိုင်တဲ့ရောဂါပိုးပါ။ ရောဂါ ပိုးကလဲချက်ချင်းလက္ခဏာမပြပါဘူး။ အခုတိုင်းတာနေတဲ့အချိန်ရောဂါပိုးမတွေ့ရသေးပေမဲ့ ကိုယ့်ခန္ဓာကိုယ်အတွင်းရောဂါကပ်ပါရင်ပါလာနိင်ပါတယ်။ ကိုယ့်ကိုတိုင်းတာတဲ့အပူချိန်တိုင်းကိရိယာပေါ်မှာလဲရောဂါပိုးကပ်ရင်ကပ်နေတတ်ပါတယ်။ ဘာလို့ဆို အဲ့ဒီ တာမိုမီတာစက်ကလေးနဲ့ လူတကာကိုလိုက်တိုင်းနေရလို့ပါ။

ဒါကြောင့်ရောဂါပိုးရှိသူတစ်ဦးတစ်ယောက်ထံမှာ ကပ်ပါလာတဲ့သူထံမှ တိုင်းတာရင်း တာမိုမီတာစက်ပေါ်မှာ ကပ်ညှိတတ်ပါတယ်။ အဲ့ဒီစက်နဲ့နောက်တစ်ခါ ကိုယ့်ရဲ့ နဖူးသော်လည်းကောင်း လက်ကောက်ဝတ်ကိုသော်လည်းကောင်း တိုင်းတာတဲ့အခါကိုယ့်မှာလဲ ကပ်ပါလာတတ်ပါတယ်။ မက်စ် တပ်ထားလို့ရောဂါမကူးစက်ခံရသေးပေမဲ့ ပြန်ရောက်တဲ့အခါကျရင် ကိုယ့်မှာရောဂါမရှိဘူးဆိုပြီးပေါ့ပေါ့တန်တန်နဲ့ လက်မဆေးပဲ အစာတွေစားရင် မျက်နှာသစ်ပလုတ်ကျင်းမိရင်ရောဂါကူးစက်ခံရနိင်တယ်။ အဲ့သလိုကိုယ့်ကိုကိုယ်မကူးစက်မခံသေးဘူးလို့ ထင်ခံရတဲ့သူတွေကနေတဆင့် တစ်ယောက်မှနှစ်ယောက်၊ နှစ်ယောက်မှလေးယောက်၊ တစ်ယောက်ပြီးတစ်ယောက်ကူးစက်ကာ တစ်နိင်ငံလုံးကူးစက်သွားနိုင်ပါတယ်။ ဒါကနိင်ငံတကာထိ ကူးစက်ခံရတဲ့အကြောင်းပြောပြတာပါ။

ခုချိန် တရုတ်ပြည်မှာတော့ ရောဂါပိုးထပ်မံကူးစက်ခံရမှုမရှိသလောက်နည်းပါးသွားပါပြီ။ အပြင်မှာလဲ သွားသွားလာလာစတင်တွေ့ရှိနေရပါပြီ။ တရုတ်အစိုးရကလည်း WiFi internet ကို တနိုင်ငံလုံးနီးပါး အခမဲ့လွင့်ပေးကာ အချိန်နဲ့တပြေညီ သတင်းထုတ်ပြန်ပေးနေတယ်။ ပြည်ပမှ ဘယ်သူမဆိုပြည်ဝင်ခွင့်ကို (၂၃-၃-၂၀၂၀) ရက်ရောဂါဖြစ်ပွားပြီး နှစ်လအကြာ) တွင် နိင်ငံရေးပေါ်လစီတစ်ခုအနေနဲ့ ဝင်ရောက်လာခွင့်ကိုတားမြစ်ကြောင့်ထုတ်ပြန်ထားပါတယ်။

မြန်မာနိင်ငံမှာလည်းရောဂါပိုးရှိသူ (၃)ဦးတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရှိရလို့ စိုးရိမ်မိပါတယ်။

ဒါကြောင့် ပိုင်းရပ်စ်ရောဂါပိုးထပ်မံ ကူးစက်မှုမခံရအောင် အကောင်းဆုံးကာကွယ်နည်းလမ်းကတော့ အပြင်မထွက်ပဲ ကိုယ့်အိမ်ကိုမှာပဲအတတ်နိုင်ဆုံးနေကြပါ။ မဖြစ်နေအပြင်ထွက်ရမယ်ဆိုရင်လဲ မက်စ် တပ်ပြီးမှထွက်ပါ။ အပြင်ကပြန်လာရင်ရေချိုး၊ လက်၊ မျက်နှာ တွေကိုဆပ်ပြာနဲ့သေချာဆေးကြောပါ။ ကိုယ်ဝတ်သွားတဲ့အဝတ်အစား တွေကိုရေပူနဲ့ မိနစ် ၃၀ ခန့်စိမ်ခြင်း ဆပ်ပြာမူန့်ဖြင့် မိနစ် ၃၀ ခန့်ရေစိမ်ထားပြီးမှလျှော်ဖွတ်ခြင်းများပြုလုပ်ကြပါလို့ အသိပေးမျှဝေချင်ပါတယ်။

မြန်မာနိင်ငံမှာလက်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ (၃)ဦးရှိနေတာကြားသိရလို့ စိတ်မကောင်းပါဘူး။ ရောဂါပိုးကူးစက်ခံရသူတွေလည်း အမြန်ဆုံးသက်သာပျောက်ကင်းပြီး နိုင်ငံသူ နိင်ငံသားအားလုံးရောဂါဘယကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ပီစိုင်း
ခေတ္တတရုတ်ပြည် – နိုင်ငံခြားဘာသာတက္ကသိုလ်

Post a Comment

Previous Post Next Post