(၂၀၁၉)ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုရွေးချယ်ပွဲကြီးက Corona Virus ကပ်ရောဂါကြောင့် ရက်အကန့်အသတ်မရှိ နောက်ဆုတ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အကယ်ဒမီ ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကြီးကတော့ ဆက်လက်ကျင်းပနေပြီး ရွှေကြိုမောင်မယ်တွေကလည်း တစ်ပတ်ပြီးတစ်ပတ် ဆက်လက်ပြိုင်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။


နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ မေလသံစဉ်ကလည်း အကယ်ဒမီရွှေကြိုအဖြစ် ဝင်ရောက်အရွေးခံခဲ့ပြီး Grand Final အထိ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ မေလသံစဉ်က ရွှေကြိုမောင်မယ် ရွေးချယ်ပွဲကြီးမှ နှုတ်ထွက်ခဲ့ပြီလို့ သိရပါတယ်။

မေလသံစဉ်က သူမအဖိုးရဲ့ ကျန်းမာရေးအခြေအနေကြောင့် နှုတ်ထွက်ခဲ့ရတာဖြစ်ပြီး သူမအနေနဲ့ “Grand Final တက်ခွင့်ရအောင် Voting ပေးခဲ့ကြတဲ့ မေလရဲ့ အမာခံ ချစ်ရသူတွေ အားလုံးကို ‌အရမ်းပဲကျေးဇူးတင်ပါတယ်။ နောက်ထပ် ဆက်မပြိုင်ဖြစ်တော့တာ ခွင့်လွှတ်နားလည်ပေးဖို့ တောင်းပန်ပါရစေနော်။” ဆိုပြီး တောင်းပန်ထားပါတယ်။



မေလသံစဉ်ရဲ့ ပရိသတ်တွေကတော့ Grand Final တက်ရောက်နိုင်ခဲ့တဲ့ မေလသံစဉ်အတွက် စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။


Source: May La Than Sin’s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်








Source: May La Than Sin’s fb
Bilie – Cele Connections

Post a Comment

Previous Post Next Post