ဒါလည်း စိတ်ဝင်စားစရာပဲ။ ဆရာ Ye Lwin Oo ဆီကတဆင့် ကူးယူဖော်ပြပါသည်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရဲ့လက်သည် Virus ကို အီတလီ၊ အမေရိကန်၊ တရုတ်နဲ့ အိန္နိယတို့မှာ Genome Sequencing လုပ်ထားပါတယ်။ တရုတ်ပြည် ဝူဟန်ကစတဲ့ Virus ရဲ့ဗီဇနဲ့ အီတလီ နဲ့အနောက်နိုင်ငံတွေကိုရောက်သွားတဲ့ Virus ဗီဇ ယှဉ်ကြည့်ရင် Mutation လို့ခေါ်တဲ့ဗီဇ ပြောင်းလဲမှု ၃ ခုတွေ့ရပြီး Virus ကိုပိုမိုကူးစက် ပိုမိုအန္တရာယ်ပေးနိုင်လာစေတာကို တွေ့ရပါတယ်တဲ့။

ဥရောပကနေ အိန္နိယကို ရောက်လာဟန်တူတဲ့ Virus မှာတော့ တရုတ်မူလနဲ့ စာရင် Genetic Mutation တခုသာဖြစ်ပြီး Spike Protein လို့ခေါ်တဲ့ Virus ရဲ့အခွံမှာရှိတဲ့ လူသားဆဲလ်ထဲကို စတင်ဝင်ရောက်ဖို့ အရေးကြီးတဲ့အစိတ်အပိုင်းမှာ ပြောင်းလဲမှုဖြစ်ပြီး လူ့ဆဲလ်နဲ့ Virus ထိတွေ့ချိတ်ဆက်မှုကို အားနည်းသွားစေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါဟာအလွန်အရေးကြီးတဲ့ တွေ့ရှိချက်ဖြစ်ပြီး အိန္နိယ မြန်မာ အပါအဝင် နောက်မှ Virus ဝင်ရောက်ခံရတဲ့ အာရှနိုင်ငံတွေအတွက် သက်သာရာရစေမယ့် မျှော်လင့်ချက်တခုဖြစ်ပါတယ်။ နောက်သက်သာရာရစေတဲ့ တချက်က Virus ဟာအေးပြီးခြောက်သွေ့တဲ့ ရာသီရှိတဲ့နိုင်ငံဒေသတွေမှာ ပိုဖြစ်ခဲ့တာပါ။ အပူချိန်နဲ့ လေထုစိုထိုင်းမှုက Virus ပြန့်ပွားမှုကို အားမပေးဘူးဆိုတဲ့ တွေ့ရှိချက်တွေလည်း ထုတ်ပြန်ထားပါပြီ။


ဓာတ်ခွဲခန်းသုတေသနအရ Virus ဟာ ၃၂ ဒီဂရီစင်တီဂရိတ် အထက်မှာ ကြာရှည်မရှင်နိုင်တာတွေ့ခဲ့ကြပါတယ်။

မန္တလေးမှာ ဒီနေ့ နေ့အပူချိန် ၃၉ လောက်ရှိပါတယ်။ ညချိန်ကို ၃၂ ရှိပါတယ်။ နေရောင်ခြည်ရဲ့ UV ပြင်းအားကလည်း ပိုးသေစေတဲ့တချက်ပါ။

ခုအိန္ဒိယနိုင်ငံမှာ ၃ ပတ် Lockdown လုပ်နေခဲ့ပေမယ့် ပြန်ဖွင့်ဖို့စဉ်းစားနေကြပါပြီ။ Social Impact တွေဖြစ်တဲ့ မငြိမ်မသက်တွေဖြစ်မှု၊ လူတွေသီးခြားခွဲနေကြရတဲ့ Social Distancing လုပ်တာကြာလာတဲ့အခါ ဖြစ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် နောက်ဆက်တွဲ လူမှုပြဿနာတွေဖြစ်တဲ့ အမုန်းပွား-အနိုင်ကျင့်-စိတ်ကျ-အဆုံးစီရင် စတဲ့ကွင်းဆက်ပြဿနာတွေ ဧကန်ဖြစ်လာမှာ သိကြလို့ပါ။

အနောက်နိုင်ငံတွေမှာ စိတ်ရောဂါ အကြံပေး Psychological Counseling တွေလုပ်နေရပါပြီ။

ဒါကြောင့် မြန်မာတွေအနေနဲ့ ရောဂါကို သတိထားပြီး မိမိကိုယ်တိုင်အစိုးရကျန်းမာရေးဌာနများရဲ့ အစီအမံများကို လိုက်နာရင်ရပါပြီ။ အလွန်အကျွံမကြောက်ကြဖို့ လိုပါတယ်။

၁။ လက်မကြာခဏဆေးပါ။

၂။ အာဟာရပြည့်ဝအောင်စားပါ။ Vitamin C, D နဲ့ Zinc တို့ဟာ ကိုယ်ခံအားစနစ်အတွက်အလွန်အရေးကြီးတာမို့ဖြည့်စွက်စားပေးပါ။

၃။ အိမ်ထဲမှာငြိမ်ကုတ်မနေဘဲ minimal physical activity ကိုယ်လက်လှုပ်ရှားအတန်အသင့်ပြုလုပ်ပေးပါ။

၄။ စိတ်ကိုကျန်းမာအောင်ထားပါ။ (အကောင်းမြင်စိတ်မွေးပါ။ ပျော်ပျော်နေပါ။ လူတွေနဲ့အဆက်အသွယ်မပြတ်ရှိပါစေ)

ကျနော်တို့အားလုံး ဒီကပ်ကြီးကိုကျော်လွှားနိုင်မယ်ဆိုတာ အခိုင်အမာယုံကြည်ပါတယ်။

Myat Nyan

Post a Comment

Previous Post Next Post