Unicode

ပရိသတ်ကြီးရေ ပရဟိတ မင်းသမီးလေးလို့ တင်စားရမယ့် မင်းသမီး ခိုင်နှင်းဝေကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်နော်..။ မတ်လ (၁၄)ရက်နေ့ကတော့ သူမရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အလှူအနေနဲ့ ခိုင်မီးအိမ် စာကြည့်တိုက်လေးကို ဖွင့်လှစ် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်..။ လှူဒါန်းခဲ့ပြီး ညဘက်မှာတော့ အနုပညာရှင် တစ်ချို့နဲ့အတူ မွေးနေ့ ပါတီလေးကို ကျင်းပခဲ့တာပါ..။


ခိုင်နှင်းဝေက ချစ်သူနဲ့အတူ ပရဟိတအလုပ်တွေမှာ မနားမနေ တက်ကြွစွာ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်..။ ခိုင်နှင်းဝေကတော့ သူမအတွက် အချိန်တိုင်း အတူ ရှိနေကာ ပျော်ရွှင်မှုတွေကို ဖန်တီးပေးတဲ့ ချစ်သူကြောင့် ပျော်ရွှင်နေရသူလို့ ပြောရမှာပါ.။ မတ်လ (၁၅)ရက်နေ့မှာတော့ ချစ်သူဆီက ရရှိခဲ့တဲ့ မွေးနေ့လက်ဆောင် kiss လေးကြောင့် ပျော်ရွှင်နေတဲ့ သူမရဲ့ ပုံရိပ်လေးကို “Birthday Kiss” ဆိုပြီး မိုင်ဒေးမှာ တင်လာခဲ့ပါတယ်..။ မွေးနေ့လေးမှာ အတူတူ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံး ဖြတ်သန်းခဲ့သလိုမျိုး နောင်နှစ်ပေါင်းများစွာတိုင်အောင် အတူတူအနားရှိချင်တဲ့အကြောင်းလေးကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ တင်လာခဲ့ပါတယ်နော်..။

မွေးနေ့လေးကိုလည်း ထူးခြားမှုလေးတွေနဲ့ အထိမ်းအမှတ်ဖြစ်အောင် စာကြည့်တိုက် လှူဒါန်းခဲ့ပြီး ချစ်ရသူ တွေနဲ့ အတူ ပျော်ရွှင်ဖွယ် မွေးနေ့ ပါတီလေးကိုကျင်းပနိုင်ခဲ့တာကြောင့် ခိုင်နှင်းဝေလေးကတော့ ပျော်ရွှင်နေမယ်ဆိုတာ အသေအချာပါပဲနော် ပရိသတ်ကြီး..။ ပရိသတ်ကြီးလည်း အလှူအတန်းနဲ့ ပရဟိတအလုပ်တွေမှာ တက်ကြွစွာ လှုပ်ရှားပါဝင်လုပ်ဆောင်တတ်တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကို ချစ်ခင်ရင် အားပေးစကားလေးတွေ ရေးပေးသွားပါဦးနော်..။

Credit – Cele Connections

Zawgyi

ပရိသတ္ႀကီးေရ ပရဟိတ မင္းသမီးေလးလို႔ တင္စားရမယ့္ မင္းသမီး ခိုင္ႏွင္းေဝကိုေတာ့ ပရိသတ္ေတြ ရင္းႏွီးၿပီးသားျဖစ္မယ္ထင္ပါတယ္ေနာ္..။ မတ္လ (၁၄)ရက္ေန႔ကေတာ့ သူမရဲ႕ ေမြးေန႔ရက္ျမတ္ေလးျဖစ္ၿပီး ေမြးေန႔အထိမ္းအမွတ္အလႉအေနနဲ႔ ခိုင္မီးအိမ္ စာၾကည့္တိုက္ေလးကို ဖြင့္လွစ္ လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္..။ လႉဒါန္းခဲ့ၿပီး ညဘက္မွာေတာ့ အႏုပညာရွင္ တစ္ခ်ိဳ႕နဲ႔အတူ ေမြးေန႔ ပါတီေလးကို က်င္းပခဲ့တာပါ..။

ခိုင္ႏွင္းေဝက ခ်စ္သူနဲ႔အတူ ပရဟိတအလုပ္ေတြမွာ မနားမေန တက္ႂကြစြာ လုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္..။ ခိုင္ႏွင္းေဝကေတာ့ သူမအတြက္ အခ်ိန္တိုင္း အတူ ရွိေနကာ ေပ်ာ္႐ႊင္မႈေတြကို ဖန္တီးေပးတဲ့ ခ်စ္သူေၾကာင့္ ေပ်ာ္႐ႊင္ေနရသူလို႔ ေျပာရမွာပါ.။ မတ္လ (၁၅)ရက္ေန႔မွာေတာ့ ခ်စ္သူဆီက ရရွိခဲ့တဲ့ ေမြးေန႔လက္ေဆာင္ kiss ေလးေၾကာင့္ ေပ်ာ္႐ႊင္ေနတဲ့ သူမရဲ႕ ပုံရိပ္ေလးကို “Birthday Kiss” ဆိုၿပီး မိုင္ေဒးမွာ တင္လာခဲ့ပါတယ္..။ ေမြးေန႔ေလးမွာ အတူတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ကုန္ဆုံး ျဖတ္သန္းခဲ့သလိုမ်ိဳး ေနာင္ႏွစ္ေပါင္းမ်ားစြာတိုင္ေအာင္ အတူတူအနားရွိခ်င္တဲ့အေၾကာင္းေလးကိုလည္း သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေလးေပၚမွာ တင္လာခဲ့ပါတယ္ေနာ္..။


ေမြးေန႔ေလးကိုလည္း ထူးျခားမႈေလးေတြနဲ႔ အထိမ္းအမွတ္ျဖစ္ေအာင္ စာၾကည့္တိုက္ လႉဒါန္းခဲ့ၿပီး ခ်စ္ရသူ ေတြနဲ႔ အတူ ေပ်ာ္႐ႊင္ဖြယ္ ေမြးေန႔ ပါတီေလးကိုက်င္းပႏိုင္ခဲ့တာေၾကာင့္ ခိုင္ႏွင္းေဝေလးကေတာ့ ေပ်ာ္႐ႊင္ေနမယ္ဆိုတာ အေသအခ်ာပါပဲေနာ္ ပရိသတ္ႀကီး..။ ပရိသတ္ႀကီးလည္း အလႉအတန္းနဲ႔ ပရဟိတအလုပ္ေတြမွာ တက္ႂကြစြာ လႈပ္ရွားပါဝင္လုပ္ေဆာင္တတ္တဲ့ မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝကို ခ်စ္ခင္ရင္ အားေပးစကားေလးေတြ ေရးေပးသြားပါဦးေနာ္..။

Credit – Cele Connections

Post a Comment

Previous Post Next Post