ကုလ သုေတသနကြန္ရက္တစ္ခုရဲ႕ အစီရင္ခံစာအရ ဖင္လန္က ဒိန္းမတ္နဲ႔ ဆြစ္ဇာလန္တို႔ိကို ေက်ာ္ၿပီး ကမာၻ႔အေပ်ာ္႐ႊင္ဆုံးႏိုင္ငံအျဖစ္ သရဖူေဆာင္းသြားခဲ့ျပန္ပါၿပီ။ ေသာၾကာေန႔ (မတ္လ ၂၀)က ထုတ္ျပန္လိုက္တဲ့ Suatainable Development Solutions Network ရဲ႕ ကမာၻအရပ္ရပ္ ေပ်ာ္႐ႊင္မႈ အစီရင္ခံစာမွာေတာ့ က်န္ေနာဒစ္ေဒသႏိုင္င္ငံေတြကို ေက်ာ္ၿပီး ထိပ္ဆုံးက ရပ္တည္ေနႏိုင္ေအာင္ က်ားကန္ေပးေနတဲ့ ျမင့္မားတဲ့ ယုံၾကည္မႈေၾကာင့္လည္း ဖင္လန္ဟာ ေပ်ာ္စရာအေကာင္းဆုံးႏိုင္ငံတစ္ခု ျဖစ္ေနရတယ္လို႔ ဆိုပါတယ္။

ကိုယ့္ၾကမၼာကိုယ္ျပဌာန္းမႈနဲ႔ လြတ္လပ္မႈကို ျမင့္ျမင့္မားမားခံစားရသလို သက္သာေခ်ာင္ခ်ိေရး ဝန္ေဆာင္မႈေတြလည္း က်ယ္က်ယ္ျပန႔္ျပန႔္ရႏိုင္ၿပီး အဂတိလိုက္စားမႈလည္း နည္းပါးတဲ့အျပင္ ဒီမိုကေရစီနဲ႔ အစိုးရယႏၲရားလည္း ေကာင္းမြန္စြာ လည္ပတ္ေနတယ္လို႔ ဖင္လန္ႏိုင္ငံသားေတြက ဖြင့္ဟေျပာၾကားလာခဲ့တယ္လို႔ ဆိုပါတယ္။ကြန္ရက္ရဲ႕ ၫႊန္ၾကားေရးမႉး မစၥတာ ဂ်က္ဖရီ ဆက္ကေတာ့ ကမာၻ႔ေပ်ာ္႐ႊင္မႈအစီရင္ခံစာဟာ လူေတြကို ဘာကေပ်ာ္႐ႊင္ေစသလဲဆိုတာကို နားလည္လိုတဲ့ ေပၚလစီခ်မွတ္သူေတြအတြက္ေတာ့ အသုံးတည့္တယ္လို႔ ေျပာၾကားပါတယ္။

ရလဒ္ေတြကို ၂၀၁၇မွ ၂၀၁၉အထိ သုံးႏွစ္တာကာလအေပၚမွာ အေျခခံထားတာျဖစ္ၿပီး ဂ်ီဒီပီလို၊ မိတ္ေဆြမိသားစုေတြရဲ႕ လူမႈေရးေထာက္ပံ့မႈအျပင္ က်န္းမာတဲ့ ဘဝသက္တမ္း၊ လြတ္လပ္စြာ ေ႐ြးခ်ယ္ခြင့္၊ ရက္ေရာမႈ၊ အဂတိကင္းစင္မႈနဲ႔ လတ္တေလာ ဝမ္းနည္းဝမ္းသာ ခံစားခ်က္ေတြကို ထည့္သြင္းစဥ္းစားၿပီး အကဲျဖတ္ထားတာျဖစ္တယ္လို႔ ဆိုပါတယ္။စင္ကာပူက နံပါတ္ ၃၁မွာသာ ရပ္တည္ေနေပမယ့္လည္း အာရွမွာေတာ့ နံပါတ္ ၂၅ ထိုင္ဝမ္ရဲ႕ေနာက္ ဒုတိယအေပ်ာ္႐ႊင္ဆုံးႏိုင္ငံျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဂ်ပန္က နံပါတ္ ၆၂နဲ႔ မေလးရွားက နံပါတ္ ၈၂ အသီးသီးမွာ ရပ္တည္ေနတယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေပါင္း ၁၅၃ႏိုင္ငံထဲမွာေတတာ့ အာဖဂန္နစၥတန္က အနိမ့္ဆုံးျဖစ္ၿပီး သူ႔ေအာက္မွာ ေတာင္ဆူဒန္နဲ႔ ဇင္ဘာေဘြတို႔သာ က်န္ေတာ့တယ္လို႔ ဆိုပါတယ္။ ကမာၻ႔ေပ်ာ္႐ႊင္မႈအဆင့္မွာ အေမရိကန္ကေတာ့ တစ္ေနရာ ခုန္တက္လာၿပီး နံပါတ္ ၁၈ေနရာမွာ ရပ္တည္လာခဲ့တယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံကေတာ့ အဆင့္ ၂ ဆင့္တက္လာေပမယ့္ အာဆီယံမွာေတာ့ ေပ်ာ္႐ြင္မူအနည္းဆုံးႏိုင္ငံအျဖစ္ လာအို ကေမာၻဒီးယားတို႔ရဲ႕ေနာက္မွာသာရပ္တည္ႏိုင္ငံပါတယ္။

Ref;StraitsTimes ,Credit _Aung Moe ( XYZ News )

Unicode

ကုလ သုတေသနကွန်ရက်တစ်ခုရဲ့ အစီရင်ခံစာအရ ဖင်လန်က ဒိန်းမတ်နဲ့ ဆွစ်ဇာလန်တို့ိကို ကျော်ပြီး ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သရဖူဆောင်းသွားခဲ့ပြန်ပါပြီ။ သောကြာနေ့ (မတ်လ ၂၀)က ထုတ်ပြန်လိုက်တဲ့ Suatainable Development Solutions Network ရဲ့ ကမ္ဘာအရပ်ရပ် ပျော်ရွှင်မှု အစီရင်ခံစာမှာတော့ ကျန်နောဒစ်ဒေသနိုင်င်ငံတွေကို ကျော်ပြီး ထိပ်ဆုံးက ရပ်တည်နေနိုင်အောင် ကျားကန်ပေးနေတဲ့ မြင့်မားတဲ့ ယုံကြည်မှုကြောင့်လည်း ဖင်လန်ဟာ ပျော်စရာအကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကိုယ့်ကြမ္မာကိုယ်ပြဌာန်းမှုနဲ့ လွတ်လပ်မှုကို မြင့်မြင့်မားမားခံစားရသလို သက်သာချောင်ချိရေး ဝန်ဆောင်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ရနိုင်ပြီး အဂတိလိုက်စားမှုလည်း နည်းပါးတဲ့အပြင် ဒီမိုကရေစီနဲ့ အစိုးရယန္တရားလည်း ကောင်းမွန်စွာ လည်ပတ်နေတယ်လို့ ဖင်လန်နိုင်ငံသားတွေက ဖွင့်ဟပြောကြားလာခဲ့တယ်လို့ ဆိုပါတယ်။ကွန်ရက်ရဲ့ ညွှန်ကြားရေးမှူး မစ္စတာ ဂျက်ဖရီ ဆက်ကတော့ ကမ္ဘာ့ပျော်ရွှင်မှုအစီရင်ခံစာဟာ လူတွေကို ဘာကပျော်ရွှင်စေသလဲဆိုတာကို နားလည်လိုတဲ့ ပေါ်လစီချမှတ်သူတွေအတွက်တော့ အသုံးတည့်တယ်လို့ ပြောကြားပါတယ်။

ရလဒ်တွေကို ၂၀၁၇မှ ၂၀၁၉အထိ သုံးနှစ်တာကာလအပေါ်မှာ အခြေခံထားတာဖြစ်ပြီး ဂျီဒီပီလို၊ မိတ်ဆွေမိသားစုတွေရဲ့ လူမှုရေးထောက်ပံ့မှုအပြင် ကျန်းမာတဲ့ ဘဝသက်တမ်း၊ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ရက်ရောမှု၊ အဂတိကင်းစင်မှုနဲ့ လတ်တလော ဝမ်းနည်းဝမ်းသာ ခံစားချက်တွေကို ထည့်သွင်းစဉ်းစားပြီး အကဲဖြတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။စင်ကာပူက နံပါတ် ၃၁မှာသာ ရပ်တည်နေပေမယ့်လည်း အာရှမှာတော့ နံပါတ် ၂၅ ထိုင်ဝမ်ရဲ့နောက် ဒုတိယအပျော်ရွှင်ဆုံးနိုင်ငံဖြစ်နေတယ်လို့ ဆိုပါတယ်။ ဂျပန်က နံပါတ် ၆၂နဲ့ မလေးရှားက နံပါတ် ၈၂ အသီးသီးမှာ ရပ်တည်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံပေါင်း ၁၅၃နိုင်ငံထဲမှာတေတာ့ အာဖဂန်နစ္စတန်က အနိမ့်ဆုံးဖြစ်ပြီး သူ့အောက်မှာ တောင်ဆူဒန်နဲ့ ဇင်ဘာဘွေတို့သာ ကျန်တော့တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ပျော်ရွှင်မှုအဆင့်မှာ အမေရိကန်ကတော့ တစ်နေရာ ခုန်တက်လာပြီး နံပါတ် ၁၈နေရာမှာ ရပ်တည်လာခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကတော့ အဆင့် ၂ ဆင့်တက်လာပေမယ့် အာဆီယံမှာတော့ ပျော်ရွင်မူအနည်းဆုံးနိုင်ငံအဖြစ် လာအို ကမ္ဘောဒီးယားတို့ရဲ့နောက်မှာသာရပ်တည်နိုင်ငံပါတယ်။

Ref;StraitsTimes ,Credit _Aung Moe ( XYZ News )

Post a Comment

Previous Post Next Post