Unicode

တ ရုတ်နိုင်ငံဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (Covid-19) နှင့်သက်ဆိုင်သည့် ကောလာဟလသတင်းများ ပြန့်နေမှုနှင့် အတူ မန္တလေးမြို့ရှိ ဆန်ဆိုင်များနှင့် ကုန်စုံဆိုင်အချို့တွင် ဆန်နှင့် ခေါက်ဆွဲခြောက်များ အများအပြားလာရောက်ဝယ်ယူနေသူများကို မတ်လ ၁၃ ရက် တွင်ေ တွ့ရ သည်။

လူမှုကွန်ရက် စာမျက်နှာများမှ ကောလာဟလသတင်းပေါ်မှုတည်၍ ဆောင်ရွက်ပါက အခြေခံစားသောက်ကုန်နှင့် ပက်သက်သော ဈေးနှုန်းများ အဆမတန်ကြီးမြှင့်လာနိုင်ပြီး စားသုံးသူပြည်သူလူထုအနေဖြင့် အကြပ်အတည်းဖြင့် ရင်ဆိုင်ကြုံတွေ့လာနိုင်သဖြင့် ကောလာဟလ သတင်းများအပေါ် ထင်ယောင်ထင်မှား ယုံကြည်ဆောင်ရွက်မှုမရှိကြစေရန်နှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် သတိပြုဆောင်ရွက်သွားကြရန် မတ်လ ၁၃ ရက်နေ့တွင် ကုန်သည်စက်မှုအသင်း (မန္တလေး)က ကြေငြာချက်ထုတ်ပြ န်ထား သည်။


လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်နိုင်ငံပေါင်း ၁၁၄ နိုင်ငံအထိရှိလာနေပြီး မြန်မာနိုင်ငံတွင်မူ ကူးစက်ခံရသူမရှိသေးကြောင်း မတ်လ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ နက တရားဝန်ကြေညာချက် ထုတ်ပြန်ခံသ ည်။ဇော်ဇော်၊ ဧရာဝတီ

Zawgyi

တ ႐ုတ္နိုင္ငံဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ပြားခဲ့သည့္ ကိုရိုနာဗိုင္းရပ္စ္ (Covid-19) ႏွင့္သက္ဆိုင္သည့္ ေကာလာဟလသတင္းမ်ား ျပန႔္ေနမႈႏွင့္ အတူ မႏၲေလးၿမိဳ႕ရွိ ဆန္ဆိုင္မ်ားႏွင့္ ကုန္စုံဆိုင္အခ်ိဳ႕တြင္ ဆန္ႏွင့္ ေခါက္ဆြဲေျခာက္မ်ား အမ်ားအျပားလာေရာက္ဝယ္ယူေနသူမ်ားကို မတ္လ ၁၃ ရက္ တြင္ေ တြ႕ရ သည္။


လူမႈကြန္ရက္ စာမ်က္ႏွာမ်ားမွ ေကာလာဟလသတင္းေပၚမႈတည္၍ ေဆာင္ရြက္ပါက အေျခခံစားေသာက္ကုန္ႏွင့္ ပက္သက္ေသာ ေဈးႏႈန္းမ်ား အဆမတန္ႀကီးျမႇင့္လာနိုင္ၿပီး စားသုံးသူျပည္သူလူထုအေနျဖင့္ အၾကပ္အတည္းျဖင့္ ရင္ဆိုင္ၾကဳံေတြ႕လာနိုင္သျဖင့္ ေကာလာဟလ သတင္းမ်ားအေပၚ ထင္ေယာင္ထင္မွား ယုံၾကည္ေဆာင္ရြက္မႈမရွိၾကေစရန္ႏွင့္ ကုန္ေဈးႏႈန္း တည္ၿငိမ္ေရးအတြက္ သတိျပဳေဆာင္ရြက္သြားၾကရန္ မတ္လ ၁၃ ရက္ေန႔တြင္ ကုန္သည္စက္မႈအသင္း (မႏၲေလး)က ေၾကျငာခ်က္ထုတ္ျပ န္ထား သည္။

လက္ရွိအခ်ိန္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည့္နိုင္ငံေပါင္း ၁၁၄ နိုင္ငံအထိရွိလာေနၿပီး ျမန္မာနိုင္ငံတြင္မူ ကူးစက္ခံရသူမရွိေသးေၾကာင္း မတ္လ ၁၂ ရက္ေန႔ ည ၁၀ နာရီအခ်ိန္တြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာ နက တရားဝန္ေၾကညာခ်က္ ထုတ္ျပန္ခံသ ည္။ေဇာ္ေဇာ္၊ ဧရာဝတီ

Post a Comment

Previous Post Next Post