အမြန်လမ်းမကြီး၌ ခရီးသည်တင်မှန်လုံယာဉ် ၁ စီးအား လေးခွဖြင့်ပစ်သူ ၄ ဦးအား ဖမ်းမိပြီ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ၀၂:၀၀ အချိန်တွင် မိတ္ထီလာမြို့နယ်၊ အလယ်ရွာကျေးရွာအနီး အမြန်လမ်းမကြီး မိုင်တိုင်(၂၈၁/၁)၌ နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ဦးဝင်းဇော်ထွန်း(၄၀)နှစ် မောင်းနှင်ပြီး ခရီးသည် ၄၀ ဦး လိုက်ပါလာသော ရွှေမန်းသူ ခရီးသည်တင် မှန်လုံယာဉ်အား လမ်းယာဘက်ဘေးမှ ခဲဖြင့် ပစ်ပေါက်ခံရ၍ ယာဉ်၏ ယာဘက်ရှေ့ပိုင်းရှိ ဘေးမှန် ၁ ချပ် ကွဲအက်ခဲ့ကြောင်း သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှူး ဦးစီးသည့် အဖွဲ့မှ သွားရောက်စစ်ဆေး ရှာဖွေခဲ့ပါသည်။



သွားရောက်ရှာဖွေရာ မိုင်တိုင်(၂၈၁/ဝ)အနီး လမ်းယာဘက် ဘေး ချုံပုတ်အတွင်းမှ အောင်ကျော်မြင့်(ခ)ဖိုးလပြည့် (၁၆)နှစ် အား ၎င်းလွယ်ထားသည့် လွယ်အိတ် အတွင်းမှ လေးခွ ၁ လက်၊ ကျောက်စရစ်ခဲ ၁၉ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ ၎င်းနှင့် ထက်နိုင်ဝင်း(ခ)နိုင်းနိုင်း(၁၇)နှစ် ပါ ၃ ဦးတို့သည် လေးခွဖြင့် ငှက်ပစ်ရာမှ မော်တော်ယာဉ်အား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကျော်မြင့်(ခ)ဖိုးလပြည့်(ဖမ်းမိ)နှင့် ထက်နိုင်ဝင်း ပါ ၃ ဦးတို့အား သီးကုန်းအမြန်လမ်းမကြီးရဲစခန်း(ပ)၁၁၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉(က)/၄၂၇ (သွားလာနေသောယာဉ်အား ပစ်ပေါက်မှု/အကျိုးဖျက်ဆီးမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။



လေးစားစွာဖြင့် ခရစ်ဒက် …… ရှု့ထောင့် မှူ့ခင်း

Post a Comment

Previous Post Next Post