Unicode

ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာ မှကျောထောက် နောက်ခံမရှိ ၊ခိုကိုးရာမဲ့ နေတဲ့ အဘိုးအဘွားပါ။ဆရာတော် ဦးတေဇဝံသ နှင့် ကျနော်တို့ စိတ်တူ ကိုယ်တူ ညီ ၊ အစ်ကို မောင်နှမများနှင့် အွန်လိုင်းမှ ကုသိုလ်ရှင် များရဲ့ စတုတ္ထအကြိမ်မြောက် လှူ ဒါန်းမဲ့ အဘိုး အဘွား ပါ။ကျေးရွာ နှင့်ယာ ၄ ခင်းအကွာ တောထဲ မှာနေထိုင်ကြတဲ့ အဘိုး ဦးထက် + အဖွား ဒေါ်အေးရင်ပါ…..အိမ်လေးထဲ ဝင်ကြည့်တဲ့အခါမှာလည်းစောင် ၊ ဖျာက အစ လိုအပ်နေတာကိုမြင် တွေ့ခဲ့ရပါတယ် ။မြေကြီးပေါ် အိတ်လေးတွေ ခင်းပြီးထိုင်နေရတာကို မြင်ခဲ့ရပါတယ်။


အိမ်ကလည်း လုံလုံခြုံခြုံ မရှိပါဘူးအိမ်သုံး ၊ အသုံးအဆောင် ပစ္စည်းလည်း သိပ်မမြင်ခဲ့ရပါဘူး အတော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။အဘိုး ဦးထက်ဟာ လက်ကို ဓားထိတော့ အကျောတွေပျက်သွားခဲ့ပေမဲ့လည်း စားဝတ်နေရေးအတွက် ထန်းပြန်တက်ပြီး ဘဝကိုရုန်းကန်ခဲ့ရပါတယ် ။
ထန်းဆက်လှီးတဲ့အချိန်မှာ လက်က အရင်လို သန်သန်မာမာ မဟုတ်တော့ ထန်းပင်ပေါ်ကလိမ့်ကြခဲ့ပြန်တယ် ။အခု အသက် ၈၀ ဝန်းကျင်ဆိုတော့ အလုပ်တွေ မလုပ်နိုင်တော့ပါဘူး ။အဖွားဒေါ်အေးရင်ကလည်း နားက သိပ်မကြား ၊ မျက်စိတစ်ဖက်ကမမြင် ၊လက်တစ်ဖက်က ကျိုးနေပြန်ပါတယ်။


အဘိုးအဘွား နှစ်ယောက်လုံးက ချို့ယွင်းချက်ကိုယ်စီနဲ့ပါ ။လက်ရှိနေထိုင်တဲ့ နေရာ ၊တဲ အိမ်လေးက ရွာမှ ကိုသိန်းထွန်းရဲ့ ယာခင်းထဲမှာ ဆောက်ပေးထားကြတာလို့ သိခဲ့ရပါတယ် ။သူများ ယာခင်းလေးထဲမှာ အသက်ကြီးတဲ့ အဘိုးအဘွားတွေနေကြရပါတယ် ။

နေ့စဉ် စားဝတ်နေရေးအတွက်ထန်းပင်ပေါ်က ပြုတ်ကျတဲ့ ထန်းရွက်တွေကို ကောက် စုထားပြီးလာဝယ်သူရှိမှ လှည်းတစ်စီးနိုင်သလောက်တင် ငွေ ၃၀၀၀ ကျပ်သာရရှိပြီး ဒီငွေလေးများဖြင့် ဆန် ၊ ဆီဟင်းချက်စရာများဝယ်ပြီး ချက် ၊ ပြုတ်စားသောက်ကြရင်း ဘဝကို အသက်ရှင်နေထိုင်ရတဲ့ အဘိုးအဘွားတွေပါ ။

ကျွန်တော်တို့အဖွဲ့ထံ ကိုသိန်းထွန်း မှ ဆက်သွယ်လာ၍ သွားရောက်ကြည့်ရှု့ရာမှာ ရွှေလှိုင်းရွာရဲ့ အုပ်ချုပ်ရေးမှူးကိုယ်တိုင် လိုက်လံပြသပြီးအဘိုးအဘွားတွေအကြောင်းရှင်းပြပေးခဲ့တာဖြစ်ပါတယ် ။ဆက်သွယ်လာတဲ့ အစ်ကို နဲ့ရွာရဲ့ အုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့အားလုံးမှ အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်တော်တို့အဖွဲ့မှလှူဒါန်းချင်သောအဘိုးအဘွားများမှာ အခု လိုအမှန်တကယ် ခိုကိုးရာမဲ့ ၊ကျောထောက်နောက်ခံမရှိဖြစ်နေပြီးအခက်အခဲနဲ့ကြုံတွေ့နေရသောအဘိုးအဘွားများ ဖြစ်ပါသည် ။ပြည့်နေသောအိုးများကို ရေဖြည့်ခြင်းထက် ၊ ရေမရှိသော အိုးများကိုရေဖြည့်ပေးခြင်းက ပို၍ ဖြစ်သင့်သည်ဟု ကျွန်တော်တို့ ထင်မြင် ယူဆမိပါ၏။


ကျနော်တို့ အဖွဲ့ နောက် ၁၀ ရက်လောက်နေရင်အဘိုး ဦးထက် နှင့် အဘွားဒေါ်အေးရင် ထံ သွားရောက် လှူဒါန်းပေးမည် ဖြစ်ပါသည် ။အလှူ ရှင်များလည်း မိမိတို့ ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူ ဒါန်းနိုင်ပါတယ်ခင်ဗျာ ကျွန်တော်တို့ အဖွဲ့နှင့်အတူ လိုက်ပါ၍ကိုယ်တိုင်လည်း လှူ ဒါန်းနိုင်ပါတယ်။

မိတ်ဆွေ ၊ သူငယ်ချင်းများနှင့်အွန်လိုင်း ကုသိုလ်ရှင် များလည်း ကုသိုလ်ပါဝင် လှူ ဒါန်းနိူင် ပါကြောင်း အသိပေးနိူးဆော်လိုက်ရပါတယ်ခင်ဗျာကုသိုလ်ရှင်များ အားလုံးကိုကျေးဇူးတင်ပါတယ်….။

Credit

Aung Khaing 09789713547

Zawgyi

ေညာင္ဦးၿမိဳ႕နယ္ ေ႐ႊလႈိင္းေက်း႐ြာ မွေက်ာေထာက္ ေနာက္ခံမရွိ ၊ခိုကိုးရာမဲ့ ေနတဲ့ အဘိုးအဘြားပါ။ဆရာေတာ္ ဦးေတဇဝံသ ႏွင့္ က်ေနာ္တို႔ စိတ္တူ ကိုယ္တူ ညီ ၊ အစ္ကို ေမာင္ႏွမမ်ားႏွင့္ အြန္လိုင္းမွ ကုသိုလ္ရွင္ မ်ားရဲ႕ စတုတၳအႀကိမ္ေျမာက္ လႉ ဒါန္းမဲ့ အဘိုး အဘြား ပါ။ေက်း႐ြာ ႏွင့္ယာ ၄ ခင္းအကြာ ေတာထဲ မွာေနထိုင္ၾကတဲ့ အဘိုး ဦးထက္ + အဖြား ေဒၚေအးရင္ပါ…..အိမ္ေလးထဲ ဝင္ၾကည့္တဲ့အခါမွာလည္းေစာင္ ၊ ဖ်ာက အစ လိုအပ္ေနတာကိုျမင္ ေတြ႕ခဲ့ရပါတယ္ ။ေျမႀကီးေပၚ အိတ္ေလးေတြ ခင္းၿပီးထိုင္ေနရတာကို ျမင္ခဲ့ရပါတယ္။


အိမ္ကလည္း လုံလုံၿခဳံၿခဳံ မရွိပါဘူးအိမ္သုံး ၊ အသုံးအေဆာင္ ပစၥည္းလည္း သိပ္မျမင္ခဲ့ရပါဘူး အေတာ္ စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္။အဘိုး ဦးထက္ဟာ လက္ကို ဓားထိေတာ့ အေက်ာေတြပ်က္သြားခဲ့ေပမဲ့လည္း စားဝတ္ေနေရးအတြက္ ထန္းျပန္တက္ၿပီး ဘဝကို႐ုန္းကန္ခဲ့ရပါတယ္ ။
ထန္းဆက္လွီးတဲ့အခ်ိန္မွာ လက္က အရင္လို သန္သန္မာမာ မဟုတ္ေတာ့ ထန္းပင္ေပၚကလိမ့္ၾကခဲ့ျပန္တယ္ ။အခု အသက္ ၈၀ ဝန္းက်င္ဆိုေတာ့ အလုပ္ေတြ မလုပ္ႏိုင္ေတာ့ပါဘူး ။အဖြားေဒၚေအးရင္ကလည္း နားက သိပ္မၾကား ၊ မ်က္စိတစ္ဖက္ကမျမင္ ၊လက္တစ္ဖက္က က်ိဳးေနျပန္ပါတယ္။

အဘိုးအဘြား ႏွစ္ေယာက္လုံးက ခ်ိဳ႕ယြင္းခ်က္ကိုယ္စီနဲ႔ပါ ။လက္ရွိေနထိုင္တဲ့ ေနရာ ၊တဲ အိမ္ေလးက ႐ြာမွ ကိုသိန္းထြန္းရဲ႕ ယာခင္းထဲမွာ ေဆာက္ေပးထားၾကတာလို႔ သိခဲ့ရပါတယ္ ။သူမ်ား ယာခင္းေလးထဲမွာ အသက္ႀကီးတဲ့ အဘိုးအဘြားေတြေနၾကရပါတယ္ ။

ေန႔စဥ္ စားဝတ္ေနေရးအတြက္ထန္းပင္ေပၚက ျပဳတ္က်တဲ့ ထန္း႐ြက္ေတြကို ေကာက္ စုထားၿပီးလာဝယ္သူရွိမွ လွည္းတစ္စီးႏိုင္သေလာက္တင္ ေငြ ၃၀၀၀ က်ပ္သာရရွိၿပီး ဒီေငြေလးမ်ားျဖင့္ ဆန္ ၊ ဆီဟင္းခ်က္စရာမ်ားဝယ္ၿပီး ခ်က္ ၊ ျပဳတ္စားေသာက္ၾကရင္း ဘဝကို အသက္ရွင္ေနထိုင္ရတဲ့ အဘိုးအဘြားေတြပါ ။

ကြၽန္ေတာ္တို႔အဖြဲ႕ထံ ကိုသိန္းထြန္း မွ ဆက္သြယ္လာ၍ သြားေရာက္ၾကည့္ရႈ႕ရာမွာ ေ႐ႊလႈိင္း႐ြာရဲ႕ အုပ္ခ်ဳပ္ေရးမႉးကိုယ္တိုင္ လိုက္လံျပသၿပီးအဘိုးအဘြားေတြအေၾကာင္းရွင္းျပေပးခဲ့တာျဖစ္ပါတယ္ ။ဆက္သြယ္လာတဲ့ အစ္ကို နဲ႔႐ြာရဲ႕ အုပ္ခ်ဳပ္ေရးမႉးကို ကြၽန္ေတာ္တို႔အားလုံးမွ အထူးေက်းဇူးတင္ရွိပါသည္။

ကြၽန္ေတာ္တို႔အဖြဲ႕မွလႉဒါန္းခ်င္ေသာအဘိုးအဘြားမ်ားမွာ အခု လိုအမွန္တကယ္ ခိုကိုးရာမဲ့ ၊ေက်ာေထာက္ေနာက္ခံမရွိျဖစ္ေနၿပီးအခက္အခဲနဲ႔ႀကဳံေတြ႕ေနရေသာအဘိုးအဘြားမ်ား ျဖစ္ပါသည္ ။ျပည့္ေနေသာအိုးမ်ားကို ေရျဖည့္ျခင္းထက္ ၊ ေရမရွိေသာ အိုးမ်ားကိုေရျဖည့္ေပးျခင္းက ပို၍ ျဖစ္သင့္သည္ဟု ကြၽန္ေတာ္တို႔ ထင္ျမင္ ယူဆမိပါ၏။

က်ေနာ္တို႔ အဖြဲ႕ ေနာက္ ၁၀ ရက္ေလာက္ေနရင္အဘိုး ဦးထက္ ႏွင့္ အဘြားေဒၚေအးရင္ ထံ သြားေရာက္ လႉဒါန္းေပးမည္ ျဖစ္ပါသည္ ။အလႉ ရွင္မ်ားလည္း မိမိတို႔ ကိုယ္တိုင္ကိုယ္က်သြားေရာက္ လႉ ဒါန္းႏိုင္ပါတယ္ခင္ဗ်ာ ကြၽန္ေတာ္တို႔ အဖြဲ႕ႏွင့္အတူ လိုက္ပါ၍ကိုယ္တိုင္လည္း လႉ ဒါန္းႏိုင္ပါတယ္။

မိတ္ေဆြ ၊ သူငယ္ခ်င္းမ်ားႏွင့္အြန္လိုင္း ကုသိုလ္ရွင္ မ်ားလည္း ကုသိုလ္ပါဝင္ လႉ ဒါန္းႏိူင္ ပါေၾကာင္း အသိေပးႏိူးေဆာ္လိုက္ရပါတယ္ခင္ဗ်ာကုသိုလ္ရွင္မ်ား အားလုံးကိုေက်းဇူးတင္ပါတယ္….။

Credit

Aung Khaing 09789713547

Post a Comment

Previous Post Next Post