အီ တလီနိုင်ငံတစ်ဝန်းတွင် ပိတ်ဆို့ထိန်းချုပ်မှုများ ပြုလုပ်လိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း လျော့ကျသွားခဲ့သော်လည်း မတ် ၁၈ ဗုဒ္ဓဟူးနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်း လူပေါင်း ၄၇၅ ဦးအထိ စံချိန်တင်ေ သဆုံးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ သေဆုံးသည့် အရေအတွက်မှာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများအနက်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်တာ အတွင်းသေဆုံးခဲ့သည့် စံချိန်တင်အရေအတွ က်လည်း ဖြစ်သည်။


အီတလီမြို့ပြ ကာကွယ်ရေးအေဂျင်စီ၏ ထုတ်ပြန်မှုအရ မတ် ၁၈ တွင် သေဆုံးသူ ၄၇၅ ဦးရှိခဲ့ပြီး ဗိုင်း ရပ်စ်ကူးစက်ခံရသူ လူနာသစ် ၄၂၀၇ ဦး တွေ့ရှိခဲ့ကာ နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ရှိသူ ၃၅,၇၁၃ ဦးရှိလာပြီဟုလည်း ဆိုသည်။ ၃၁,၅၀၆ ဦးမှ ၃၅,၇၁၃ ဦးသို့တိုးမြင့်သွားခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာသစ်မှာ တစ်နေ့လျှင် ၃,၅၀၀ နှုန်းရှိေ နသည်ဟု ဆိုသည်။

ထိုကဲ့သို့တစ်ရက်အတွင်းသေဆုံးသူ စံချိန်သစ်တင် သွားခဲ့ခြင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည့် မျှော်လင့်ချက်များအတွက် ထိုးနှက် ချက်လည်း ဖြစ်ခဲ့သည်။ အီတလီမှာ ပြီးခဲ့သည့် တ နင်္ဂနွေ၊ မတ် ၁၅ က တစ်နေ့တည်း သေဆုံးသူ ၃၆၈ ဦးရှိခဲ့ရာမှ မတ် ၁၈ တွင် ၄၇၅ ဦးဖြင့် စံချိန်သစ်တင် ခဲ့ခြင်း ဖြစ်သ ည်။


အီတလီကျန်းမာရေး အာဏာပိုင်များအနေဖြင့် နိုင်ငံ၏ သေဆုံးမှုနှုန်း မြင့်မားရသည်ကို နားလည်ရန်ဆေးဘက် ဆိုင်ရာမှတ်တမ်းအချက်အလက်များ ရှာဖွေလျှက်ရှိသည်။ သေဆုံးသူများ၏ပျမ်းမျှအသက်မှာ ၇၉.၅ ဖြစ်ပြီး သေဆုံးသူ ၉၉ ရာခိုင်နှုန်းသည် ဆီးချိုနှင့် သွေးတိုးဝေဒနာ ခံစားရသူများဖြစ်ေ နသည်။

မတ် ၁၈ အထိ အီတလီအစိုးရ၏ တရားဝင်ထုတ်ပြန် မှု စာရင်းများအရ ဗိုင်းရပ်ရှိသူ ၃၅,၇၁၃ ဦး၊ ပြန်လည် ကျန်းမာလာသူ ၄,၀၂၈ ဦး၊ သေဆုံးသူ ၂,၉၇၈ ဦးရှိ
နေသည်ဟု ဆိုသ ည်။


ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီ၏ အီတလီအစိုးရက ပြည်သူများအား အိမ်ပြင်မထွက်ရန် တိုက်တွန်းထားသည်။ ဆေးဝါးနှင့် မရှိမဖြစ် စားသောက်ကုန်များကို ရောင်းချသည့်ဆိုင်များမှအပ ကျန်ဆိုင်များကို ပိတ်သိမ်းရန်လည်း ညွန်ကြားထားကာ ခရီးသွားလာမှုများကိုလည်း တင်းကျပ်စွာ ပိတ်ပင်တားမြစ်ထားသည်။ ယခုဖြစ်ရပ်မှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေသည့် မျှော်လင့်ချက်များအတွက် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။ လာမည့် ဧပြီလ တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့ထားခြင်းကို တိုးချဲ့ရန်ချိန်ဆလျှ က်ရှိသည်။

လောလောဆယ်တွင်မူ အီတလီနိုင်ငံ၏ ကူးစက်ခံရသူ ၈ ရာခိုင်နှုန်းသေဆုံးနေခြင်းမှာ မည်သည့်အတွက် အခြားနိုင်ငံများ ထက် ပိုမိုသေဆုံးရသည်ကို သိရှိရန် လေ့လာ လျှက်ရှိသည်။




( မြန်မာနိုင်ငံ၏ ၂၀၁၉-ခုနှစ် လူဦးရေမှာ ၅၄.၅ သန်းခန့်ရှိပြီး ၂၀၁၄-ခုနှစ်နောက်ပိုင်း ၅-နှစ်အတွင်း လူဦးရေ ၂-သန်းခန့်သာတိုးလာသည်။ ၂၀၁၄-ခုနှစ်သန်းခေါင်စာရင်းအရ အသက် ၆၅နှစ်အထက် ၅.၇၇ % ရှိသည်။ ပျမ်းမျှ လူ့သက်တမ်းမှာ ၆၈.၂-နှစ် ( ၂၀၁၄- ခုနှစ် ကျား ၆၆.၆ နှစ် မ-၆၉.၈-နှစ် ) ဖြစ်သည်။ လူဦးရေ၏ ၅. ၇၆ % မှာ အသက် ၆၅-နှစ်အထက်ရှိသူများြ ဖစ်သည်။
၂၀၁၉-ခုနှစ်တွင် နိုင်ငံ့လူဦးရေ၌ အသက် ၆၅ နှစ်အထက်ရှိသူအများဆုံးမှာ ဂျပန် ( ၂၆.၀ % )၊ အီတလီ ( ၂၂.၄ % )၊ ဂျာမနီ ( ၂၁.၁% ) တို့ဖြစ်ကြသည်။ ပေါ်တူဂီ၊ ဖင်လန်၊ ဘူလ်ဂေးရီးယား၊ ဂရိ၊ ဆွီဒင်၊ လတ်ဗီးယား၊ ဒိန်းမတ်တို့တွင် အသက် ၆၅-နှစ်ရှိသူများမှာ လူဦးရေ၏ ၁၉% အထက်တွ င်ရှိနေသည်။ )

Ref-DM,HA(OM)
Crd-HotNewsMyanmar

Post a Comment

Previous Post Next Post