နိုင် ငံကျော်အဆိုတော်လွှမ်းပိုင်ကတော့ ဆယ်စုနှစ်တစ်ခုကျော်အောင်မြင်မှုကို ထိန်းထားနိုင်သူတစ်ယောက်ဖြစ်ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေလည်း ဆက်တိုက်ဆိုသလို သွားရောက်နေရသူတစ်ယောက်ပါ။ချစ်ရသူလေး Bobby Soxerနဲ့လည်း သာယာချမ်းမြေ့တဲ့အချစ်ခရီးလမ်းကို တည်ဆောက်ထားပြီး နှစ်ဦးသားအတူတူ Fashion ဆိုင်တစ်ခုကိုလည်း ဖွင့်လှစ်ထားပါသေးတယ်။ပရိသတ်တွေအတွက် သူ့ရဲ့အနုပညာကိုအမြဲချပြဖို့ကြိုးစားနေသူ လွှမ်းပိုင်ကတော့ ဒီနေ့မှာ သူသွားရောက်ဖျော်ဖြေရမယ့် ရှိုးပွဲတစ်ခုကို ဖျက်လိုကြောင်း ပြောကြားခဲ့ပါတယ်။


သူကတော့ ဗန်းမော်မှာသွားရောက်ဖျော်ဖြေဖို့ ကြိုတင်စီစဉ်ထားပေမယ့်လည်း လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေအရ ပရိသတ်ကိုဦးစားပေးစဉ်းစားကာ မသွားဖြစ်တော့ဘူးလို့ ရေးသားခဲ့ပါတယ်။ “ဗန်းမော်မှာဖျော်ဖြေပွဲကဘာလို့လုပ်လို့ရနေသေးတာလဲ… ဒီလောက်တလောကလုံး Lock Downတွေလုပ်နေတာတောင် မြန်မာပြည်မှာကတော့ပွဲပါမစ်ရတယ်ဆိုတဲ့ဟာနဲ့ လာကြည့်မယ့်ပရိသတ်တွေ ဖျော်ဖြေမယ့်သူတွေရဲ့ကျန်းမာရေး၊အသက်အန္တရာယ်နဲ့ လဲလှယ်ပေးရမလား?????ကျွန်တော်တော့ ကျွန်တော့်ပရိတ်သတ်တွေကိုအဆိပ်ခတ်မယ့်သူ မဖြစ်လိုပါ…ဒါကြောင့်ဗန်းမော်မှာဖျော်ဖြေပွဲကို ကျွန်တော်လာရောက်မဖျော်ဖြေနိုင်ပါ။စရံပြန်ပေးပါမည်(သို့မဟုတ်)အစိုးရကပွဲကျင်းပခွင့်ပြုသည်ဟုကြေငြာပြီးနောက် ကြိုက်တဲ့ရက်ပွဲလုပ်ပါပြန်ဆိုပေးပါမည်) ယခုတော့မဆိုနိုင်ပါ။ မဖြစ်ခင်ကြိုတင်ကာကွယ်ပါ တာဝန်ရှိသူများတာဝန်အပြည့်ယူကြပါ။ မြန်မာပြည်ကြီးအေးချမ်းပါစေလို့ဆုတောင်းရင်း” ဆိုပြီးရေးသားခဲ့ပါတယ်။



လတ်တလော ကမ္ဘာအရပ်ရပ်မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ တရုတ်ပြည်၊ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားလာခဲ့တာ အခုဆိုရင် နိုင်ငံပေါင်း(၁၆၃)နိုင်ငံမှာ ဖြစ်ပွားနေပြီဖြစ်ပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပါ မထိန်းချုပ်နိုင်သေးတာမို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးတွေကို ရှောင်ကြဉ်ဖို့ သတင်းထုတ်ပြန်ထားပြီး အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ပွဲအချို့ဖျက်သိမ်းနေတဲ့အပြင် ရုပ်ရှင်ရုံတွေပါ ယာယီပိတ်သိမ်းနေတဲ့အထိ စီမံချက်တွေ လုပ်နေပြီဖြစ်ပါတယ်။လွှမ်းပိုင်ကတော့ ဒီလိုအခြေအနေမျိုးမှာ တာဝန်သိစိတ်ရှိတဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ သူကိုယ်တိုင် ပရိသတ်တွေကို အဆိပ်ခတ်မယ့်သူမဖြစ်ချင်ဘူးဆိုပြီး ပွဲမှာလာမဆိုဖြစ်ကြောင်း မျှဝေခဲ့တာဖြစ်ပါတယ်။မဖြစ်ခင်က ကြိုတင်ကာကွယ်ရမှာ နိုင်ငံသားတိုင်းရဲ့တာဝန်မို့ ကိုယ်ကျိုးစွန့်ပြီး စရံပြန်ပေးမယ့်လွှမ်းပိုင်ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။


Source – Hlwan Paing
Rainbow- Cele Gabar

Post a Comment

Previous Post Next Post