Unicode

ရန် ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသော နယ်လိုင်စင်တက္ကစီများကို လုပ်ငန်းလိုင်စင်ဥပ ဒေနှင့်အညီ အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA) က မတ် ၁၁ ရက်တွင် ပြောကြား သည်။

ရန်ကုန်တိုင်းအတွင်း နယ်လိုင်စင်ဖြင့်ပြေးဆွဲနေသော တက္ကစီကားများကိုထိန်းချုပ်အရေးယူနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားပြီး YRTA၊ ကညနနှင့် လုပ်ငန်းလိုင်စင်ပြုလုပ်ပေးသည့် သယ်ယူပို့ဆောင်ရေးအဖွဲ့တို့အား စည်းမျဉ်းဥပဒေနှင့်အညီ ထိန်းချုပ်နိုင်ရန်တာဝန်ပေးထားကြောင်း သိ ရ သည်။

”အခု ကျွန်တော်တို့ဆီမှာ တက္ကစီတွေမှတ်ပုံတင်ထားတာက ၆၅ဝ၆၂ဝ စီးရှိပါတယ်။ ရန်ကုန်တိုင်းမှာ တက္ကစီနဲ့သယ်ယူပို့ဆောင်ရေးက အရေးကြီးပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ တက္ကစီယာဉ် တွေဟာ လိုအပ်တဲ့အခွန်တွေပေးဆောင်တယ်။

စီးတီးတက္ကစီမှတ်ပုံတင်တယ်။ အခြားတိုင်းဒေသကြီးက တက္ကစီယာဉ်တွေဝင်ရောက်ပြေးဆွဲမှု ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YRTA ရယ်၊ ကညန ရယ်၊ လုပ်ငန်းလိုင်စင်ပြုလုပ်ပေးနေတဲ့ ဌာနရယ်၊ ဌာနသုံးခုကို တာဝန်ပေးပြီးတော့ အခြားတိုင်းဒေသကြီးများမှ တက္ကစီယာဉ်တွေ ဒီတိုင်းဒေသကြီးမှာပြေးဆွဲတဲ့အပေါ် ဥပဒေနဲ့အညီ ထိန်းသိမ်းဆောင်ရွက်ပေးနိုင်ဖို့ တာဝန်ပေးအပ်ထားပါတယ်”ဟု (YRTA) တွဲဖက်အတွင်းရေးမှူးဦးလှအောင်က ပြောကြား သည်။

ရန်ကုန်မြို့ တွင်းပြေးဆွဲနေသည့်နယ်လိုင်စင်တက္ကစီများကို ထိန်းချုပ်နိုင်ရန်အတွက်YRTA တွင် မှတ်ပုံတင်ထားသည့် City Taxi စာရင်းနှင့် ကညနတွင် မှတ်ပုံတင်ထားသည့်အငှားယာဉ်စာရင်းတို့ ကို ယခင်လများတွင် တိုက်ဆိုင်စစ် ဆေးနေလျက်ရှိကြောင်း သိရသ ည်။

မတ် ၁ဝ ရက်က ကျင်းပခဲ့သည့် YRTA ဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ဦးဆောင်သော အစည်းအဝေးမှာလည်း ဒီကိစ္စရပ်အပေါ်မှာ ထပ်မံပြီးတာဝန်ပေးအပ်ထားပါတယ်။ မိမိတိုင်းဒေသကြီးတွေ ဖွံ့ဖြိုးဖို့အတွက်ကို တက္ကစီယာဉ်များတင်သွင်းခြင်းကိုဆောင်ရွက်ခဲ့တာရှိပါတယ်။ အဲဒီတင်သွင်းတဲ့ တက္ကစီယာဉ်တွေဟာ ရာသက်ပန်တက္ကစီတွေလုပ်ရမယ်။ အဲဒီတက္ကစီတွေဟာ မိမိတို့တိုင်းဒေသ၊ ပြည်နယ်များ မှာပဲ ပြေးဆွဲရမှာဖြစ်ပါတယ်။ သို့သော် အခုကျွန်တော်တို့ဆီမှာ AYY ရှိတယ်။ မွန်ရှိတယ် အကုန်လုံး ရှိတယ်။

ဒီလိုတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးပေးတဲ့ကားတွေက ဒီဘက်ကိုရောက်လာပြီး အခြေပြုဆောင် ရွက်တာဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးစီးတီးတက္ကစီကားတွေအပေါ် ယှဉ်ပြိုင်မှုတွေဖြစ်လာခဲ့တယ်။ ဒါတွေကို ကျွန်တော်တို့ဘ က်က စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့အညီ ထိန်းကျောင်းပေးနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဌာန ၃ ခုကို တာဝန်ပေးထားလို့ စိစစ်ပြီး တင်ပြဆောင်ရွက်သွားမယ် ဆိုတာ တင်ပြအပ်ပါတယ်”ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆက်လက်ပြောဆိုပါ သည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲမောင်းနှင်နေသည့် ရန်ကုန်လိုင်စင် အငှားယာဉ်တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင်လာရောက်ပြုလုပ်ထားသည့် လက်ရှိ YRTA တွင် မှတ်ပုံတင်ထားသော ယာဉ်စီးရေမှာ ၆၇,၇၈၈ စီးရှိသည်။ ကညနတွင်ရှိသော Taxiယာဉ်စီးရေစာရင်းမှာ ၆၈,၁၈၆ စီးရှိနေပြီး AA, BB,CC အစရှိသည့် ရာသက်ပန်အက္ခရာအပူးတက္ကစီယာဉ် ၄၇၃ စီးနှင့် ရာသက်ပန်မဟုတ်သည့် အက္ခရာနှင့်နံပါတ် ယာဉ်စီးရေ ၁ရဝ၂ စီး၊ စုစုပေါင်း ၂၁၇၅ စီးမှာ ပယ်ဖျက်ရမည့်စာရင်းထဲတွင်ပါရှိနေရာ စီးတီးတက္ကစီမှတ်ပုံတင်ရန် တက္ကစီ ၃၉၈ စီးမှာ ကျန်ရှိနေသေးကြောင်း သိရ သည်။

လေးစားစွာဖြင့် ခရစ်ဒက် …… News Watch

Zawgyi

Post a Comment

Previous Post Next Post