ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူCase 5 လူနာ သေဆုံး
===================
မင်္ဂလာတောင်ညွန့်မြို့နယ် ၊၁၀၁လမ်းရှိ အသက် ၆၉နှစ်အရွယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ case5 လုနာသည် ယနေ့နံနက် ၇နာရီ ၄၀ မိနစ်တွင် ဝေဘာဂီဆေးရုံ၌ကွယ်လွန်သွားကြောင်းသိရသည်။

အဆိုပါ လူနာသည် နှာခေါင်းကင်ဆာဝေဒနာခံစားနေရပြီး ဩစတြေးလျနိုင်ငံတွင် ဆေးကုသမှုခံယူကာမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“သူကကင်ဆာရာဂါသည်ဆိုတော့ ဆုံးတာကဘာကြောင့်ဆုံးလည်းမသိရသေးဘူး ဓာတ်ခွဲခန်းအဖြေစောင့်နေတုန်းပါ “ဟု မင်္ဂလာတောင်ညွန့်မြို့နယ်၊ဖို့မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်ကူးစပ်ခံရသူ ၁၄ဦးအထိရှိလာပြီဖြစ်ကာ ယခုလူနာသည်ကူးစက်ခံထားရသူများတွင် ပထမဆုံးသေဆုံးသူဖြစ်သည်။

နှင်းနုဝေ
သတင်း၊ဓာတ်ပုံ
ပုံစာ -မတ်လ ၃၀ရက်နံနက်ပိုင်းက case5 လူနာအိမ်ရှိ မိသားစုဝင်များအားကျန်းမာရေးစစ်ဆေးနေစဉ်


Credit Pyi Myanmar

Post a Comment

Previous Post Next Post