ချင်းမိုင်မြို့ ချန့်ဖူ့အက် ( ဆင်ဖြူရပ် ) တွင်နေထိုင်သော ဧည့်လမ်းညွှန်လုပ်ကိုင်သော ထိုင်းနိုင်ငံသား အသက် ၅၉ နှစ်အရွယ် Mr.Anuphat သည် နေအိမ်တိုတန်းလျား အခန်းတွင် ၎င်း၏ခါးပတ်ကြိုးဖြင့်ကြိုးဆွဲချသေဆုံးမှုတစ်ခုဖြစ်ခဲ့သည်ဟုသိရ ။

နေအိမ်အခန်းဘေးမှနီးစပ်သူတွေရဲပြောပြချက်အရသေဆုံးသူသည် ယခုအခန်းတွင်နှစ်ပေါင်း ၂၀ ခန့်နေထိုင်ခဲ့သူဖြစ်ပြီး ဟိုတယ်များနှင့်ချိတ်ဆက်ကာ မြို့တွင်းခရီးသွားဧည့်လမ်းညွှန်အဖြစ် အသက်မွေးဝမ်းကြောင်းပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း ၊ အသက်အရွယ်ကြီးလာသဖြင့် ရောဂါအခံများလည်းရှိနေကြောင်းနှင့် ဒီရက်ပိုင်အတွင်း အခန်းအပြင်သို့မထွက်သဖြင့် အခန်းဘေးကပ်လျက်မှ မိတ်ဆွေများမှရဲတပ်ဖွဲ့သို့အကြောင်းတိုင်ကြားခဲ့ကြောင်း ထို့နောက်အခန်းတွင်းသို့ဝင်ရောက်စစ်ဆေးစဉ် ကြိုးဆွဲချသေနေသည်ကိုမြင်တွေ့ခဲ့ကြရသညါဟုဆိုပါသည်။
ရဲတပ်၏သုံးသပ်ချက်အရ သေဆုံးသည် Covid-19 ရောဂါပိုးကြောင့်ချင်းမိုင်မြို့နယ်အတွင်း ခရီးသွားလုပ်ငန်းများထိခိုက်ပြီး အလုပ်လက်မဲ့ဖြစ်နေမှုအပေါ်ယခုလိုမိမိကိုယ်မိမိအဆုံးစီရင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်ကာ ရုပ်အလောင်းအား ချင်းမိုင်မြို့” မဟာရတ် ” ဆေးရုံသို့ပို့ဆောင်ကာ အသေးစိတ်စစ်ဆေးမှုများပြုလုပ်သွားမည်ဟုသိရှိရပါသည် ။

From Sithu Mg’s FB

Post a Comment

Previous Post Next Post