ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်ဟာ အင်္ဂလန်မှာ COVID-19 ရဲ့ ရောဂါလက္ခဏာများ ခံစားနေရတယ်လို့ သားဖြစ်သူ မိုးအောင်ရင်က ပြောပါတယ်။

လက်ရှိအချိန်မှာ မိုးအောင်ရင်ရဲ့ မိသားစုတွေဖြစ်တဲ့ ဖခင် အောင်ရင်နဲ့ မိခင်တို့ ဟာ အင်္ဂလန်မှာရောက်ရှိနေတာဖြစ်ပြီး ပြန်လာလို့ မရတဲ့အခြေအနေတစ်ခုကို ကြုံခဲ့တာဖြစ်ပါတယ်။ ညီမဖြစ်သူကတော့ COVID-19 ကူးစက်ရာ နံပါတ်တစ် စာရင်းမှာရောက်ရှိနေပြီဖြစ်တဲ့ အမေရိကန်မှာ ရောက်ရှိနေတာကြောင့် သူ့အနေနဲ့ မိသားစုတစ်ခုလုံးကို စိတ်ပူပန်နေရတာဖြစ်ပါတယ်။


ဖခင်ဖြစ်သူ အဆိုတော်အောင်ရင်က လက်ရှိမှာ အဖျားမရှိတာကလွဲပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေအတိုင်း ခံစားနေရတယ်လို့ သားဖြစ်သူ မိုးအောင်ရင်ကဆိုပါတယ်။ သူငယ်ချင်း ဆရာဝန်တစ်ယောက်ရဲ့ ပြောချက်အရ အဆိုတော် အောင်ရင်ဟာ COVID-19 ရောဂါပိုးကူးစက်ခံထားရပြီလို့ ဆိုပါတယ်။ ရောဂါပိုးကူးစက်ခံနေရပြီဖြစ်ပေမယ့် ရောဂါအခြေအနေမဆိုးဝါးတာကြောင့် အိမ်တွင်းမှာပဲ Self Quarantine လုပ်နေပြီး မိခင်ဖြစ်သူနဲ့လည်း သီးခြားခွဲနေနေတယ်လို့ မိုးအောင်ရင်က ပြောပါတယ်။
အသက်ရှုကြပ်ခြင်း စတဲ့ ရောဂါလက္ခဏာများဆိုးဝါးလာပါက Quarantine Center သို့ သွားရောက်မှာဖြစ်တဲ့အကြောင်းကိုလည်း ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ရောဂါအခြေအနေမဆိုးဝါးသေးတာကြောင့် မိမိရောဂါပိုး သူများကို မကူးစက်အောင် အိမ်ပြင်မထွက်ပဲ အိမ်တွင်းမှာပဲ Quarantine ပြုလုပ်နေတာဖြစ်ပါတယ်။


အဆိုတော် အောင်ရင်ဟာ ရောဂါလက္ခဏာတွေခံစားနေရတာ ယခုဆိုရင် (၈) ရက်မြောက်နေ့ကိုရောက်ခဲ့ပြီဖြစ်ကြောင်းနဲ့ လက်တလောမှာ ရောဂါဖြစ်နေပေမယ့် အခြေအနေကောင်းမွန်နေတာကြောင့် နောက် (၈) ရက်ကြာမှ အခြေအနေကောင်းမွန်ပါက ဒီရောဂါကို ကျော်လွန်နိုင်ပြီဖြစ်တယ်လို့ သတ်မှတ်လို့ရကြောင်း သားဖြစ်သူ မိုးအောင်ရင်ကပြောပါတယ်။


ပရိသတ်တွေလည်း ယခုပျံ့ပွားနေတဲ့ COVID-19 ရောဂါမဖြစ်ပွားရေးအတွက် သက်ဆိုင်ရာက ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး အတူတိုက်ဖျက်ကြရအောင်လို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်နော်။

Cele Star

Post a Comment

Previous Post Next Post