ယခုလက်ရှိအချိန်မှာ Covid-19 ရောဂါကာကွယ်ရေးပစ္စည်းတွေဟာ ရွှေလိုရှားပါးနေတာကို သင်လည်းသိမှာပါ။ အထူးသဖြင့် ဥရောပမှာပေါ့။ သေဆုံးသူနဲ့ ကူးစက်ခံရသူဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးလို့လာပါတယ်။ သို့ပေမယ့် ဥရောပနိုင်ငံအများစုဟာ တရုတ်နိုင်ငံထုတ် ရောဂါကာကွယ်ရေးပစ္စည်းတွေကို အရည်အသွေးကြောင့် နိုင်ငံအတွင်းသို့ တင်သွင်းခွင့် မပြုကြပါဘူး။

အစောပိုင်းကာလမှာ တရုတ်နိုင်ငံထံမှ စပိန်၊နယ်သာလန်နဲ့ တူရကီနိုင်ငံတို့က ရောဂါစမ်းသပ်ရေးကိရိယာနဲ့ Masks တွေအမြောက်အမြားမှာယူခဲ့ပေမယ့် အရည်အသေးမမှီဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ယခုဆိုရင် ဥရောပမှာကူးစက်ခံရသူဟာ သိန်းဂဏန်းဖြစ်နေပါပြီ။ ဒါ့အပြင် လူ ၁သောင်းကျော် အသက်ဆုံးရှုံးခဲ့ရပြီလည်းဖြစ်ပါတယ်။


စနေနေ့က ဒတ်ချျျ်ကျန်းမာရေးဝန်ကြီးဌာနက သူတို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖြန့်ဝေပြီးဖြစ်တဲ့ Face Masks ပေါင်း အခု ၆သိန်းကို ပြည်လည်သိမ်းယူပါတယ်။ ထို Masks တွေဟာ မတ်လ ၂၁ ရက်နေ့က တရုတ်နိုင်ငံက တင်သွင်းလာတာဖြစ်ပါတယ်။ အကြောင်းကတော့ တရုတ်ထုတ် Masks တွေဟာ ထောက်ခံစာအပြည့်အစုံပါပေမယ့် လက်တွေ့မှာတော့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ လုံခြုံမှုအပြည့်မပေးနိုင်လို့ ၊ အရည်အသွေးမမှီလို့ ပဲဖြစ်ပါတယ်။ အခြားသောမှာယူထားတာတွေကိုလည်း ဆက်လက်အသုံးမပြုကြဖို့ အစိုးရက တိုက်တွန်းထားရပါတယ်။

စပိန်အစိုးရကလည်း တရုတ်နိုင်ငံမှ တင်သွင်းတဲ့ ရောဂါကာကွယ်ရေးစမ်းသပ်ကိရိယာတွေဟာ အရည်အသွေးမမှီဘူးလို့ ထုတ်ပြန်ပါတယ်။ စပိန်အစိုးရဟာ တရုတ်ထံမှာ ရောဂါစစ်ဆေးရေးကိရိယာအစုံပေါင်း သိန်းချီဝယ်ယူခဲ့တာဖြစ်ကာ ၎င်းတို့အထဲမှ အခု ၆သောင်းလောက်ဟာ အဖြေအမှားတွေကို ထုတ်ပေးတယ်လို့ ဆိုပါတယ်။ ပိုဆိုးတာက စပိန်နိုင်ငံနဲ့ချိတ်ဆက်တင်ပို့ခဲ့တဲ့ တရုတ်ဆေးပစ္စည်းထုတ်လုပ်ရေး( Shenzhen Bioeasy) ဟာ တရုတ်နိုင်ငံရဲ့ ခွင့်ပြုချက်တောင်မရှိပါဘူးတဲ့။


သို့သော်လည်း Alibaba ကနေတစ်ဆင့် ကူညီပေးပို့ခဲ့တဲ့ ဆေးပစ္စည်းတွေကတော့ အဆင်ပြေတယ်လို့ စပိန်အစိုးရကဆိုပါတယ်။ တူရကီနိုင်ငံကတော့ တရုတ်နိုင်ငံကနေ ရောဂါစမ်းသပ်ကိရိယာ အစုံတော်တော်များများမှာယူခဲ့ပေမယ့် အခု ၃သိန်းခွဲလောက်သာ တိကျတဲ့အဖြေကို ထုတ်ပေးပြီး ကျန်ပစ္စည်းတွေကတော့ အရည်အသွေးမမှီဘူးလို့ ဆိုပါတယ် ယခုလို ပြသနာတွေနဲ့ ကြုံလာတော့ တချို့က Covid-19 ဟာ တရုတ်နိုင်ငံရဲ့ ကမ္ဘာကိုလွှမ်းမိုးချင်တဲ့ရည်ရွယ်ချက်နဲ့ ဖြန့်ခဲ့တဲ့ ရောဂါလို့တောင်ဆိုနေကြပါတယ်။

ဥရောပတစ်ဝှမ်း တနင်္လာနေ့နောက်ဆုံးရသတင်းတွေကတော့ စပိန်မှာ ၂၄နာရီအတွင်း ၈၁၂ ဦးသေဆုံးကာ စုစုပေါင်းသေဆုံးကာ စုစုပေါင်းသေဆုံးသူ ၇၃၄၀ ဦးရှိလာပြီဖြစ်ပါတယ်။ ကူးစက်ခံရသူအရေအတွက်ဟာ တရုတ်နိုင်ငံကို ၈၅,၀၀၀ဦးနဲ့ ကျော်လွန်သွားပြီလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေလည်ပတ်ရမယ့်လုပ်ငန်းမှ ဝန်ထမ်းမဟုတ်လျှင် အိမ်အပြင်မထွက်ကြဖို့ တိုက်တွန်းနေပါပြီ။

အီတလီကတော့သေဆုံးသူဦးအမြင့်ဆုံးအဖြစ် ဆက်လက်ရပ်တည်နေကာ ကူးစက်ခံရသူ ဦးရေ ၁သိန်းနဲ့ သေဆုံးသူဦးရေ ၁သောင်းကျော်ပြီလည်းဖြစ်ပါတယ်။ အမေရိကန်ဟာ ကူးစက်ခံရသူဦးရေ အများ ဆုံဖြစ်နေပေမယ့် သေဆုံးသူဦးရေက အီတလီက ပိုမိုများပြားပါတယ်။ ကမ္ဘာကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ။

Writer- ZWP ( The Lifestyle Myanmar )
Source- BBC

Post a Comment

Previous Post Next Post