ရန်ကုန်- နိုင်ငံတစ်ဝန်းလုံးရှိ သီတဂူဆေးရုံပေါင်း ၄၀ ကျော်ကို COVID-19 ရောဂါစောင့်ကြည့် နေရာများအဖြစ် အသုံးပြုနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့က ယနေ့ ထုတ်ပြန်သည်။


သက်ဆိုင်ရာမြို့နယ် ကျန်း မာရေးဌာနနှင့် ဆွေးနွေးတိုင်ပင် ၍ အသုံးပြုနိုင်ရန် ခွင့်ပြုလိုက် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဆေးရုံတစ်ရုံလျှင် ပျမ်းမျှလူ ၅၀ ခန့် ထားရှိရန် ကြိုတင်ပြင်ဆင်မှုများလည်း ဆောင်ရွက်ထား ကြောင်း သီတဂူအာယုဒါန အုပ်ချုပ်ရေးမှူးဆရာတော် ဒေါက်တာအရှင်သေဋ္ဌိလက မိန့်ကြား သည်။



‘‘မိုးမပြိုဘူးပေါ့။ ပြိုခဲ့သည်ရှိသော် ဒီမှာအဆင်သင့် ပြင်ထားပါတယ်။ ဆရာတော်ကြီး ကိုယ်တိုင် ဆေးရုံတွေကိုပြော ပြီးတော့ခွင့်ပြုလိုက်လို့ ဆိုပြီးတော့ အမိန့်ပေးလိုက်တာပါ’’ ဟု ဒေါက်တာအရှင် သေဋ္ဌိလက မိန့်သည်။အဆိုပါ သီတဂူဆေးရုံများ မှာ ရန်ကုန်၊ မန္တလေး၊ မကွေး၊စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီတိုင်း အတွင်းတည်ရှိပြီး ဆေးရုံပေါင်း ၃၀ရှိသည်။အလားတူ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဆေးရုံပေါင်း ၁၄ ရုံရှိပြီး အချို့မှာ တည်ဆောက်ဆဲ ဖြစ်သည်။


ဆဲဗင်းဒေး

Post a Comment

Previous Post Next Post