COVID-19 ရောဂါကူးစက်မှု ထိန်း ချုပ်နိုင်ရေး အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်ထက်ဝက် လျှော့ချတင်ဆောင်၍ ယာဉ်စီးခနှစ်ဆတိုးမြှင့်ရောင်းချရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန က မတ် ၂၈ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန် ခဲ့သည်။


လမျးကွောပိတျဆို့မှု - Logistics Guide

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ မှ COVID-19 ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူများကို စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ရော ဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရန် လူစုလူဝေးဖြင့် ခရီးသွားလာခြင်းများကို ကန့်သတ် ထိန်းချုပ်ထားသောကြောင့် ခရီးသည်တင် ယာဉ်များအနေဖြင့် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါမည့် ခရီးသည်များကို ထက်ဝက် လျှော့ချကာ ယာဉ်စီးခကိုလည်း နှစ်ဆတိုး မြှင့်ရောင်းချသွားရန်ဟု ပါရှိသည်။



အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ယာဉ်စီးခနှစ်ဆ တိုးမြှင့်ရောင်းချရမည့်ရက်ကို မတ် ၂၈ ရက်မှ ဧပြီ ၃၀ ရက်အထိ သတ် မှတ်ထားပြီး ယင်းကာလအတွင်း ခရီးသည်ဦးရေ ထက်ဝက်လျှော့၍ တင်ဆောင်ရမည်ဖြစ်သည်။

ထို့အတူ COVID-19 ရောဂါ ကူးစက်မှုထိန်းချုပ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မတ် ၂၇ ရက် အစည်းအ ဝေးဆုံးဖြတ်ချက်အရ မန္တလေးတိုင်းဒေသကြီးနှင့် မန္တလေးမြို့မှ ထွက်ခွာသည့် ခရီးသည်တင်ယာဉ်အသင်းများ၊ ဝင်ရောက်လာ သည့် ယာဉ်အသင်းများအနေဖြင့် မတ် ၂၈ ရက်မှ ဧပြီလကုန်အထိ ယာဉ်အမျိုးအစား အလိုက် တင်ဆောင်နိုင်သည့် ခရီးသည်ဦးရေ ထက်ဝက်ကိုသာ လက်မှတ်ရောင်းချတင် ဆောင်ပြေးဆွဲရန်၊ ခရီးသည်အရေအတွက် လျှော့ချတင်ဆောင်ပြေးဆွဲရမည်ဖြစ်သည့်အတွက် ယာဉ်အသင်းများနစ်နာမှုမရှိစေရန် လက်မှတ်ခကို လက်ရှိသတ်မှတ်ဈေး၏နှစ်ဆဖြင့် ရောင်းချရန် ညွှန်ကြားထားကြောင်း သိရသည်။

“ညွှန်ကြားစာကို ဒီနေ့ ပို့ဆက်ကနေ လည်း ဂိတ်တွေကို လိုက်လံအသိပေးသလို ကျွန်တော်တို့ ယကက အဖွဲ့ကလည်း သူတို့ ညွှန်ကြားစာအတိုင်း အသိပေးထားပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းကြီး ကြပ်မှုကော်မတီ(အဝေးပြေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်အတွင်းနှင့် ရှမ်း ပြည်နယ် အခြေပြုယာဉ်လိုင်းများအား ယာဉ် တစ်စီးလျှင်ပုံမှန်တင်ဆောင်နေသည့် ခရီး သည်အရေအတွက်၏ တစ်ဝက်ကိုသာ တင်ရန်နှင့် ခရီးသည်တစ်ဦးလျှင် ယာဉ်စီးခနှုန်း ကို ပုံမှန်နှုန်းထက် နှစ်ဆတိုးမြှင့်ကောက်ခံရေး ဆောင်ရွက်သွားရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။

မူဆယျမွို့မှ အဝေးပွေးခရီးသညျ ယာဉျ ...
အဆိုပါ ညွှန်ကြားချက်ကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အလိုက် မော်တော်ယာဉ် လိုင်းအသင်းများထံ ဖြန့်ဝေခဲ့ပြီး ပုဂ္ဂလိက ယာဉ်လုပ်ငန်းရှင်များကလည်း ခရီးသည် တစ်ဝက်သာတင်ဆောင်ရန်နှင့် ယာဉ်စီးခ နှုန်းထားကို နှစ်ဆကောက်ခံကြရန် အစည်း အဝေးများ ပြုလုပ်၍ အသိပေးထားကြပြီး ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပါက အ ရေးယူသွားမည်ဖြစ်သည်။

EMG

Post a Comment

Previous Post Next Post