ပရိသတ်တွေရဲ့ အချစ်တော် ဦးအောင်ရင်ကတော့ လတ်တလောမှာ အင်္ဂလန်နိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး Covid-19 ရောဂါ ကူးစက်ခံရတဲ့ လက္ခဏာတွေကို ခံစားနေခဲ့ရကာ ရောဂါပိုးလည်းတွေ့ရှိထားပါသေးတယ်။ ဦးအောင်ရင်ကတော့ ရောဂါဝေဒနာတွေကို ခံစားနေရပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူကိုတော့ ကူးစက်ခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်။


အခုလို ဦးအောင်ရင်ရဲ့ စိတ်မကောင်းစရာ သတင်းကြောင့် ပရိသတ်တွေကတော့ ဦးအောင်ရင်ကို စိုးရိမ်ပူပန်နေခဲ့ကြတာတွေရှိနေကြပါတယ်။ ပရိသတ်တွေစိုးရိမ်နေကြတဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဦးအောင်ရင်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ အခုလိုပဲ ရှင်းလင်းပြောပြပေးခဲ့တာ ဖြစ်ပါတယ်။

” ကျနော်တို့ ဘိလပ်က သမားတော် ဒေါက်တာ သက်ကိုကို တင်တဲ့ပိုစ့်ပါ ။ ကျနော့်ကို Covid 19 positive ဖြစ်နိုင်ကြောင်းပြောတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ် မြန်မာပြည်ကအမျိုးတွေလည်း သိစေချင်လို့ ဒီပို့စ်ကိုတင်ပါတယ်ခင်ဗျ ….ရောဂါအကူးခံရသူထဲက
81% mild symptoms- ( တုတ်ကွေးလိုခံစားရမယ် ) အိမ်မှာနေရင်းသူ့အလိုလိုရောဂါပျောက်ပါတယ်။ အများသူငါမကူးအောင် အိမ်မှာ နေပေးရပါမယ်။ 14 % severe symptoms- ( အသက်ရှုမဝဖြစ် ) ဆေးရုံတက်ရပါမယ်။ supportive care ကုသခံရပါမယ်။ 5% critical- ICU တင်ရပါမယ်။ 5% ICU တင်တဲ့ အထဲ က 86% သေပါတယ်။ ” ဆိုပြီး ဘိလပ်က သမားတော်ကြီးရဲ့ ပို့စ်ကို ပြန်လည်မျှ၀ေပေးခဲ့တာ ဖြစ်ပါတယ်။


ဒါ့ကြောင့် ပရိတ်သတ်ကြီးလည်း မဖြစ်မနေ အိမ်ပြင်ထွက် အလုပ်လုပ်ရတာ စျေး၀ယ်ရတာကလွဲပြီး အိမ်ပြင်မထွက်ကြဖို့ မှာချင်ပါတယ်နော်။ တကယ်လို့ အပြင်ကနေ ပြန်ရောက်ပြီဆိုရင်လည်း လက်ကို စနစ်တကျနဲ့ စက္ကန့် ၂၀ ကြာအောင်ဆေးပါနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ပရိတ်သတ်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေရှင်။

Post a Comment

Previous Post Next Post