ချစ် ဖူးခဲ့သမျှသီချင်းနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ခဲ့သူလေးကတော့ ပြည်သူချစ် အဆိုတော်မလေး ပိုပိုပါ ။ မိဘတွေမရှိတော့ပေမယ့် ဝါသနာပါတဲ့ အနုပညာအလုပ်ကို တစိုက်မတ်မတ် ကြိုးစားရင်း ၊ ကိုယ်ထူကိုယ်ထ ရုန်းကန်ရင်း အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့ရတဲ့ ပိုပိုကတော့ လွယ်လွယ်နဲ့အောင်မြင်မှုကို အရယူနိုင်ခဲ့တာတော့မဟုတ်ပါဘူး ။ အောင်မြင်မှုရဲ့နောက်ကွယ်မှာ သူမရဲ့ ကြိုးစားမှုတွေ ၊ ပင်ပန်းမှုတွေ ၊ အထီးကျန်မှုတွေကိုတော့ ပိုပိုပရိသတ်တွေအသိဆုံးဖြစ်မှာပါ ။

မတ်လ (၁) ရက်နေ့ကတော့ သူမရဲ့အနုပညာမှတ်တိုင်တစ်ခုအဖြစ် One Lady Show ပွဲကြီးကိုချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ် ။ သူမ ပင်ပင်ပန်းပန်းနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးဖို့ကြိုးစားခဲ့တဲ့ ပိုပိုရဲ့ Masterpiece In Mandalay Show အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ် ။ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာသီဆိုကခုန်ရင်း ပိုပိုတစ်ယောက် မိဘမဲ့ သီချင်းသီဆိုတဲ့အခါမှာတော့ စင်ပေါ်မှာမျက်ရည်မဆည်နိုင်အောင် ဖြစ်ပြီး ပရိသတ်တွေကလည်း သူမနဲ့ထပ်တူ ဝမ်းနည်းခဲ့ရပါတယ် ။ ဒါ ဟာ ပထမဆုံး နောက်ဆုံး ဆိုတာ ဖြစ်ပါလိမ့်မယ် ဆိုတဲ့စာသားလေးနဲ့အတူ ပိုပိုတစ်ယောက် မျက်ရည်တွေကြားက စို့နင့်စွာသီဆိုခဲ့တဲ့ မိဘမဲ့သီချင်း ဗီဒီယိုလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးခဲ့ပါသေးတယ် ။

ပရိသတ်တွေကတော့ ပိုပို့အတွက် မိဘရှိတဲ့သူတွေထက်တောင် ပိုပြီးကြိုးစားနိုင်တဲ့အတွက် ဂုဏ်ယူတယ် စိတ်မကောင်းမဖြစ်ပါနဲ့ဆိုတဲ့ မှတ်ချက်လေးတွေနဲ့အတူ ဝန်းရံပေးခဲ့ကြပါတယ် ။ မိဘမရှိပေမယ့် တစ်ယောက်ထဲကြိုးစားရုန်းကန်ရင်း အောင်မြင်လာခဲ့တဲ့အတွက် သူမရဲ့ပရိသတ်တွေကလည်း သူမအတွက် အများကြီးဂုဏ်ယူနေမယ်လို့ထင်ပါတယ် ။ ပိုပိုနဲ့ထပ်တူထပ်မျှခံစားပြီး မျက်ရည်ကျစေခဲ့တဲ့ မိဘမဲ့သီချင်းလေးကို လည်း ဆယ်လီကမ္ဘာပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။





Source :Po Po / Channel K
Emily ( Cele Gabar)

Post a Comment

Previous Post Next Post