Unicode

ဆရာဝန်သုံး ကာကွယ်ရေးဝတ်စုံ PPE အစုံ 3000 တိတိလှူဒါန်းပါမယ် လိုအပ်တဲ့ဆေးရုံများဆက်သွယ်ဖို့ ပြောလာတဲ့ သီရိသုဓမ္မ သူကြွယ်ဘွဲ့ရ ဦးစိုင်းမျိုးဝင်း မိသားစု။

( EXCELLENT FORTUNE FOUNDATION )မှ PPE ဝတ်စုံ အစုံ ၃၀၀၀ လှူဒါန်းမည်။(လိုအပ်သည့်ဆေးရုံများ ဆက်သွယ်ပါ)



ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ COVID-19 ကို မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ယခုချိန်ထိ တစ်ဦးတစ်ယောက် မှ မတွေ့ရှိရသေးသော်လည်း ပြည်ပ

နိုင်ငံများတွင် ပျံ့နံှ့မှုများ ရှိနေပါသဖြင့် ကမ္ဘာ့ကပ်ရောဂါ( Pandemic )အနေဖြင့် ( ၁၁-၃-၂၀၂၀ )ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့ပါသည်။

ကျွန်တော်တို့ EFF FOUNDATION( EXCELLENT FORTUNE FOUNDATION )သည်

ပြည်သူ့ဆေးရုံများအတွက် လိုအပ်လျက်ရှိသည့် ခါးပတ်ကြိုးပါ တစ်ကိုယ်ရည်သုံး ရောဂါ အကာအကွယ်ဝတ်စုံ( PPE ဝတ်စုံ ) ၃,၀၀၀စုံ၊

တစ်ခါသုံး ရာဘာလက်အိတ်များ( Vinyl Disposal Gloves )နှင့် ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ( Face Masks )ကို


တရုတ်နိုင်ငံမှ မှာယူထားပြီး လမ်းခရီး အဆင်ပြေပါက ( ၂၀.၃..၂၀၂၀ ) ရက်နေ့ခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ကျွန်တော်တို့ EFF FOUNDATION အနေဖြင့် လိုအပ်သည့် ပြည်သူ့ဆေးရုံများသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းခြင်း ( သို့ ) ဆေးရုံ တာဝန်ရှိသူများမှ

လာရောက်ထုတ်ယူခြင်း စသည့် နည်းလမ်းများဖြင့် လှူဒါန်းမည်ဖြစ်ပါသောကြောင့် လိုအပ်လျက်ရှိသော ဆေးရုံများမှ တာဝန်ရှိသူများအနေဖြင့်

အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။

ဦးတင့်ဆွေ – ၀၉ (၅၀ ၆ ၂၂ ၆၆)ဦးဝေဖြိုးဇော် – (၀၉၉ ၇၇ ၆၆၆ ၉၉၄)ဒေါ်ကေသွယ်အောင် – (၀၉ ၅၃ ၉၄ ၈၈၈)


Zawgyi
















Post a Comment

Previous Post Next Post