ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် တည်ဆောက်ထားသော ကွန်ဒိုကဲ့သို့အခန်း ၁၆၈ ခန်းကို ပြည်ပမှပြန်လာသူများ Quarantine ပြု လုပ်နိုင်ရန် Myanmar Developer Association -MDA ဥက္ကဌ ဦးဝိတ်( Sae Paing Development Ltd) ကလှူဒါန်းလိုက်သည်။

ယင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ဆောင်ရွက်မှုနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၏ အစီအစဉ်များအတွက်လုပ်ဆောင်ခြင်းဖြစ်ပြီး အခန်းအတွင်း နေထိုင်စားသောက်ရန်အသင့်ဖြစ်စေမည့် လိုအပ်ချက်များအားလုံးကိုလည်း တစ်ပါတည်း လှုးဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပြန့်ပွားနေမှုကို ထိန်းချုပ်ကာကွယ်ရေးစီမံချက်ပြု လုပ်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ အဆင် ပြေချောမွေ့စွာ Quarantine လုပ်နိုင်ရန် အမျိုးသားရေး တာဝန် တစ်ရပ်အအနေဖြင့် ထပ်မံလှုဒါန်း ရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်ကလည်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ပြန့်ပွားနေမှု ထိန်းချုပ်ကာကွယ်ရေးအတွက်လိုအပ်သည်များ ကို အသုံးပြုနိုင်ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနသို့ MDA ဥက္ကဌ ဦးဝိတ် က ကျပ်သိန်း ၃၀၀၀ လှုဒါန်းခဲ့သေးသည်။

ပြည်မြန်မာ

Zawgyi

ရန္ကုန္တိုင္းေဒသႀကီး လိွ္ဳင္ၿမိဳ႕နယ္တြင္ တည္ေဆာက္ထားေသာ ကြန္ဒိုကဲ့သို႔အခန္း ၁၆၈ ခန္းကို ျပည္ပမွျပန္လာသူမ်ား Quarantine ျပဳ လုပ္ႏိုင္ရန္ Myanmar Developer Association -MDA ဥကၠဌ ဦးဝိတ္( Sae Paing Development Ltd) ကလွဴဒါန္းလိုက္သည္။
ယင္းကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ေဆာင္ရြက္မႈႏွင့္ရန္ကုန္တိုင္းေဒသႀကီးအစိုးရ ၏ အစီအစဥ္မ်ားအတြက္လုပ္ေဆာင္ျခင္းျဖစ္ၿပီး အခန္းအတြင္း ေနထိုင္စားေသာက္ရန္အသင့္ျဖစ္ေစမည့္ လိုအပ္ခ်က္မ်ားအားလုံးကိုလည္း တစ္ပါတည္း လွဳးဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကူးစက္ျမန္ ကိုရိုနာဗိုင္းရပ္စ္ COVID-19 ကူးစက္ျပန႔္ပြားေနမႈကို ထိန္းခ်ဳပ္ကာကြယ္ေရးစီမံခ်က္ျပဳ လုပ္ရာတြင္ အေထာက္အကူျဖစ္ေစရန္ရည္ရြယ္၍ ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူမ်ား အဆင္ ေျပေခ်ာေမြ႕စြာ Quarantine လုပ္နိုင္ရန္ အမ်ိဳးသားေရး တာဝန္ တစ္ရပ္အအေနျဖင့္ ထပ္မံလႈဒါန္း ရျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ မတ္လ ၁၉ ရက္ကလည္း ကူးစက္ျမန္ ကိုရိုနာဗိုင္းရပ္စ္ COVID-19 ကူးစက္ျပန႔္ပြားေနမႈ ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္လိုအပ္သည္မ်ား ကို အသုံးျပဳႏိုင္ရန္ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာနသို႔ MDA ဥကၠဌ ဦးဝိတ္ က က်ပ္သိန္း ၃၀၀၀ လႈဒါန္းခဲ့ေသးသည္။

ျပည္ျမန္မာ

Post a Comment

Previous Post Next Post