Unicode ဖြင့်ဖက်ရန်

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးအဆင့် ကပ်ရောဂါအဖြစ် W.H.O တိုးမြှင့်သတ်မှတ်

ဂျီနီဗာ၊ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့်ကပ်ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က အဆင့်တိုးမြှင့်သတ်မှတ်လိုက်သည်။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်မှု ၁၃ ဆမြင့်တက်ခဲ့ကြောင်း W.H.O အကြီးအကဲ ဒေါက်တာတက်ဒရို့စ် အက်ဟာနွန် ဂီဘရီးစီးယက်စ်ကပြောသည်။

တစ်ကမ္ဘာလုံး အဆင့်ကပ်ရောဂါဆိုသည်မှာ တစ်ချိန်တည်းတစ်ပြိုင်နက်ထဲ ကမ္ဘာနိုင်ငံတော်တော်များများတွင် ဖြစ်ပွားနေသည့်ရောဂါကိုသတ်မှတ်ခြင်းဖြစ်သည်။

အဆင့်တိုးမြှင့် သတ်မှတ်လိုက်သော်လည်း ကမ္ဘာ့နိုင်ငံများ ဘာလုပ်သင့်တယ်ဆိုသည်နှင့် ပတ်သက်ပြီး အကြံပေးထားသည်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ဒေါက်တာဂီဘရီးစီးယက်စ်ကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာတွင် စတင်ပြန့်နှံ့ခဲ့သည့် ဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၄၀၀၀ ကျော်ရှိနေသည်။

Source – BBC#ဥက်ကာ MeKongNews Photo – China Daily

Unicode ဖြင့်ဖက်ရန်







Post a Comment

Previous Post Next Post