ဒေါက်တာပြည့်ဖြိုးလှိုင်

(ကျိုက်မရောဆေးရုံ) ရေးတဲ့စာ

Case-27 ကျိုက်မရော ဆေးရုံက Positive လူနာက အရင် ထိုင်းမှာ စစ်ကတည်းက Resultက Positive ထွက်ပြီးသား ခိုးပြီးပြန်လာတာတဲ့ ။

ကျိုက်မရော ဆေးရုံကbသူ့အတွက်နဲ့ Quarantineတွေလုပ်၊ Swabတွေယူ ၊ တဆေးရုံလုံး အလုပ်တွေရှုပ်နဲ့ စောစောကတည်းက အမှန်ကိုပြောပြလိုက်ပေါ့။

အခုတော့ အကုန်လုံး နေရတာ စိတ်ထဲ မသန့် မသန့် နဲ့။ Covid-19ဟာOropharyngeal Swab မှာ ၁၄ရက်ကြာရှိသလို Anal Swab မှာ၂၈ရက်ထိ ကြာကြာ ရှိနေနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်ကတော့Stay at Home Self Q လုပ်ပါတော့မယ်…။

ပြည်တော်ပြန်များ ခင်ဗျား။ကျန်းမာရေး ဝန်ကြီးဌာနက သတင်းတွေကိုနားထောင်ပါ။ကျန်းမာရေး ဝန်ကြီးဌာနကညွှန်ကြားချက်များအတိုင်း လိုက်နာပါ။

ကျွန်တော့်အမေကကျွန်တော့်ကို ပြောဖူးတယ်။ ဘာလဲဆိုတော့” မရှိတာထက် မသိတာပိုခက်တယ်” တဲ့ ။

ပြည်တော်ပြန်များ ခင်ဗျား။

“အသိခေါက်ခက်အဝင်နက်တယ် မလုပ်ကြပါနဲ့”

ကျန်းမာရေး ဝန်ထမ်းများအားလုံးကိုကူညီပါ၊ရိုင်းပင်းပါ၊ဝိုင်းဝန်းကြပါ။

လက်ဆေးပါ။Mask တပ်ပါ။Stay at Home..။

မလိမ်ပါနဲ့၊မညာကြပါနဲ့ ခင်ဗျာ။

ဒေါက်တာပြည့်ဖြိုးလှိုင်

(ကျိုက်မရောဆေးရုံ)

#zawgyi
















Post a Comment

Previous Post Next Post