ပုဇွန်တောင်မြို့နယ်ရှိ ၂၄ နာရီ ဖွင့်လှစ်သည့် ABC မီနီမတ်တစ်ခုအတွင်းရှိ ဝန်ထမ်းနှစ်ဦးကို နှာခေါင်းစည်းတပ်လူနှစ်ဦးက ရိုက်နှက်၍ ပိုက်ဆံများလုယက်မှုဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းထံမှ သိရသည်။

“ ဒီနေ့မနက်က COVID ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာတွေ အစည်းအဝေးလုပ်တော့ ပုဇွန်တောင်မြို့နယ်ရဲမှူးက အဲဒီလုယက်မှုဖြစ်စဉ်ကို တင်ပြတာရှိပါတယ်။ ၂၄နာရီဖွင့်တဲ့ ABC စတိုးထဲက ဝန်ထမ်းမိန်းကလေး နှစ်ယောက်ကို နှာခေါင်းစည်းတပ်တဲ့ အမျိုးသားနှစ်ယောက်က ပုလင်းနဲ့ရိုက်ပြီး ပိုက်ဆံတွေ လုယက်သွားတဲ့ဖြစ်စဉ်ကိုပေါ့။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့ကဆိုင်တဲ့က CCTV တွေကို ပြန်ကြည့်ပြီး လုယက်တဲ့သူတွေကို စုံစမ်းနေတယ်လို့ သိရတယ်။ နှာခေါင်းစည်တပ်ထားတာဆိုတော့ CCTV မှာ သူတို့ရုပ်ကသိပ်မသဲကွဲဘူးလို့ သိရတယ်။ ဒီလို COVID ရောဂါကို အကြောင်းပြုပြီး အခြားမှုခင်းတွေ လည်းဖြစ်လာနိုင်တဲ့အတွက် ရဲတပ်ဖွဲ့ကို လှည့်ကင်းမီးတန်းယာဉ်တွေ ပုံမှန်လှည့်တဲ့အချိန်ထွက် အချိန်တိုးပြီး လှည့်ပေးဖို့ကို မေတ္တာရပ်ခံသွားဖို့ရှိပါတယ်” ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၆ ရက် နံနက် အစောပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းနှင့် လမ်း ၅၀ ထောင့်ရှိ ၂၄ နာရီဖွင့်လှစ်သည့် ABC မီနီမတ်တစ်ခုအတွင်း ဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးရှိနေစဉ် နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားနှစ်ဦးမှာ ရောက်ရှိလာပြီး အရက်ဝယ်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ယင်းသို့ပြောဆိုစဉ် ဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးက အရက်ရောင်းသည့် သတ်မှတ်ချိန်မှာ ကျော်လွန် နေသည့်အတွက် မရောင်းဟုပြောစဉ် အဆိုပါအမျိုးသားနှစ်ဦးက ဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးကို ဆိုင်အတွင်းဘက်သို့ ခေါ်ဆောင်၍ အနီးရှိရေခဲ သေတ္တာအတွင်းမှ ပုလင်းဖြင့်ရိုက်၍ ကောင်တာအံဆွဲအတွင်းမှာ ငွေကျပ် ၂၅ဝဝဝကို ယူဆောင်ကာ အနော်ရထာလမ်းအတိုင်း ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းသို့ ပုလင်းဖြင့်ရိုက်နှက်ခံရမှုကြောင့် ဆိုင်ဝန်ထမ်းအမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရကာ လက်ရှိတွင် ပုဇွန်တောင်မြို့မရဲစခန်းမှ တာဝန်ရှိသူများက ရိုက်နှက်လုယက်မှု ကျူးလွန်သည့်အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။
Zawgyi ျဖင့္ဖက္ရန္

ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ ၂၄ နာရီ ဖြင့္လွစ္သည့္ ABC မီနီမတ္တစ္ခုအတြင္းရွိ ဝန္ထမ္းႏွစ္ဦးကို ႏွာေခါင္းစည္းတပ္လူႏွစ္ဦးက ႐ိုက္ႏွက္၍ ပိုက္ဆံမ်ားလုယက္မႈျဖစ္ပြားခဲ့ေၾကာင္း ပုဇြန္ေတာင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ဝင္းထံမွ သိရသည္။

“ ဒီေန႔မနက္က COVID ကူးစက္ေရာဂါနဲ႔ပတ္သက္ၿပီး ဌာနဆိုင္ရာေတြ အစည္းအေဝးလုပ္ေတာ့ ပုဇြန္ေတာင္ၿမိဳ႕နယ္ရဲမႉးက အဲဒီလုယက္မႈျဖစ္စဥ္ကို တင္ျပတာရွိပါတယ္။ ၂၄နာရီဖြင့္တဲ့ ABC စတိုးထဲက ဝန္ထမ္းမိန္းကေလး ႏွစ္ေယာက္ကို ႏွာေခါင္းစည္းတပ္တဲ့ အမ်ိဳးသားႏွစ္ေယာက္က ပုလင္းနဲ႔႐ိုက္ၿပီး ပိုက္ဆံေတြ လုယက္သြားတဲ့ျဖစ္စဥ္ကိုေပါ့။ လက္ရွိမွာေတာ့ ရဲတပ္ဖြဲ႕ကဆိုင္တဲ့က CCTV ေတြကို ျပန္ၾကည့္ၿပီး လုယက္တဲ့သူေတြကို စုံစမ္းေနတယ္လို႔ သိရတယ္။ ႏွာေခါင္းစည္တပ္ထားတာဆိုေတာ့ CCTV မွာ သူတို႔႐ုပ္ကသိပ္မသဲကြဲဘူးလို႔ သိရတယ္။ ဒီလို COVID ေရာဂါကို အေၾကာင္းျပဳၿပီး အျခားမႈခင္းေတြ လည္းျဖစ္လာႏိုင္တဲ့အတြက္ ရဲတပ္ဖြဲ႕ကို လွည့္ကင္းမီးတန္းယာဥ္ေတြ ပုံမွန္လွည့္တဲ့အခ်ိန္ထြက္ အခ်ိန္တိုးၿပီး လွည့္ေပးဖို႔ကို ေမတၱာရပ္ခံသြားဖို႔ရွိပါတယ္” ဟု ပုဇြန္ေတာင္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္ဝင္းက ေျပာၾကားသည္။

ျဖစ္စဥ္မွာ ဧၿပီ ၆ ရက္ နံနက္ အေစာပိုင္းတြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္၊ အေနာ္ရထာလမ္းႏွင့္ လမ္း ၅၀ ေထာင့္ရွိ ၂၄ နာရီဖြင့္လွစ္သည့္ ABC မီနီမတ္တစ္ခုအတြင္း ဆိုင္ဝန္ထမ္းအမ်ိဳးသမီးႏွစ္ဦးရွိေနစဥ္ ႏွာေခါင္းစည္းတပ္ထားသည့္ အမ်ိဳးသားႏွစ္ဦးမွာ ေရာက္ရွိလာၿပီး အရက္ဝယ္ရန္ ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ေျပာဆိုစဥ္ ဆိုင္ဝန္ထမ္းအမ်ိဳးသမီးႏွစ္ဦးက အရက္ေရာင္းသည့္ သတ္မွတ္ခ်ိန္မွာ ေက်ာ္လြန္ ေနသည့္အတြက္ မေရာင္းဟုေျပာစဥ္ အဆိုပါအမ်ိဳးသားႏွစ္ဦးက ဆိုင္ဝန္ထမ္းအမ်ိဳးသမီးႏွစ္ဦးကို ဆိုင္အတြင္းဘက္သို႔ ေခၚေဆာင္၍ အနီးရွိေရခဲ ေသတၱာအတြင္းမွ ပုလင္းျဖင့္႐ိုက္၍ ေကာင္တာအံဆြဲအတြင္းမွာ ေငြက်ပ္ ၂၅ဝဝဝကို ယူေဆာင္ကာ အေနာ္ရထာလမ္းအတိုင္း ထြက္ေျပးသြားေၾကာင္း သိရသည္။

ယင္းသို႔ ပုလင္းျဖင့္႐ိုက္ႏွက္ခံရမႈေၾကာင့္ ဆိုင္ဝန္ထမ္းအမ်ိဳးသမီးႏွစ္ဦးမွာ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆးကုသမႈခံယူခဲ့ရကာ လက္ရွိတြင္ ပုဇြန္ေတာင္ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူမ်ားက ႐ိုက္ႏွက္လုယက္မႈ က်ဴးလြန္သည့္အမ်ိဳးသားႏွစ္ဦးကို ဖမ္းဆီးရမိေရး စုံစမ္းေနေၾကာင္း သိရသည္။

EMG

Post a Comment

Previous Post Next Post