ကိုဗစ် ၁၉ ကို မကြောက်ဘဲ မိမိအသက်အန္တရာယ်ကိုမမှုတဲ့ ပရဟိတ သူရဲကောင်းတွေအတွက် ရေးထားတဲ့စာလေးပါ…

တကယ့်ကို ဂုဏ်ယူစရာကောင်းလှပါတယ်…ညီမလေးတို့ရေ တိုင်းပြည်အသက် အမြန်မထွက်ဖို့ တိုင်းပြည်အတွက်ဂုဏ်တက်ဖို့ တိုင်းပြည်အတွက်အရောင်ထွက်ဖို့ဆိုတဲ့ခံယူချက်နဲ့ ပြည်သူတွေအသက်ရှည်ဖို့ ပြည်သူတွေအန္တရာယ်ကင်းဖို့ ဒို့တစ်တွေရဲ့အသက်တွေကို 27:03:2020:ရက်နေ့ ညပိုင်းကစခဲ့ကြတယ်နော်…

ဒီအလုပ်တွေကိုလုပ်ဆောင်ကြတာက လုပ်အားခလစာရလို့လည်းမဟုတ် ဌာနတစ်ခုမှာနေရာရဖို့လည်းမဟုတ် မြင်သမျှလူ အထင်ကြီးဖို့လည်းမဟုတ်…

ဒီအလုပ်တွေလုပ်ရင် ကိုယ့်ကိုယ်ကို သေလူလို့ ကိုယ်တိုင်လည်းသိခဲ့ကြတယ်… ပါတ်ဝန်းကျင်ကလူတွေကလည်း ကြည့်ခဲ့ကြတယ်…

တစ်ချို့ သံသယမျက်လုံးတွေဆို မျက်စိအစုံလိုက်ပြုတ်ကျလုမတတ် အကြည့်မျိုးစုံနဲ့အကြည့်ခံခဲ့ရတယ်… ကြည့်ကြပါစေ မြင်ကြပါစေ..မွေးဖွးလာတဲ့ လူသားတိုင်းဟာ သေခြင်းကိုလည်ဆင်းခံဖို့ ကံဆရာက စီမံပြီးသားပါ….

လူသားတိုင်းဟာ အသက်ကုန်လို့သေခြင်း ကံကုန်လို့သေခြင်း အသက် ကံနှစ်ပါးကုန်လို့သေခြင်း လျှပ်တစ်ပျက်အတွင်းသေခြင်းဆိုပြီး သေခြင်းသဘောတရားလေးမျိုးကို ဘုရားရှင်က ဟောထားတာမို့သေခြင်းလေးမျိုးအနက် တစ်ခုခုတော့ရင်ဆိုင်ကြရမှာပါ….

ဒီရောဂါကြောင့်သေတာကြီးတော့မဟုတ်တန်ရာ..ဒီရောဂါကူးစက်ခံရလို့ သေတာလည်းမဟုတ်တန်ရာ..သေနေ့စေ့ရင် လူသားမဆိုထားဘိ ဘုရားရှင်နှင့် အရိယာသူတော်ကောင်းကြီးတွေလည်း ကံကုန်ရင်ခန္ဓာကိုယ်ကြီးကိုစွန့်ပေးကြရတယ်…

ဒို့တစ်တွေဟာ ဒီရောဂါကူးလို့ သေလည်းသေနိုင်တယ်…ရှင်လည်းရှင်နိုင်တယ် ကျမ္မာရေးလည်းဖောက်နိုင်တယ်…ကျမ္မာရေးလည်းကောင်းနိုင်တယ်..တကယ်တော့လေဒို့တစ်တွေ ဒီအလုပ်တွေကိုလုပ်နေကြတယ်ဆိုတာ ဒို့တိုင်းပြည်ကိုချစ်လို့ ဒို့လူမျိုးကိုချစ်လို့…

ဒို့တိုင်းပြည်ရဲ့ဂုဏ်ရိပ် အထွတ်အထိပ်ကိုရောက်စေချင်လို့ အရာရာနိမ့်ကျနေတဲ့ ဆင်းရဲနေသော နိုင်ငံကြီးအတွက် အမြန်အသက်မထွက်ဖို့…

နိုင်ငံအတွက် အသက်ပေးပြီး လည်ဆင်းခံနေတာမို့ ဒို့တစ်တွေရဲ့ သစ္စာတရား ဒို့တစ်တွေရဲ့ မေတ္တာတရား ဒို့တစ်တွေရဲ့ကရုဏာတရား ဒို့တစ်တွေရဲ့ဥက္ခောတရားတွေဟာ လူသားတွေမသိချင်နေပါစေ…

ကိုယ်ပြုတဲ့ကံတရား ကိုယ်တိုင်ပြန်သိနေရရင် ဒို့တစ်တွေဟာ တိုင်းပြည်အပေါ်လည်းတာဝန်ကျေ လူ့ဘဝရဲ့ အနှစ်သာရဖြစ်တဲ့ လူပီသသောလူဖြစ်ရတာမို့ ဖြစ်ရာဘဝမှာ အရာအားလုံး အရှုံးဆိုတာမရှိနိုင်ပါဘူး…ညီမလေးတို့ရေ။
Credit
Writer ; Kwee (Jeeptoolay)

Source ; Uhladaw Hladaw Sayardaw

Post a Comment

Previous Post Next Post