Unicode

အသံဖိုင်တွေ စထွက်လာကတည်းက နားမထောင်ဖြစ်ဘူး။ မိနစ်ငါးဆယ်ကျော်လောက်ကြီးကို နားထောင်ရမှာ ပျင်းလို့ရယ်။ ဒီရက်ထဲ အလုပ်ကလည်း များနေ၊ အချိန်မရတော့ နားမထောင်ဖြစ်ဘူး။ ခုန်ကျော်ပြီး တစ်မိနစ် နှစ်မိနစ်လောက်ပဲ စပ်စုဖြစ်တယ်။ ဒါပေမယ့် သူများတွေ ရေးနေတာနဲ့ ဘာအကြောင်းအရာတွေပါလဲ သိနေတာပါပဲ။

ဒီရက်ထဲ COVID-19 နဲ့ ပတ်သက်တာတွေကိုပဲ အာရုံစိုက်ချင်လို့ ဝင်မပါမိအောင်နေတယ်။ ပါရင် ပါပြန်ပြီ ဖြစ်ဦးမယ်လေ။ မပါတော့လည်း မင်းသားမို့ မျက်နှာကြီးရာ ဟင်းဖက်ပါတာလို့ လာစွတ်စွဲကြတယ်။ ဘယ်မမှန်တဲ့မျက်နှာမှ ကိုယ့်အတွက်မကြီးသလို ဘယ်ပေါကောင်ကိုမှ အထင်မကြီးဘူး။ သာမန်လင်လုတဲ့ကိစ္စလို့ပဲ မြင်လို့ ဝင်မရေးတာ။

မနေ့က အိမ်အကူမိန်းကလေးရဲ့ မိန်းမကိုယ်ကို အက်စစ်နဲ့ပက်ခံထားရတဲ့ မရှုမလှပုံတွေ မြင်လိုက်ရတော့ စိတ်ထဲ အတော်ထိခိုက်တယ်။ ဒါဟာ အကြမ်းဖက်မှုသီးသန့်ပဲ။ အစပိုင်း အသံဖိုင်တွေမှာကတည်းက ဘယ်လိုဘယ်နေရာဘယ်ပုံစံတွေ၊ အုန်းသီးတွေထက် ကိုယ်တွေးမိတာက ဒါဟာ အိမ်တွင်းလိင်အကြမ်းဖက်မှု၊ ဒါမှမဟုတ် Rape Case ဖြစ်နိုင်တယ်ဆိုတဲ့အတွေးပဲ။ စည်းမရှိကမ်းမရှိတင်ကြတဲ့ ကောင်မလေးရဲ့ မျက်နှာပုံတွေက ကြည့်ရတာလည်း အသက်(၂၀)ကျော်မယ့်ပုံမဟုတ်ဘဲ ၁၅၊၁၆လောက်ပဲ ထင်မိတယ်။ အခု ကလေးမရဲ့ အသက်က၁၄နှစ် ၃လတဲ့။

အသံဖိုင်တွေမှာ အမျိုးသမီးဟာ အိမ်အကူက အလိုတူခဲ့ပါတယ်ဆိုတဲ့ အဖြေကို မရရအောင် မေးခဲ့တယ်။ အလိုတူတယ်ဆိုရင် Rape Case မမြောက်ဘူး။ အသက်ပြည့်ခဲ့ရင်ပေါ့။ အသက်မပြည့်တဲ့ မိန်းကလေးဆိုရင်တော့ ဥပဒေမှာ အလိုတူတူ မတူတူ သက်ငယ်မုဒိမ်းပဲ။
မိန်းမကိုယ်ကို အက်ဆစ်နဲ့ပက်တယ်၊ ဓါးနဲ့မွှန်းတယ်၊ တူနဲ့ထုတယ်တွေ ဖတ်ရတယ်။ ပုံတွေ မြင်ရတယ်။ စိတ်ထဲ ပင်ပန်းညှိုးနွမ်းလိုက်တာ။ မိန်းမချင်းဆိုတော့ နားလည်တယ်။ ဘယ်လောက်ဆိုးဝါးလိုက်တဲ့ ဒုက္ခလဲ။

ကလေးမလေးကို မယားငယ်ဆိုပြီး ဝိုင်းBlameနေတဲ့ စနိုက်ကြော်မုန်းတီးရေး တပ်ပေါင်းစုကြီးကိုလည်း တစ်ခုတော့ ပြောချင်တယ်။ ကိုယ်လည်း မယားငယ်တွေ၊ စနိုက်ကြော်တွေကို အသေမုန်းပါရဲ့။ ဒါပေမယ့် ဒီကလေးမက မယားငယ်ဆိုတဲ့ ဘဝကိုတောင် ရခဲ့တဲ့သူ မဟုတ်ဘူး။ စနိုက်ကြော်ဆန်ဆန် အကြောတင်းတင်း ဖြေဖို့နေနေသာသာ တောင်းပန်တိုးလျိုးနေတဲ့ အသံကို ကြားတာနဲ့ သူနေနေရတဲ့ အဆင့်ကို မှန်းလို့ ရနေလျက်နဲ့။

အိမ်အလုပ် လုပ်၊ ကလေးထိန်းရတဲ့အပြင် အိမ်ရှင်ယောက်ျားရဲ့ လိင်မှုကိစ္စတွေကိုပါ ဖြည့်ဆည်းပေးရတဲ့ လိင်ကျွန်ဘဝ။ နှစ်နှစ်ကျော်ကြီး ဘာလို့ငြိမ်ခံခဲ့တာလဲ.. ဒါအလိုတူတာ၊ စနိုက်ကြော်တာလို့ ပြောချင်သေးလား။ စဖြစ်တဲ့အချိန် အသက်(၁၂)နှစ်ကျော် အပျိုဖြစ်စလောက် ရှိသေးတဲ့ ကလေးမတစ်ယောက်က အတွေ့အကြုံရင့် ယောက်ျားတစ်ယောက်ကို သာယာမိတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ဘယ်လိုခြိမ်းခြောက်မှုတွေရှိလဲ၊ သူ့အနေအထားက ဘယ်လိုခိုကိုးရာမဲ့နေလဲ ကိုယ်တို့မှ မသိနိုင်တာ။ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းမရှိနိုင်မှုတွေကြောင့် အလိုတူတူ မတူတူ အသက်မပြည့်ရင် သက်ငယ်မုဒိမ်းပါပဲ။

လိင်ဆိုင်ရာစော်ကားခံရတယ်၊ ဘယ်လိုဘယ်ပုံအစအဆုံး ခြိမ်းခြောက်မေးပြီး စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတယ်၊ Social Network ပေါ် ဘယ်လိုဘယ်ပုံဖြစ်ခဲ့ပါတယ်ဆိုတာတွေ တိုင်းသိပြည်သိအတင်ခံရတယ်။ ဓါတ်ပုံတွေနဲ့တကွ ဒီလိုဖြစ်ခဲ့တာ ဒီကောင်မလေးလို့ အသိခံခဲ့ရတယ်။ ဒါ့အပြင် လိင်အင်္ဂါကို အက်ဆစ်နဲ့ပက်၊ဓါးနဲ့မွှန်း၊ တူနဲ့ထု… ငရဲဆိုတာ မသေခင်လူ့ဘဝမှာလည်း ရှိနေတတ်တာမျိုးပဲလားလို့တောင် တွေးမိတယ်။
အိမ်ဖော်ဆိုတာ အိပ်ဖော်မဟုတ်ပါ။ အိမ်ဖော်တိုင်းဟာလည်း ခင်မာမြင့် မဟုတ်ပါ။ ဘဝပေးအခြေအနေအရ တကယ်ကို ရိုးရိုးသားသား လုပ်ကိုင်စားနေတဲ့ မိန်းကလေးတွေ တစ်ပုံကြီးပါ။လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတာမို့ ကိုယ့်ကျင့်စာရိတ္တ မကောင်းသူတွေ ရှိကြပေမယ့် အိမ်အကူတိုင်း မကောင်းကြတာမျိုး မဟုတ်ပါဘူး။

အသက်ငယ်ငယ်ရွယ်ရွယ် ကိုယ့်သမီးအရွယ်၊ ကန်တော့ပါရဲ့… အကျင့်မကောင်းတဲ့ယောက်ျားမျိုးတွေအတွက် အငုံးလေးလို့ မြင်တတ်ကြတဲ့ အပျိုပေါက်လေးကို ခေါ်ထားပြီး နှစ်နှစ်ကျော် ကိုယ့်ယောက်ျားက စော်ကားနေတာကို မသိတဲ့ အိမ်ရှင်မိန်းမကပဲ ညံ့သလား၊ သူများ သားပျိုသမီးပျိုကို ဖျက်စီးတဲ့ မစားကောင်းတဲ့အသီး စားကောင်းတဲ့ အသီးမခွဲခြားဘဲ စားဝတ်နေရေးကြောင့် ကိုယ့်အိမ်လာမှီခိုနေသူ ကိုယ်ကမွေး ကိုယ့်သမီးလောက်ရှိတဲ့ မိန်းကလေးကို ဖျက်စီးတဲ့ ယောက်ျားကပဲ အပြစ်ရှိလား၊ သူတပါးအိမ်မှာ နေထိုင်ရတဲ့ အကြောက်တရားဦးဆောင်တဲ့ အနေအထားမျိုးမှာ ဖျက်စီးခံရတာကို မပြောရဲတဲ့ အိမ်အကူကပဲ မှားသလား။

သုံးဦးသုံးဖလှယ် အပြစ်ရှိကြတဲ့ကိစ္စရပ်မှာ အသိမကြွယ်လို့ ကြောက်ရွံလို့ ဖြစ်သွားတဲ့ အမှားကို အမှားလို့ လက်ညှိုးထိုးပြီး ရက်ရက်စက်စက် အက်ဆစ်နဲ့ပက်၊ ဓါးနဲမွှန်း၊ တူနဲ့ထုသတဲ့။ ဒါတွေမဖြစ်ခင်မှာ ရဲစခန်းတိုင်ကြားတော့လည်း အသက်မပြည့်လို့ အမှုဖွင့်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကာအကွယ်မရခဲ့ဘူး။ ဘယ်လောက် စိတ်ပျက်စရာ ကောင်းလိုက်လဲ။

သရမ်းသူရဲ့ ပစ္စည်းကျ နှမျောပြီး သရမ်းခံရသူရဲ့ ပစ္စည်းကိုမှ ပြသနာရှာတတ်တဲ့ ဟိုအယ်မရဲ့ နားထင်တက်စောင့်နေတဲ့ မွှန်စိတ်ကြီးကိုလည်း အံ့ဩချမိပါရဲ့။

ဒီကိစ္စမှာ ကိုယ်တို့လူဘောင်က မြင်ပေးရမယ့်အမြင်က ရှင်းရှင်းလေး။ ဒါဟာ လင်လုကြတဲ့ကိစ္စမဟုတ်ဘူး။ မယားကြီး မယားငယ်ကိစ္စ မဟုတ်ဘူး။ စနိုက်ကြော်နဲ့ ခြံခုန်နွားကိစ္စမဟုတ်ဘူး။

ဒါဟာ အိမ်တွင်း အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အပြင်းအထန် နာကျင်စေမှု၊ လူမဆန်မှုသက်သက်ပဲ။

မကြားဝံ့မနာသာတွေ ထပ်မကြားပါရစေနဲ့တော့။
😞

Zawgyi

အသံဖိုင္ေတြ စထြက္လာကတည္းက နားမေထာင္ျဖစ္ဘူး။ မိနစ္ငါးဆယ္ေက်ာ္ေလာက္ႀကီးကို နားေထာင္ရမွာ ပ်င္းလို႔ရယ္။ ဒီရက္ထဲ အလုပ္ကလည္း မ်ားေန၊ အခ်ိန္မရေတာ့ နားမေထာင္ျဖစ္ဘူး။ ခုန္ေက်ာ္ၿပီး တစ္မိနစ္ ႏွစ္မိနစ္ေလာက္ပဲ စပ္စုျဖစ္တယ္။ ဒါေပမယ့္ သူမ်ားေတြ ေရးေနတာနဲ႔ ဘာအေၾကာင္းအရာေတြပါလဲ သိေနတာပါပဲ။

ဒီရက္ထဲ COVID-19 နဲ႔ ပတ္သက္တာေတြကိုပဲ အာ႐ုံစိုက္ခ်င္လို႔ ဝင္မပါမိေအာင္ေနတယ္။ ပါရင္ ပါျပန္ၿပီ ျဖစ္ဦးမယ္ေလ။ မပါေတာ့လည္း မင္းသားမို႔ မ်က္ႏွာႀကီးရာ ဟင္းဖက္ပါတာလို႔ လာစြတ္စြဲၾကတယ္။ ဘယ္မမွန္တဲ့မ်က္ႏွာမွ ကိုယ့္အတြက္မႀကီးသလို ဘယ္ေပါေကာင္ကိုမွ အထင္မႀကီးဘူး။ သာမန္လင္လုတဲ့ကိစၥလို႔ပဲ ျမင္လို႔ ဝင္မေရးတာ။



မေန႔က အိမ္အကူမိန္းကေလးရဲ႕ မိန္းမကိုယ္ကို အက္စစ္နဲ႔ပက္ခံထားရတဲ့ မရႈမလွပုံေတြ ျမင္လိုက္ရေတာ့ စိတ္ထဲ အေတာ္ထိခိုက္တယ္။ ဒါဟာ အၾကမ္းဖက္မႈသီးသန္႔ပဲ။ အစပိုင္း အသံဖိုင္ေတြမွာကတည္းက ဘယ္လိုဘယ္ေနရာဘယ္ပုံစံေတြ၊ အုန္းသီးေတြထက္ ကိုယ္ေတြးမိတာက ဒါဟာ အိမ္တြင္းလိင္အၾကမ္းဖက္မႈ၊ ဒါမွမဟုတ္ Rape Case ျဖစ္ႏိုင္တယ္ဆိုတဲ့အေတြးပဲ။ စည္းမရွိကမ္းမရွိတင္ၾကတဲ့ ေကာင္မေလးရဲ႕ မ်က္ႏွာပုံေတြက ၾကည့္ရတာလည္း အသက္(၂၀)ေက်ာ္မယ့္ပုံမဟုတ္ဘဲ ၁၅၊၁၆ေလာက္ပဲ ထင္မိတယ္။ အခု ကေလးမရဲ႕ အသက္က၁၄ႏွစ္ ၃လတဲ့။

အသံဖိုင္ေတြမွာ အမ်ိဳးသမီးဟာ အိမ္အကူက အလိုတူခဲ့ပါတယ္ဆိုတဲ့ အေျဖကို မရရေအာင္ ေမးခဲ့တယ္။ အလိုတူတယ္ဆိုရင္ Rape Case မေျမာက္ဘူး။ အသက္ျပည့္ခဲ့ရင္ေပါ့။ အသက္မျပည့္တဲ့ မိန္းကေလးဆိုရင္ေတာ့ ဥပေဒမွာ အလိုတူတူ မတူတူ သက္ငယ္မုဒိမ္းပဲ။



မိန္းမကိုယ္ကို အက္ဆစ္နဲ႔ပက္တယ္၊ ဓါးနဲ႔မႊန္းတယ္၊ တူနဲ႔ထုတယ္ေတြ ဖတ္ရတယ္။ ပုံေတြ ျမင္ရတယ္။ စိတ္ထဲ ပင္ပန္းညႇိဳးႏြမ္းလိုက္တာ။ မိန္းမခ်င္းဆိုေတာ့ နားလည္တယ္။ ဘယ္ေလာက္ဆိုးဝါးလိုက္တဲ့ ဒုကၡလဲ။

ကေလးမေလးကို မယားငယ္ဆိုၿပီး ဝိုင္းBlameေနတဲ့ စႏိုက္ေၾကာ္မုန္းတီးေရး တပ္ေပါင္းစုႀကီးကိုလည္း တစ္ခုေတာ့ ေျပာခ်င္တယ္။ ကိုယ္လည္း မယားငယ္ေတြ၊ စႏိုက္ေၾကာ္ေတြကို အေသမုန္းပါရဲ႕။ ဒါေပမယ့္ ဒီကေလးမက မယားငယ္ဆိုတဲ့ ဘဝကိုေတာင္ ရခဲ့တဲ့သူ မဟုတ္ဘူး။ စႏိုက္ေၾကာ္ဆန္ဆန္ အေၾကာတင္းတင္း ေျဖဖို႔ေနေနသာသာ ေတာင္းပန္တိုးလ်ိဳးေနတဲ့ အသံကို ၾကားတာနဲ႔ သူေနေနရတဲ့ အဆင့္ကို မွန္းလို႔ ရေနလ်က္နဲ႔။

အိမ္အလုပ္ လုပ္၊ ကေလးထိန္းရတဲ့အျပင္ အိမ္ရွင္ေယာက္်ားရဲ႕ လိင္မႈကိစၥေတြကိုပါ ျဖည့္ဆည္းေပးရတဲ့ လိင္ကြၽန္ဘဝ။ ႏွစ္ႏွစ္ေက်ာ္ႀကီး ဘာလို႔ၿငိမ္ခံခဲ့တာလဲ.. ဒါအလိုတူတာ၊ စႏိုက္ေၾကာ္တာလို႔ ေျပာခ်င္ေသးလား။ စျဖစ္တဲ့အခ်ိန္ အသက္(၁၂)ႏွစ္ေက်ာ္ အပ်ိဳျဖစ္စေလာက္ ရွိေသးတဲ့ ကေလးမတစ္ေယာက္က အေတြ႕အႀကဳံရင့္ ေယာက္်ားတစ္ေယာက္ကို သာယာမိတာလည္း ျဖစ္ႏိုင္တယ္။ ၿပီးေတာ့ ဘယ္လိုၿခိမ္းေျခာက္မႈေတြရွိလဲ၊ သူ႔အေနအထားက ဘယ္လိုခိုကိုးရာမဲ့ေနလဲ ကိုယ္တို႔မွ မသိႏိုင္တာ။ အသက္မျပည့္ေသးတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ စဥ္းစားခ်င့္ခ်ိန္ႏိုင္စြမ္းမရွိႏိုင္မႈေတြေၾကာင့္ အလိုတူတူ မတူတူ အသက္မျပည့္ရင္ သက္ငယ္မုဒိမ္းပါပဲ။

လိင္ဆိုင္ရာေစာ္ကားခံရတယ္၊ ဘယ္လိုဘယ္ပုံအစအဆုံး ၿခိမ္းေျခာက္ေမးၿပီး စိတ္ပိုင္းဆိုင္ရာ အႏိုင္က်င့္ခံရတယ္၊ Social Network ေပၚ ဘယ္လိုဘယ္ပုံျဖစ္ခဲ့ပါတယ္ဆိုတာေတြ တိုင္းသိျပည္သိအတင္ခံရတယ္။ ဓါတ္ပုံေတြနဲ႔တကြ ဒီလိုျဖစ္ခဲ့တာ ဒီေကာင္မေလးလို႔ အသိခံခဲ့ရတယ္။ ဒါ့အျပင္ လိင္အဂၤါကို အက္ဆစ္နဲ႔ပက္၊ဓါးနဲ႔မႊန္း၊ တူနဲ႔ထု… ငရဲဆိုတာ မေသခင္လူ႔ဘဝမွာလည္း ရွိေနတတ္တာမ်ိဳးပဲလားလို႔ေတာင္ ေတြးမိတယ္။



အိမ္ေဖာ္ဆိုတာ အိပ္ေဖာ္မဟုတ္ပါ။ အိမ္ေဖာ္တိုင္းဟာလည္း ခင္မာျမင့္ မဟုတ္ပါ။ ဘဝေပးအေျခအေနအရ တကယ္ကို ႐ိုး႐ိုးသားသား လုပ္ကိုင္စားေနတဲ့ မိန္းကေလးေတြ တစ္ပုံႀကီးပါ။လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ရွိၾကတာမို႔ ကိုယ့္က်င့္စာရိတၱ မေကာင္းသူေတြ ရွိၾကေပမယ့္ အိမ္အကူတိုင္း မေကာင္းၾကတာမ်ိဳး မဟုတ္ပါဘူး။

အသက္ငယ္ငယ္႐ြယ္႐ြယ္ ကိုယ့္သမီးအ႐ြယ္၊ ကန္ေတာ့ပါရဲ႕… အက်င့္မေကာင္းတဲ့ေယာက္်ားမ်ိဳးေတြအတြက္ အငုံးေလးလို႔ ျမင္တတ္ၾကတဲ့ အပ်ိဳေပါက္ေလးကို ေခၚထားၿပီး ႏွစ္ႏွစ္ေက်ာ္ ကိုယ့္ေယာက္်ားက ေစာ္ကားေနတာကို မသိတဲ့ အိမ္ရွင္မိန္းမကပဲ ညံ့သလား၊ သူမ်ား သားပ်ိဳသမီးပ်ိဳကို ဖ်က္စီးတဲ့ မစားေကာင္းတဲ့အသီး စားေကာင္းတဲ့ အသီးမခြဲျခားဘဲ စားဝတ္ေနေရးေၾကာင့္ ကိုယ့္အိမ္လာမွီခိုေနသူ ကိုယ္ကေမြး ကိုယ့္သမီးေလာက္ရွိတဲ့ မိန္းကေလးကို ဖ်က္စီးတဲ့ ေယာက္်ားကပဲ အျပစ္ရွိလား၊ သူတပါးအိမ္မွာ ေနထိုင္ရတဲ့ အေၾကာက္တရားဦးေဆာင္တဲ့ အေနအထားမ်ိဳးမွာ ဖ်က္စီးခံရတာကို မေျပာရဲတဲ့ အိမ္အကူကပဲ မွားသလား။

သုံးဦးသုံးဖလွယ္ အျပစ္ရွိၾကတဲ့ကိစၥရပ္မွာ အသိမႂကြယ္လို႔ ေၾကာက္႐ြံလို႔ ျဖစ္သြားတဲ့ အမွားကို အမွားလို႔ လက္ညႇိဳးထိုးၿပီး ရက္ရက္စက္စက္ အက္ဆစ္နဲ႔ပက္၊ ဓါးနဲမႊန္း၊ တူနဲ႔ထုသတဲ့။ ဒါေတြမျဖစ္ခင္မွာ ရဲစခန္းတိုင္ၾကားေတာ့လည္း အသက္မျပည့္လို႔ အမႈဖြင့္မရဘူးဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အကာအကြယ္မရခဲ့ဘူး။ ဘယ္ေလာက္ စိတ္ပ်က္စရာ ေကာင္းလိုက္လဲ။

သရမ္းသူရဲ႕ ပစၥည္းက် ႏွေမ်ာၿပီး သရမ္းခံရသူရဲ႕ ပစၥည္းကိုမွ ျပသနာရွာတတ္တဲ့ ဟိုအယ္မရဲ႕ နားထင္တက္ေစာင့္ေနတဲ့ မႊန္စိတ္ႀကီးကိုလည္း အံ့ဩခ်မိပါရဲ႕။

ဒီကိစၥမွာ ကိုယ္တို႔လူေဘာင္က ျမင္ေပးရမယ့္အျမင္က ရွင္းရွင္းေလး။ ဒါဟာ လင္လုၾကတဲ့ကိစၥမဟုတ္ဘူး။ မယားႀကီး မယားငယ္ကိစၥ မဟုတ္ဘူး။ စႏိုက္ေၾကာ္နဲ႔ ၿခံခုန္ႏြားကိစၥမဟုတ္ဘူး။

ဒါဟာ အိမ္တြင္း အၾကမ္းဖက္မႈ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ၊ အျပင္းအထန္ နာက်င္ေစမႈ၊ လူမဆန္မႈသက္သက္ပဲ။

မၾကားဝံ့မနာသာေတြ ထပ္မၾကားပါရေစနဲ႔ေတာ့။
😞

အိ ပန္ ဆယ္ လို

Post a Comment

Previous Post Next Post