Unicode

မြန်မာနိုင်ငံမှာ နောက်ထပ် ၁၄ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် သိပ်မတွေ့ပါက အောင်မြင်တာဖြစ်တယ်လို့ ‌ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းမှာ အကူအညီပေးဖို့ တရုတ်ဆေးပညာ ရှင် (၁၂)ဦးဟာ ဧပြီ (၈)ရက် မနက်ပိုင်းက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကို ရောက်ရှိလာပြီး ဆေးပညာရှင်တွေကို လာရောက် ကြိုဆိုစဉ် ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

” ထိုင်းနိုင်ငံကနေ ဝင်လာသူတွေ အရမ်းများတယ်။ အဲ့ဒါကြောင့် လာမယ် ၁၄ ရက် အတွင်း ဘာတွေဖြစ်လာမလဲ ဆိုတာ ကြည့်နေရတယ်။ အဲဒီ ၁၄ အတွင်း လူနာသစ်တွေ သိပ်မတွေ့ဘူး ဆိုရင် တော်တော်လေး အောင်မြင်ပြီ။ အဲဒါကြောင့် လာမယ့် ၁၄ ရက်ဟာ အရမ်းအရေးကြီးပါတယ်။ ” လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစကခံရသူ (၂၂) ဦးရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဆိုရင် ဖြစ်ပွားမှု နည်းပါးသေးတယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောပါတယ်။ အခု ရောက်ရှိလာတဲ့ ဆေးပညာရှင်တွေဟာ တရုတ်ပြည်နယ် ယူနန်မြို့ကဖြစ်ပြီး ကျော်ကြားတဲ့ ဆေးပညာရှင်တွေ ပါဝင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ရှီကျင့်ဟိုင်က ပြောပါတယ်။

အဲဒီဆေးပညာရှင် အဖွဲ့ဟာရန်ကုန်မြို့မှာ ၁၄ ရက်ကြာနေထိုင်မှာဖြစ်ပြီး မြန်မာဆေးပညာရှင်တွေနဲ့ ပူးပေါင်းကာ COVID-19 ရောဂါ နဲ့ ပတ်သက်တဲ့ ဓာတ်ခွဲလုပ်ငန်း၊ ကုသရေးလုပ်ငန်းနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Zawgyi

ျမန္မာႏိုင္ငံမွာ ေနာက္ထပ္ ၁၄ ရက္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ လူနာအသစ္ သိပ္မေတြ႕ပါက ေအာင္ျမင္တာျဖစ္တယ္လို႔ ‌က်န္းမာေရး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ျမန္မာႏိုင္ငံအတြက္ COVID-19 ေရာဂါ တိုက္ဖ်က္ေရးလုပ္ငန္းမွာ အကူအညီေပးဖို႔ တ႐ုတ္ေဆးပညာ ရွင္ (၁၂)ဦးဟာ ဧၿပီ (၈)ရက္ မနက္ပိုင္းက ရန္ကုန္ မဂၤလာဒုံ ေလဆိပ္ကို ေရာက္ရွိလာၿပီး ေဆးပညာရွင္ေတြကို လာေရာက္ ႀကိဳဆိုစဥ္ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးက အခုလိုေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

” ထိုင္းႏိုင္ငံကေန ဝင္လာသူေတြ အရမ္းမ်ားတယ္။ အဲ့ဒါေၾကာင့္ လာမယ္ ၁၄ ရက္ အတြင္း ဘာေတြျဖစ္လာမလဲ ဆိုတာ ၾကည့္ေနရတယ္။ အဲဒီ ၁၄ အတြင္း လူနာသစ္ေတြ သိပ္မေတြ႕ဘူး ဆိုရင္ ေတာ္ေတာ္ေလး ေအာင္ျမင္ၿပီ။ အဲဒါေၾကာင့္ လာမယ့္ ၁၄ ရက္ဟာ အရမ္းအေရးႀကီးပါတယ္။ ” လို႔ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစကခံရသူ (၂၂) ဦးရွိၿပီး တစ္ႏိုင္ငံလုံး အတိုင္းအတာဆိုရင္ ျဖစ္ပြားမႈ နည္းပါးေသးတယ္လို႔လည္း က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး ကေျပာပါတယ္။ အခု ေရာက္ရွိလာတဲ့ ေဆးပညာရွင္ေတြဟာ တ႐ုတ္ျပည္နယ္ ယူနန္ၿမိဳ႕ကျဖစ္ၿပီး ေက်ာ္ၾကားတဲ့ ေဆးပညာရွင္ေတြ ပါဝင္တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ သံအမတ္ႀကီး မစၥတာ ရွီက်င့္ဟိုင္က ေျပာပါတယ္။

အဲဒီေဆးပညာရွင္ အဖြဲ႕ဟာရန္ကုန္ၿမိဳ႕မွာ ၁၄ ရက္ၾကာေနထိုင္မွာျဖစ္ၿပီး ျမန္မာေဆးပညာရွင္ေတြနဲ႔ ပူးေပါင္းကာ COVID-19 ေရာဂါ နဲ႔ ပတ္သက္တဲ့ ဓာတ္ခြဲလုပ္ငန္း၊ ကုသေရးလုပ္ငန္းနဲ႔ ကာကြယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ေက်ာ္ထက္ (ON)

Post a Comment

Previous Post Next Post