လက်ရှိဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ တစ်ခုဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အဓိက အချက်ထဲမှာလက်ကို မကြာခဏ ဆေးပေးရမယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်နော်။ ဒါကြောင့် အိမ်မှာဆိုရင်တော့ ဆပ်
ပြာနဲ့ ရေဖြင့် ဆေးတတ်ကြသလို ၊ အပြင်သွားတတ်တဲ့သူတွေ၊ အမွှေးနှံ့လေးနဲ့ မှ ကြိုက်သူတွေကတော့ လက်ဆေးရည်လို့ခေါ်တဲ့ Hand Gel တွေကို အသုံးပြုကြတာကိုတွေ့ရပါတယ်။
ဒီ Hand Gel လို့ ခေါ်တဲ့ အရည်တွေမှာ အယ်ကိုဟော ပါဝင်မှု ၆၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ဒါကြောင့် မီးနဲ့ နီးကပ်တဲ့နေရာတွေမှာဆိုရင် အတော်လေးကို အန္တရာယ်ဖြစ်စေပါတယ်။ ဒီလိုအလားတူ အကြောင်းအရာတစ်ခု
အင်ဒိုနီးရှား ဂျာကာတာမှာ ဖြစ်ပွားခဲ့ပါတယ်။
ကလေးငယ်လေးဟာ ၃ နှစ်သာ ရှိပြီးတော့ Hand Gel ဗူးကို ကိုင်ပြီးတော့ အမှိုက်မီးရှို့တဲ့ဆီကို သွားခဲ့တာပါ။ သူမဟာ ငယ်ရွယ်ပေမယ့် ထက်မြက်တဲ့ကလေးဖြစ်တာကြောင့် အမှိုက်သန့်ရှင်းနေတဲ့ မိဘတွေကို လက်ဆေး
ဖို့အတွက် အခုလို ကူညီပေးချင်စိတ်နဲ့ လုပ်ဆောင်ခဲ့တာပါ။ ကံဆိုးစွာနဲ့ပဲ ကလေးကိုင်ထားတဲ့ ဗူးက အရက်ပျံတွေပါဝင်နေတာကြောင့် မီးဟပ်ပြီး ပေါက်ကွဲသွားပါတော့တယ်။
ကလေးငယ်လေးလည်း ကိုယ်ခန္ဓာအနှံ့မှာ မီးလောင်မှုတွေဖြစ်ပွားခဲ့ပြီး ပြင်းထန်းစွာ ဒဏ်ရာ ရခဲ့ပါတယ်။ ဒါကြောင့် မိမိတို့ ကလေးငယ်တွေကိုလည်း လုံးဝ ပစ်မထားကြပါနဲ့။ လက်ဆေးရည်လို့ခေါ်တဲ့ Hand Gel တွေ
ကို မီးနဲ့ နီးကပ်တဲ့နေရာမှာ မထားဖို့နဲ့ ကလေးတွေကိုလည်း ပေးမသုံးဖို့ သတိပေးလိုက်ပါရစေနော်။

Zawgyi






Writer – SMT


Post a Comment

Previous Post Next Post