မွန်ပြည်နယ်၊ လမိုင်းမြို့နယ်အတွင်း ဧပြီ ၁၇ ရက် ည ၁၀နာရီဝန်းကျင်က ဆိုင်ကယ်များနဲ့ဆူပူသောင်းကျန်းခဲ့တဲ့လူငယ်တွေထဲကလက်ရှိ(၁၁း၁၀)အချိန်ထိ ၃၇ ယောက်ကိုထိန်းသိမ်းနိုင်ခဲ့ကြောင်း လမိုင်းမြို့နယ်၊အမှတ် ၃ ရပ်ကွက်၊အုပ်ချုပ်ရေးမှူ း ဦးနိုင်ဝေ ကပြောပါသည်။
ကျွန်တော်တို့ ထိန်းသိမ်းရေးစခန်းမှာတာဝန်ကျနေတုန်း လူငယ်အုပ်စု ဆိုင်ကယ်အစီး ၇၀ လောက်နဲ့ လမိုင်းမြို့ထဲမှာ လမ်းအပြင်က လူတွေကိုရိုက်တယ်။အိမ်တွေကိုခဲနဲ့ပစ်တယ်ဆိုလို့ ကျွန်တော်တို့ ရဲကိုအကြောင်းကြားပြီး လိုက်တယ်။

အမှတ် ၁ ရပ်ကွက် ဘုရားအရှေ့မုဒ်မြင်းနှစ်ကောင်မုဒ်မှာလူငယ်တစ်ယောက်ဆိုင်ကယ်နဲ့တွေ့တော့ ခေါင်းကို ဓားနဲ့အခုတ်ခံထားရလို့ ဆေးရုံ ပို့ပေးလိုက်တယ်။နောက် ဆက်လိုက်တော့ ရွာလယ်ကန်နားမှာ ဆိုင်ကယ် ၃ စီးတစ်နေရာတည်း ရိုက်ဖြိုထားတယ်။လူတွေကိုတော့မမိဘူး။
ထပ် လိုက်တော့ အိမ်တွေကိုခဲနဲ့ပစ်လို့အိမ် ၃ လုံးပျက်စီးတယ်။ ရှေ့မှာရပ်ထားတဲ့ကားနှစ်စီးမှန်တွေကိုထုချေသွားတယ်။နောက်သူတို့က လမိုင်းနဲ့သောင်ပြင်လမ်းကို
ထွက်တယ်။ အဲဒီမှာ ဆိုင်ကယ် လဲပြီးတစ်ယောက်ကို ဖမ်းမိတယ်။ကျန်တဲ့သူတွေက တောထဲခြံထဲ ဝင်ကုန်တော့မမိလိုက်ဘူး။

ဒီမနက်ကျမှ မိတဲ့တစ်ယောက်ကို စစ်ပြီးထွက်ဆိုချက်အရ စခန်းမှူ းကိုယ်တိုင်သောင်ပြင်ဘက်လိုက် ဖမ်းတာ အခု ၃၇ယောက်မိပြီကြားတယ်။ စခန်းတော့မရောက် သေးဘူး။လက်ရှိကျွန်တော်က လမိုင်းရဲစခန်းမှာ ။စခန်းမှူ း ဆက်သွယ်ချက်အရသိရတာလို့ အမှတ် ၃ ရပ်ကွက်၊အုပ်ချုပ်ရေးမှူ းဦးနိုင်ဝေ ကပြောသည်။

လူငယ်အုပ်စု ၇၀ နီးပါး ဧပြီ ၁၇ ညပိုင်းကဆူပူသောင်းကျန်းမှုကြောင့် နေအိမ် ၃ လုံးပျက်စီးပြီး ကား ၂ စီးမှန်တွေထုချေခံရကာလူငယ်နှစ်ဦး ဒဏ်ရာရရရှိထားတဲ့အတွက် ဆေးရုံတင်ပို့ထားကြောင်းသိရသည်။

မနေ့ညက ဖြစ်ခဲ့တဲ့ ဆူပူသောင်းကျန်းမှု ရုပ်သံ



လက်ရှိအချိန်ထိ ဆူပူသောင်းကျန်းသည့်အထဲတွင်ပါဝင်သူများကို ဖမ်းဆီးရမိရန်လုပ်ဆောင်နေကြောင်းသိရသည်။

photo ကိုနိုင်ဝေ

Source: weeklyheadline

Post a Comment

Previous Post Next Post