တရားဟောဆရာ ဦးဒေးဗစ်လား ဝေဘာဂီဆေးရုံသို့ ကျပ်သိန်း ၁၀၀ လှူဒါန်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံ၌ Quarantine ဝင်နေသည့် ခရစ်ယာန်တရားဟောဆရာ ဦးဒေးဗစ်လားက ဆေးရုံအတွက် ငွေကျပ် ၁၀၀ သိန်းလှူဒါန်းမှု ပြုခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ၌ ဦးဒေးဗစ်လားသည် ဝေဘာဂီဆေးရုံတွင် Quarantine ဝင်ရောက်နေရသူဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း တာဝန်ကျကျန်းမာရေးဝန်ထမ်းက ပြောသည်။
“ဆေးရုံအတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုရအောင်ဆိုပြီး မနေ့ကပဲလှူဒါန်းခဲ့တာလို့ သိရတယ်။ ဆေးရုံအုပ်ကြီးကပဲ အကြောင်းစုံရှင်းပြပေးလို့ရတယ်။ ပြောပေးထားပါမယ်။ အစည်းအဝေးဝင်နေလို့ပါ။

ဆရာဒေးဗစ်လားရဲ့ကျန်းမာရေးအခြေအနေကလည်း ကောင်းတယ်ရှင့်” ဟု ဝေဘာဂီဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းက အကုန်သိသတင်းဌာနသို့ ပြောသည်။
တရားဟောဆရာ ဦးဒေးဗစ်လားသည် Covid- 19 ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းစဉ်များ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့သည့် အတွက်ကြောင့်

နဝရတ်တေးသံသွင်း ဦးဝေထွန်းနှင့်အတူ မရမ်းကုန်းမြို့မရဲစခန်း၌ (ပ) ၅၈၃/၂၀၂၀ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။

#AkonthiNews









Credit AkonthiNews

Post a Comment

Previous Post Next Post