ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ တာမွေရဲစခန်းရောက်ရှိချိန်မှာ ရဲစခန်းထဲကို ဝင်ခွင့်မရခဲ့ဘူးလို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

“စခန်းမှူးကိုကျွန်တော်က တရားလိုရှေ့နေတစ်ယောက်အနေနဲ့တစ်‌‌ယောက်တည်း တွေ့မယ်ပြောတာ တွေ့ခွင့်မပေးဘူးလေ။ ကျွန်တော်ငါးနာရီခွဲကစရောက်တယ် တခြားသူတွေကို ဝင်ခွင့်ပေးတယ်။ကျွန်တော်ကျတော့ ဝင်ခွင့်မပေးဘူး။ ကျွန်တော်က ခင်ဗျားတို့မြင်တဲ့အတိုင်းပဲ နစ်နာသူကလေးမလေးရဲ့ မိခင် ဒေါ်သင်းသင်းခိုင်ရဲ့ ကိုယ်စားလှယ် လွှဲစာရရှိထားသူဖြစ်ပါတယ်” လို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

မင်းရာဇာ ဟာ ဧပြီလ ၁၀ ရက်နေ့ည နေပိုင်းက တာမွေမြို့မ ရဲစခန်းကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။ အခုလာရောက်ရခြင်းဟာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်ရန် အကြံပေးဖို့လာရောက်ခြင်းဖြစ်တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သရုပ်ဆောင်မင်းရာဇာဟာ အိမ်အကူမိန်းကလေးကို အက်ဆစ်နဲ့ ပက်ခဲ့တာကြောင့် ရယ်၊မုဒိမ်းမူကျူးလွန်ခဲ့တာတွေကြောင့် သရုပ်ဆောင်မင်းရာဇာအပါအဝင် (၄)ဦးဟာ ပုဒ်မ (၄) ခုနဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

ကျူးလွန်ခံခဲ့ရတဲ့ အိမ်အကူ မိန်းကလေးကတော့ မြောက်ဥက္ကလာ ဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးကုသမှု ခံယူနေပါတယ်။

သတင်း – ကျော်ထက်

Zawgyi

႐ုပ္ရွင္ သ႐ုပ္ေဆာင္ မင္းရာဇာ တာေမြရဲစခန္းေရာက္ရွိခ်ိန္မွာ ရဲစခန္းထဲကို ဝင္ခြင့္မရခဲ့ဘူးလို႔ တရားလိုေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကေျပာပါတယ္။

“စခန္းမႉးကိုကြၽန္ေတာ္က တရားလိုေရွ႕ေနတစ္ေယာက္အေနနဲ႔တစ္‌‌ေယာက္တည္း ေတြ႕မယ္ေျပာတာ ေတြ႕ခြင့္မေပးဘူးေလ။ ကြၽန္ေတာ္ငါးနာရီခြဲကစေရာက္တယ္ တျခားသူေတြကို ဝင္ခြင့္ေပးတယ္။ကြၽန္ေတာ္က်ေတာ့ ဝင္ခြင့္မေပးဘူး။ ကြၽန္ေတာ္က ခင္ဗ်ားတို႔ျမင္တဲ့အတိုင္းပဲ နစ္နာသူကေလးမေလးရဲ႕ မိခင္ ေဒၚသင္းသင္းခိုင္ရဲ႕ ကိုယ္စားလွယ္ လႊဲစာရရွိထားသူျဖစ္ပါတယ္” လို႔ တရားလိုေရွ႕ေန ဦးေရာဘတ္စန္းေအာင္ကေျပာပါတယ္။

မင္းရာဇာ ဟာ ဧၿပီလ ၁၀ ရက္ေန႔ည ေနပိုင္းက တာေမြၿမိဳ႕မ ရဲစခန္းကိုေရာက္ရွိလာတာလည္းျဖစ္ပါတယ္။ အခုလာေရာက္ရျခင္းဟာ ဥပေဒ လုပ္ထုံးလုပ္နည္းနဲ႔အညီ လုပ္ေဆာင္ရန္ အႀကံေပးဖို႔လာေရာက္ျခင္းျဖစ္တယ္လို႔ ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

သ႐ုပ္ေဆာင္မင္းရာဇာဟာ အိမ္အကူမိန္းကေလးကို အက္ဆစ္နဲ႔ ပက္ခဲ့တာေၾကာင့္ ရယ္၊မုဒိမ္းမူက်ဴးလြန္ခဲ့တာေတြေၾကာင့္ သ႐ုပ္ေဆာင္မင္းရာဇာအပါအဝင္ (၄)ဦးဟာ ပုဒ္မ (၄) ခုနဲ႔ အမႈဖြင့္ခံထားရတာျဖစ္ပါတယ္။

က်ဴးလြန္ခံခဲ့ရတဲ့ အိမ္အကူ မိန္းကေလးကေတာ့ ေျမာက္ဥကၠလာ ေဆး႐ုံမွာ စိုးရိမ္ရတဲ့ အေျခအေနနဲ႔ ေဆးကုသမႈ ခံယူေနပါတယ္။

သတင္း – ေက်ာ္ထက္

Post a Comment

Previous Post Next Post