မြန်မာနိုင်ငံ ကံကောင်းလွန်းတယ်
ကမ္ဘာ့မြေပုံမှာ အိမ်မြှောင်သဏ္ဍာန် သေးငယ်ငယ်နိုင်ငံလေးတစ်ခု..
ဆေးဝါးမပြည့်စုံဆေးရုံမလုံလောက်သူနာပြုလျော့ရဲရဲဆရာဝန်ရှားပါးငွေကြေးက ဗလာခေတ်မှီနည်းစနစ်ကမရှိ..
ဒါတွေကိုကြည့်ပြီး ကမ္ဘာ့မျက်နှာကြီးနိုင်ငံတွေက အထင်သေးကြတယ် သနားကြတယ် စိုးရိမ်ကြတယ် ရင်တမမဖြစ်နေကြတယ်။
ခေတ်မှီလွန်းတဲ့ သူတို့နိုင်ငံကြီးတွေတောင်မှ ကုမရ မနိုင်မနင်းဖြစ် သေကြေကြ လိုက်ပိုက်ကြည့်နေကြရ
ဒီနိုင်ငံလေးတော့သနားစရာပေါ့..
စောင့်ကြည့်တွေနဲ့ လမ်းဘေးမှာလူပြည့်ကျပ်ပြီးသုဿာန်ကြီးသဖွယ်ဖြစ်လိမ့်မယ်ပေါ့..
သူတို့နိုင်ငံ သက်ဆိုင်ရာသံရုံးတွေကလဲ အရေးတကြီးကြေငြာချက်တွေကို သူ့ထက်ငါ ထုပ်ပြန်ကြလေရဲ့..
မြန်မာနိုင်ငံက မြန်မြန်ထွက်ခွာသွားကြ အန္တရာယ်ရှိတယ် တဲ့။
ခု..အထင်သေးတဲ့နိုင်ငံကြီးတွေ အံ့သြကုန်ကြပြီအားကျကုန်ကြပြီလေးစားကုန်ကြပြီ
သူတို့ထင်သလို လမ်းဘေးမှာအတုန်းအရုန်းလဲနေသူတွေမရှိကြဘူး
သူတို့ထင်သလို တစ်ပတ်အတွင်းထိမ်းမနိုင်သိမ်းမနိုင်ဖြစ်ပြီး အများအပြား သေတဲ့အလောင်းတွေမရှိဘူး
သူတို့ထင်သလို ရိက္ခာလုယက်မှုတွေတစ်ခုမှဖြစ်မလာဘူး..
အံ့သြကုန်ကြတယ်တွေဝေကုန်ကြတယ်စူးစမ်းကုန်ကြတယ်အထင်ကြီးကုန်ကြတယ်
ဘာ့ကြောင့်များလဲ ဘာလို့လဲပေါ့..
သူတို့မသိတဲ့ လျှို့ဝှက်ချက်တွေ မြန်မာပြည်မှာအများကြီးရှိတယ်
သူတို့ထင်မထားတဲ့ပေးဆပ်မှုတွေ မြန်မာပြည်မှာအများကြီးရှိတယ်
သူတို့မလုပ်နိုင်တဲ့အလုပ်တွေကို မြန်မာပြည်မှာလုပ်နိုင်တဲ့သူတွေ အများကြီးရှိတယ်
ဆေးရုံမလုံလောက်ဘူးထင်ကြတယ်
ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက သူတို့ရဲ့နေရာတွေကို ဆေးရုံအဖြစ်ပြောင်းလဲပြစ်လိုက်ကြတယ်
ဒိထက်အံ့သြစရာကောင်းတာက..စောင့်ကြည့်ခံသူတွေကို အစိုးရအထံမှ ဘာစရိတ်အထောက်အပံ့မှမယူပဲနှစ်ပတ်လောက် ပြည့်ပြည့်စုံစုံ တင်ကျွေးပလိုက်တယ်
မြို့ကြီးတွေဟာ သုဿာန်တစ်စလိုဖြစ်မယ်ထင်ကြတယ်..
တစ်နိုင်ငံလုံးမြေပြင်သာမက ဝေဟင်ထက်ကပါမြတ်ဗုဒ္ဓ၏ အစွမ်းထက်ပရိတ်တွေကိုရွတ်ဖတ်ပြီး သံဃာတော်အရှင်မြတ်တွေက တားဆီးပေးခဲ့တယ်
သူနာပြုမလုံလောက်ဘူးထင်ကြတယ်
ပြည်သူတစ်ရပ်လုံးက စေတနာ့ဝန်ထမ်းတွေအဖြစ်ပြောင်းလဲကုန်ကြတယ် ကြက်ခြေနီ မီးသတ် စည်ပင်စုံလို့..
အစားအစာရိက္ခာမလုံလောက်ဘူးထင်ကြတယ်
ပရဟိတအဖွဲ့အစည်းအသီးသီးတွေ အလျှိုလျှိုပေါ်လာတယ် နေရာအစုံက..
ငွေရေးကြေးရေးအခက်အခဲဖြစ်မယ်ထင်ကြတယ်ငယ်လတ်ကြီး အရွယ်သုံးပါး လှူလိုက်တာမှပလူပျံလို့.
ဒီကပ်ရောဂါကြီးကြောင့် မနိုင်မနင်းဖြစ်မယ်ထင်ကြတယ်
အစိုးရ တပ်မတော် ရဟန်းရှင်လူ ပြည်သူအားလုံးတောရောမြို့ပါ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ပြခဲ့တယ်
သူတို့တွေမျက်လုံးပြူးကုန်ကြပြီ
လေးစားကုန်ကြပြီ
အားကြကုန်ကြပြီ
သူတိုမမြင်နိုင်တဲ့လက်နက်တွေ စွမ်းအားတွေ စေတနာတွေ..ဒို့နိုင်ငံမှာ အများကြီးရှိတယ်…မြန်မာပြည်မှာ အများကြီးရှိတယ်
ဒါ့ကြောင့် မြန်မာနိုင်ငံ ကံကောင်းလွန်းနေတယ်
ရတနာသုံးပါးရှိနေတာ ကံကောင်းလွန်းတယ်
ပရဟိတမျိုးစုံရှိနေတာ ကံကောင်းလွန်းတယ်
ညီညီညွတ်ညွတ်ရှိနေတာ ကံကောင်းလွန်းတယ်
ဒီကောင်းကံတွေကို ကပ်ရောဂါကြီးပျောက်သည်အထိနိုင်ငံတိုးတက်သည်အထိ တည်ရှိကြပါစေဟုဆန္ဒပြုလိုက်ပါတယ်..ရှိလဲရှိနေမှာပါပဲ……။
ဓမ္မရံသီအရှင်ကဝိန္ဒ(မိုးကုတ်) 4.4.2020
————————–
သူတို့ထငျသလို ရိက်ခာလုယကျမှုတှတေဈခုမှဖွဈမလာဘူး..
အစားအစာရိက်ခာမလုံလောကျဘူးထငျကွတယျ
ဓမ်မရံသီအရှငျကဝိန်ဒ(မိုးကုတျ) 4.4.2020
Post a Comment